| 1 |
ဥမ္မာဒန္တီပျို့မှ ဖြစ်ပါ၏။ ကျွန်တော့်မိတ်ဆွေက ထိုစာပိုဒ်လေးသည် အမ္ဗုတရသမြောက်အောင် ရေးသားထားခြင်းဖြစ်သည်ဟု ပြောပါသည်။ မြို့ကြီးကို ရင်သပ်ရှုမော အံ့ဩဖွယ်ရာ မြင်ရပုံ ရေးသားထားခြင်းဖြစ်သည်ဟုလည်း ရှင်းပြပါသည်။ ကျွန်တော်က ထိုသို့မယူဆမိပါ။ ထိုစာပိုဒ်ကို ဖတ်ပြီးတော့လည်း ကျွန်တော့်မှာ အံ့ဩမှုရသ မခံစားရပါ။. |
| 2 |
စိတ်ထဲမှာ ထင်ရာမြင်ရာများကို အရူးလို လျှောက်ရေးထားသောကြောင့်ဟု ဆိုပါသည်။ သုဗောဓာလင်္ကာရကျမ်းမှ ညွှန်းဆိုသော "အတိဿယဝုတ္ထိ အလင်္ကာ" ကိုမူ ဟိုက်ပါဘိုလီ ဒေါသသင့်သော အရေးအသားအဖြစ် အနောက်တိုင်းအလင်္ကာကျမ်းတစ်စောင်မှာ တွေ့ရပါတယ်။ မဖြစ်နိုင်သည်များကို မောက်မိုချဲ့ကားစွာ ရေးသားထားသောကြောင့်ဟု ဆိုပါသည်။. |
| 3 |
ထိုကျမ်းနှစ်စောင်ကို ကျွန်တော် ဖျန်ဖြေပေး၍ ရမည်မဟုတ်ပါ။ သို့သော် "အနုပညာမြောက် အောင် ဖော်ဆောင်နိုင်လျှင် ဒေါသကို ရေးလင့်ကစား အလင်္ကာမြောက်၏" ဟု ထိုကျမ်းနှစ်စောင်လုံးက ဆိုပါသည်။ ကျွန်တော် အလွန်လေးစားသွားမိပါသည်။ အနုပညာကို တရားသေဆုပ်ကိုင်ချင်၍ မရကြောင်းကို ရိုးရှင်းစွာ နားလည်ခဲ့ရပါသည်။. |
| 4 |
မော်ဒန်ပန်းချီနှင့် မော်ဒန်ကဗျာက ကျွန်တော်တို့နိုင်ငံမှာ ခြေကုပ်ခိုင်မာခဲ့ကြပြီ။ မော်ဒန်ဝတ္ထုတိုကတော့ တိုက်ပွဲဝင်ဆဲ၊ စစ်မောင်းသံများကြားမှ ကြုံးဝါးသံတို့နှင့် ဆူဝေလဲ့ပြာဆဲဖြစ်သည်။ မော်ဒန်ဝတ္ထုတိုများက သမားရိုးကျဝတ္ထုတိုများနှင့် ပုံသဏ္ဌာန် အားဖြင့် သိသိသာသာကွဲပြားသွားခဲ့၏။. |
| 5 |
သိပ္ပံကမ္ဘာမှာ ယနေ့ခေတ်လူတို့၏ အသိဉာဏ်မြင့်မားလာသည်။ အာရုံ၏ အချက်အလက် တွေ များပြားလာသည်။ ထို့ကြောင့် အနုပညာသမားတစ်ဦး၏ "အနုပညာအာရုံဝင်စားမှု" သည်လည်း လျှို့ဝှက်ဆန်းပြားလာသည်။ အချို့ကဗျာ၊ အချို့ဝတ္ထုများသည် မျဉ်းသဘော၊ အကွက်သဘောတို့ကို ကျော်လွန်ကာ ပင့်ကူအိမ်သဘောကိုပင် ဆောင်သည့်အခါ ဆောင်လာ၏။. |
| 6 |
သို့သော် နိုင်ငံတကာ မော်ဒန်အနုပညာရှင်များ၏ နည်းနာများကို တိုက်ရိုက်ယူခြင်း၊ မှီငြမ်းယူခြင်းမဟုတ်ဘဲ မိမိဘာသာ ဆန်းသစ်တီထွင်ခြင်းကိုသာ အားပြုခဲ့ပါသည်။ သရုပ်မှန်ဝတ္ထုတိုများကိုလည်း ရှုတ်ချခြင်း၊ အထင်သေးခြင်း မရှိခဲ့ပါ။ သရုပ်မှန်ဝတ္ထုတိုများကိုလည်း ကျွန်တော် ရေးလိုသည့်အခါ ရေးမည်သာဖြစ်ပါသည်။. |
| 7 |
နောက်တော့လည်း တဖြည်းဖြည်းနဲ့ အဆင်ပြေသွားပါတယ်။ အဲဒီလို ထော်လော်ကန့်လန့်ဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်ဟာ ဆောင်းရာသီပွဲခင်းတစ်ခုထဲမှာ "ဘီလူးက" ကို အံ့အံ့ဩဩ ငေးမောကြည့်ခဲ့ဖူးပါတယ်။ ဘီလူးခေါင်းဆောင်းထားတဲ့ စင်ပေါ်က အနုပညာသမားရဲ့ ကကြိုးကကွက်တွေထဲမှာ ကျွန်တော် မျောပါသွားခဲ့တယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ။. |
| 8 |
ဒါပေမယ့် အဲဒီဗလာနယ်တွေဟာလည်း မျဉ်းတွေ၊ အရောင်တွေ၊ အရုပ်တွေနဲ့အပြိုင် ပန်းချီကားထဲမှာ အရေးပါနေတယ်။ ပန်းချီကားကို ပိုပြီး နက်ရှိုင်းမြင့်မားသွားအောင်လုပ်သူက "သုညတ္တအား" တွေ ထုတ်ပေးလိုက်တယ်။ ကျွန်တော့်ကို အတွေးတွေ အများကြီး ပေးတော့တာပါပဲ။ အဲဒီပန်းချီကားတွေကို ကျွန်တော် အထပ်ထပ်အခါအခါ လေ့လာပါတယ်။. |
| 9 |
အဲဒီလိုနဲ့ပဲ ကျွန်တော့်ဝတ္ထုတိုကလေးတွေဟာ တိုလို့ရသမျှ အတိုင်းအတာအထိ တိုလာတယ်။ မော်ဒန်စာပေသမားတွေ သုံးလေ့သုံးထရှိတဲ့ ၊ အာရုံကူးစက်ခံစားမှုကို ဦးတည်တဲ့ အရေးအသား၊ အဲဒါတွေနဲ့ သွားတူနေတယ်။ ကျွန်တော်က ဘယ်နေရာကိုမှ လွယ်လင့်တကူ လက်မခံတတ်ပါဘူး။ နည်းနည်းတော့ "လှန်" တွေးတတ်တဲ့ သဘာဝကလေးရှိပါတယ်။. |
| 10 |
ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သေသေချာချာ တွေ့လိုက်ရလို့ပါပဲ။ တခြားလူငယ်တွေလည်း ကျွန်တော့်လိုပဲ ရှိတယ်။ ကိုယ့်ဘာသာ အနုပညာဖန်တီးတယ်။ မော်ဒန်အနုပညာ ဆန်နေတယ်။ အဲဒီမှာ အစွပ်စွဲခံရပါတော့တယ်။ နိုင်ငံခြားကို ခိုးချတယ်။ အနောက်တိုင်း နိုင်ငံခြားကို ခိုးချတယ်။ အနောက်တိုင်းကို အထင်ကြီးတယ်။. |
| 11 |
ကျွန်တော်တို့အပေါ်မှာ များစွာဟာ နေ့စဉ်နဲ့အမျှ သက်ရောက်နေပါတယ်။ မော်ဒန်အာရုံခံစားမှုတွေနဲ့အတူ ကျွန်တော်တို့ ရပ်တည်ရှင်သန်နေရပါတယ်။ ဒါဟာ အရှိတရား ပါ။ အဲဒါကြောင့် ကျွန်တော်တို့ဖန်တီးတဲ့အနုပညာဟာ မော်ဒန်အနုပညာဆီကို ဦးတည်ပါလိမ့်မည်။ ဒါဟာ အဖြစ်တရား ပါ။ "တရား" တစ်ခုလို ကျွန်တော် နားလည်မိပါတယ်။. |
| 12 |
ကျွန်တော်တို့ကလည်း မြင်စေ့ချင်ပါတယ်။ "ကမ္ဘာပေါ်ရှိ သဘာဝအရာမဟုတ်သည်မှန်သမျှ အနုပညာဖြစ်သည်" ဟု ကမ္ဘာကျော်စာရေးဆရာတစ်ဦးက ပြောဖူးပါသည်။ ထိုသောအခါ ရေကာတာလုပ်နေသော ဘီဗားဖျံလေးတစ်ကောင်ကို ပညာရှင်အချို့က လက်ညှိုးထိုးပြ၏။ ထိုဖျံလေးသည် အနုပညာရှင်လော။ ထို ရေကာတာသည် အနုပညာပစ္စည်းလော။. |
| 13 |
တူညီသော အနုပညာပစ္စည်းတစ်ခုအပေါ်မှာပင် လူတို့၏ မတူညီသော ရသခံစားမှုများ အမျိုးမျိုးပေါ်လာလေ့ရှိသည်။ ဝေဖန်ရေးသမား များကသာ ထိုအနုပညာပစ္စည်းများနှင့်ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျသော မှတ်ချက်ကို ပေးနိုင်ရန် ကြိုးစားပြီး သာမန်လူ များကတော့ ကိုယ့်ကိုကိုယ် ဗဟိုပြုသော မှတ်ချက်များကိုသာ ပေးသွားကြလေသည်။. |
| 14 |
သူက ဖမ်းမိလာသော လူများကို ခုတင်ပေါ်တွင် လှဲအိပ်ခိုင်းပြီး နှိပ်စက်သည်။ ခုတင်ထက် အရပ်ရှည်သူကို ခြေထောက်ဖြတ်ပစ်သည်။ ခုတင်ထက် အရပ်နိမ့်သူကို ခြေထောက်ဆွဲဆန့်သည်။ ထိုသို့ပင် အချို့သူများသည် သူတို့ ကိုင်စွဲထားသော "စံ"တစ်ခုနှင့် ညှိပြီး အနုပညာပစ္စည်းများကို ဆွဲလွဲခုတ်ဖြတ်ကာ ဝေဖန်ကြလေ့ရှိတယ်။. |
| 15 |
ဝေဖန်ရေး၏ သဘောသဘာဝအရ ခိုင်မာသောမူ တစ်ခုကို တင်ပြပြီးမှ ထိုအနုပညာပစ္စည်း၏ အကောင်းအဆိုးကို ချိန်ထိုးသုံးသပ်ရပါသည်။ အချို့အစိတ်အပိုင်းများကို အသက်အောင့်၍ ကိုင်တွယ်ရပြီး အချို့နယ်ပယ်များကို သတိကြီးကြီးထား၍ ဖြတ်သန်းရပါသည်။ အနုပညာဝေဖန်ရေးသမားသည် ထိုက်သင့်သလို အရည်အချင်း မြင့်မားရပါလိမ့်မည်။. |
| 16 |
အနုပညာအပေါ်ထားရှိသော ကိုယ့်အမြင်နှင့် တစ်ဖက်မှ အနုပညာသမား၏အမြင်တို့ ပဋိပက္ခဖြစ်နေတတ်သောကြောင့်ပင်။ မည်သို့ပင်ဖြစ်စေ ကိုယ်က ကိုယ့်အစွဲကို ခွာချပစ်ရပါလိမ့် မည်။ "သူ့ဖက်ကမ်းက မီးဘယ်လောက်လင်းသလဲဟု သိလိုလျှင် ကိုယ့်ဖက်ကမ်းက မီးကို မှိတ်ပစ်ရမည်" ဟူသော စကားတစ်ခွန်းရှိပါသည်။ ထိုစကားအတိုင်း လိုက်နာရပါမည်။. |
| 17 |
အနုပညာအယူအဆချင်း ဟိုဖက်ကမ်း သည်ဖက်ကမ်း ဖြစ်နေသည့်တိုင် စင်ရော်ချောင်းခြားသည့်နှယ်သာဖြစ်ရပါလိမ့်မည်။ ဝဲခနဲ ပျံသန်းသွားပြီး သူ့ဖက်ကမ်းမှာ ကျက်စားပြနိုင်ရပါမည်။ သို့မှသာ သူ့အနုပညာပစ္စည်းထဲမှ စိတ်ခံစားချက် ၊ စိတ်ကူးပြင်းအား နှင့် အနုပညာပုံသဏ္ဌာန်ဆိုင်ရာ ဒြပ်မဲ့ရစ်သမ် တို့ကို ခံစားသိရှိပါလိမ့်မည်။. |
| 18 |
အနုပညာရှင်များသည်လည်းကောင်း၊ အနုပညာဝေဖန်ရေးသမားများသည်လည်းကောင်း ထိုနှစ်ချက်ကို ထိန်းချုပ်ကိုင်တွယ်တတ်ရပါလိမ့်မည်။ အာရုံခံစားချက်များလွန်းလျှင် အရာရာ ဝေဝါးသွားပါလိမ့်မည်။ လောကအမြင်နှင့်ချည်းကြည့်မိလျှင် အနုပညာသည် လွတ်လပ်စွာ စီးမျောနိုင်စွမ်းမရှိဘဲ အငြိငြိအထစ်ထစ်ဖြင့် တစ်ဆို့နေပါလိမ့်မည်။. |
| 19 |
ထို့ကြောင့် လူတစ်ယောက်၏ဟန်နှင့် နှိုင်း၍ အခြားသူတစ်ယောက်ကို မဝေဖန်မိရန် သတိထားရပါလိမ့်မည်။ ထို့ပြင် မော်ဒန်အနုပညာ ကို ဂန္ထဝင်ဝေဖန်ရေး ဖြင့် မချဉ်းကပ်မိရန် သတိထားရပါလိမ့်မည်။ သို့မဟုတ်လျှင်တော့ ရေထဲမှာသွားနေသောသင်္ဘောကို ကုန်းပေါ်ကကြည့်ပြီး မှတ်ချက်ချသလိုဖြစ်နေပါလိမ့်မည်။. |
| 20 |
မော်ဒန်အနု ပညာဖြင့် သူဖြတ်သန်းသလို ဖြတ်သန်းပါ။ ထို့နောက်မှ သူ့အနုပညာလက်ရာကို ဝေဖန်ပါ။ ထိုဝေဖန်ချက်သည် အောက်ပါအချက်နှစ်ချက်ထဲ မှ တစ်ချက်သာ ဖြစ်ရပါလိမ့်မည်။ ဤအရာသည် အနုပညာပစ္စည်း ဖြစ်သည်။ ဤအရာသည် အနုပညာပစ္စည်း မဟုတ်။ အနုပညာပစ္စည်းတစ်ခု အနုပညာလက်ရာတစ်ခုကို ဝေဖန်ရန်အတွက် နည်းစနစ်အသေမရှိပါ။. |
| 21 |
သူဟာ ဒဿနဆရာဘဝမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တယ်။ ကို ထူထောင်ခဲ့သူတစ်ဦးအဖြစ် ဒဿနသမိုင်းမှာ ထင်ရှားခဲ့တယ်။ တစ်နေ့မှာ သူဟာ မှန်တစ်ချပ်ကိုင်ပြီး လမ်းလျှောက်လာတယ်။ လူအချို့ရဲ့ မေးခွန်းတစ်ခုကို သူဖြေပြီး ပြန်လာခဲ့တာပါ။ "အနုပညာပစ္စည်းတစ်ခုကို ဘယ်လိုဖန်တီးရမလဲ" တဲ့။. |
| 22 |
မတူရင် အနုပညာမမြောက်ဘူးတဲ့။ စာပေမှာဆိုရင်လည်း အဖြစ်အပျက်တစ်ခုကို စကားလုံးတွေကတစ်ဆင့် တစ်သွေမတိမ်းကိုယ်စားပြုတင်ပြနိုင်ရင် အနုပညာမြောက်တယ်။ အဲဒီလိုမှ မဟုတ်ရင် မမြောက်ဘူးတဲ့။ အနုပညာရာဇဝင်ထဲမှာတော့ ကြေးမုံသီအိုရီ ဆိုပြီး ကျော်ကြားခဲ့တဲ့ သဘောတရားတစ်ရပ်ပါ။ ပလေတိုက ပြောသေးတယ်။. |
| 23 |
တဲ့။ ဆိုတာက ပုံတူကူးခြင်း၊ တုပခြင်း ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်အတူတူပဲ ဖြစ်ပါတယ်။ အနုပညာဆိုတာ ပုံတူကူးတာပဲလို့ သူက ဆိုပါတယ်။ ဆင်ခြင်တုံတရားကို လက်ရင်းထား ရပ်တည်သူတစ်ဦးပီပီ အနုပညာဆိုတာဟာလည်း ကျိုးကြောင်းညီညွတ်ပြီး ဆင်ခြင်နည်းကျတဲ့ဖြစ်စဉ် ဖြစ်ရမယ်လို့ သူက မိန့်ဆိုမှာကြားသွားပါသေးတယ်။. |
| 24 |
နောက်ကနေ လိုက်လျှောက်ဝင်သွားကြပါတယ်။ အနုပညာလောကမှာ ဒီသီအိုရီကို ဦးထိပ်ထားခဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ နောက်ခေတ်တွေမှာ ဒဿနဆရာတစ်ယောက်ဖြစ်လာတဲ့ အင်္ဂလိပ်လူမျိုး ကလည်း ပလေတိုရဲ့ လေသံအတိုင်း လိုက်ပြောပါသေးတယ်။ ကဗျာဆရာဆိုတာ ဘုရားသခင်ဖန်တီးထားတဲ့ အရာတွေကို ထပ်မံဖန်တီးပြတဲ့ "ဆင့်ပွားပြုလုပ်သူ" တဲ့။. |
| 25 |
အနုပညာပစ္စည်းတစ်ခု၊ အနုပညာလက်ရာတစ်ခု အပေါ်မှာ ရည်ရွယ်ချက်၊ စည်းကမ်း၊ သင်ယူကျွမ်းကျင်မှု စတာတွေနဲ့ တိုင်းတာဝေဖန်ကြပါတယ်။ ပလေတိုရဲ့ အနုပညာအမြင်ဟာ အနောက်တိုင်းရဲ့ အစောဆုံး အနုပညာအမြင်ပဲ ဖြစ်ပါတယ်။ နှစ်ကာလများစွာ ဩဇာကြီးခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိပါသည်။ ဆင်တွေအသက်ကြီးရင် သူ့နှာမောင်း သူနင်းမိပါတယ်။. |
| 26 |
လောကမှာ အနုပညာဆိုတာကို လူကသိတာပါ။ လူကပဲ ခံစားတတ်တာပါ။ ကောင်းကင်ကြီး လှိုင်းထတယ်။ နှင်းဆီတစ်ပွင့် အဆင့်ဆင့် ကြွေတယ်။ ငှက်တစ်ကောင်က သူ့ရဲ့အတောင်လက်တက်နှစ်ခုကို ရင်ဘတ်နှင့် ထိန်းရင်းပျံတယ်။ လောကကြီးထဲမှာ အနုပညာဆန်ဆန်ဖြစ် ပျက်သမျှအရာတွေဟာ လူကခံစားတယ်လို့ ထင်ရှားနေတာချည်းပါပဲ။. |
| 27 |
ပလေတိုရဲ့ သဘောတရားမှာ ဖန်တီးမယ့်သူထက်စာရင် ဖန်တီးခံ အသုံးချပစ္စည်းကို ပိုအဓိကထားသလို ဖြစ်နေပါတယ်။ နည်းနည်းလွဲသွားတာပါ။ အရပ်ထဲကလူတွေလို ပြောရရင် "တစ်လုံးတည်းကပ်လွဲ" သွားတာပါ။ ဒါပေမယ့် အဲဒါလေးကတင် ပွဲကြီးကို ပြီးသွားစေပါတယ်။ တောင်တစ်လုံးကို အာရုံမှတ်သားပြီး အနုပညာဖွဲ့တော့မယ် ဆိုကြပါစို့။. |
| 28 |
သဘာဝတောင်မဟုတ်တော့တဲ့ အနုပညာ "တောင်" ပါပဲ။ ။ မူလတောင်၊ သဘာဝတောင်နဲ့ အများကြီးကွဲလွဲသွားနိုင်ပါတယ်။ ကွဲလွဲခွင့်လည်း ရှိပါတယ်။ သူ့ကို ပမာမခန့်လုပ်တယ်ဆိုပြီး ပလေတို ဒေါပွရင်လည်း မောရုံသာရှိပါလိမ့်မယ်။ အမှန်တော့ တူတာရော၊ ကွဲလွဲတာရောဟာ အပြစ်မရှိပါဘူး။ အနုပညာဟာ အနုပညာဖြစ်နေဖို့ပဲ လိုပါတယ်။. |
| 29 |
မော်ဒန်အနုပညာအကြောင်း ပြောဆိုလိုပါက မာယာကော့စကီး အပါအဝင် အနာဂတ်ဝါဒီများ ဟစ်ကြွေးခဲ့သည့် "ရုန်းဖောက်ခံစားမှု" ဆိုသော စကားလုံးတို့ကို ထည့်သွင်းစဉ်းစားရပါလိမ့်မည်။ သမားရိုးကျအနုပညာကို ဆန့်ကျင်ဖွဲ့နွဲ့သည့် ၊ သမားရိုးကျခံစားမှုများကို ဆန့်ကျင်ခံစားသည့် စသည်တို့ကိုလည်း သုံးသပ်ဆင်ခြင်ရပါလိမ့်မည်။. |
| 30 |
ထို့ကြောင့်ပင် ဆွန်းနက်ကဗျာချင်း တူသော်လည်း ရှိတ်စပီးယားဆွန်းနက်နှင့် ပီထရာဆွန်းနက်တို့ နည်းစနစ်ချင်းမတူ။ ဟိုက္ကူကဗျာနှင့် ဟိုက္ကိုင်ကဗျာတို့လည်း ပုံစံချင်းကွဲခဲ့ကြသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း ရှေးခေတ်ကဗျာပညာရှိကြီးများသည် ကဗျာလင်္ကာကို ဆန်းကျမ်းဥပဒေသတို့နှင့်အညီ ရေးခဲ့ကြ၏။. |
| 31 |
ဤဆောင်းပါးလေးသည် မော်ဒန်အနုပညာ၏ သဘောသဘာဝကို ပေါ်လွင်အောင် တင်ပြနိုင်လိမ့်မည် မဟုတ်ပါ။ ထိုသို့ တင်ပြရန်လည်း မရည်ရွယ်ပါ။ ဤဆောင်းပါးလေး၏ ရည်ရွယ်ရင်းကို ဤသို့ ဆိုချင်ပါသည်။ ကျွန်တော့်ဆောင်းပါးသည် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ပလေတိုအတွက်တော့ စိတ်မကောင်းပါ။ ဒါပေမယ့် ဒါကတော့ ဒီအတိုင်း ဖြစ်နေမှာပါပဲ။. |
| 32 |
ဖန်တီးတတ်တဲ့စိတ်ကိုပဲ ဆိုလိုပါတယ်။ မရှိတာကို ရှိသလို ဖန်တီးယူတတ်ပါတယ်။ အနုပညာသမားတွေဟာ အလွန်ဖန်တီးတတ်တဲ့လူတွေပါ။ အလွန်စိတ်ကူးကွန့်မြူးတတ်တဲ့လူတွေပါ။ ရှိတာကို မရှိသလို၊ မရှိတာကို ရှိသလို သူတို့ရဲ့ အတတ်ပညာနဲ့ အမျိုးမျိုးကစားပြပါလိမ့်မယ်။ ကစားပြနေကြပါတယ်။ ရှိထားပြီးသားအရာကိုမှ ပုံတူကူးမှာ မဟုတ်ပါဘူး။. |
| 33 |
လောကရဲ့ ဩဇာလို့ ပြောနိုင်ပါတယ်။ ဗုဒ္ဓကျမ်းစာတွေထဲက စကားလေးပါ။ ပညာရှင်တွေကလည်း လူဟာ "ခေတ်ရဲ့ ရလဒ်" လို့ ဆိုကြပါတယ်။ လောကက လူတွေကို လွှမ်းမိုးတတ်ပါတယ်။ ခေတ်တွေက လူတွေကို လွှမ်းမိုးတတ်ပါတယ်။ ခေတ်တွေပြောင်းတာနဲ့အမျှ လူတွေရဲ့ အတွေးအခေါ် နားလည်မှု၊ သဘာဝအနေအထားတွေဟာ ပြောင်းလဲလာတာပါပဲ။. |
| 34 |
ထူးခြားဆန်းပြားတဲ့ဝါဒတွေ၊ နည်းစနစ်တွေနဲ့ အနုပညာကို ဖန်တီးလာကြပါတယ်။ လိုက်ပါနိုင်အောင် ကြိုးစားရင်းကပဲ ပလေတိုရဲ့ "မှန်" ကြီးဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲကျန်ရစ်ပါတယ်။ ဒီမှန်ကွဲတွေကို ပြန်ဆက်ဖို့ ဒီမှန်ချပ်ကြီးကို ပြန်လည်ထူမတ်ဖို့၊ ဒီမှန်ကို လက်ထဲမှာ ကိုင်ဆောင်ဖို့ ကျွန်တော် မကြိုးစားပါဘူး။. |
| 35 |
ဒါပေမယ့် အနုပညာဆိုင်ရာ ရဲဘော်ရဲဘက်ဟောင်းတစ်ဦးတစ်ယောက်အနေနဲ့ သူ့ကို ကျွန်တော် လေးစားပါတယ်။ အသိအမှတ်ပြုပါတယ်။ ဘဝဖော်အဖြစ် လက်မတွဲနိုင်သည့်တိုင်အောင် ကျွန်တော်ချစ်ခဲ့တဲ့လူတွေ အရာတွေထဲမှာ သူပါပါတယ်။ "ဂီတသည် အခြားအနုပညာများထက်ပို၍ စွမ်းအင်ဩဇာထက်မြက်သည်" ဟု ရှိုပင်ဟောင်ဝါက ပြောဖူးပါသည်။. |
| 36 |
တောင်တစ်လုံးကိုပဲ ကြည့်တယ်ဆိုပါစို့။ တောင်ထဲက အလှတရားကို သူ့စိတ်အာရုံနဲ့ မြင်အောင် ကြည့်သွားတာပါ။ သာမန်မျက်လုံးနဲ့ကြည့်တာ မဟုတ်ပါဘူး။ အနုပညာမျက်လုံးနဲ့ ကြည့်သွားတာပါ။ သာမန်လူရဲ့ အမြင်နဲ့ တူမှာမဟုတ်သလို အနုပညာသမားချင်းလည်း တူကြမှာ မဟုတ်ပါဘူး။ ထွေထွေပြားပြား ကွဲလွဲနေနိုင်ပါတယ်။. |
| 37 |
ပလေတိုက ဒါတွေကို မသိဘူး။ မသိဘဲ ဝင်ပြောတော့ မှားနေပါတော့တယ်။ လောကကြီးမှာ အကျိုးတရားတွေကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းတရားကြီးနှစ်ရပ်ရှိပါတယ်။ လူတစ်ယောက်ဟာ သစ်တုံးကြီးတစ်တုံးကို ရလိုက်တယ်ဆိုပါစို့။ သစ်တုံးကြီးကို သူ တစ်ခုခုလုပ်မယ်။ သစ်တုံးကြီးကနေ တစ်ခုခုဖြစ်လာမယ်ဆိုပါစို့။. |
| 38 |
အဲဒီသစ်တုံးကြီးဟာ အကျိုးတရားတစ်ခုဆီကို ဦးတည်နေတဲ့ ရုပ်ဝတ္ထုဆိုင်ရာ အကြောင်းတရား ဖြစ်ပါတယ်။ ဥပါဒါနကရဏ လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီသစ်တုံးကြီးကို သူဟာ လှေထွင်းရင် ထွင်းမယ်။ ပန်းပုထုမယ်။ ဝေါယာဉ်ဆောက်ရင် ဆောက်မယ်။ သူ့ရဲ့ ဖန်တီးမှုအပေါ်မှာတည်ပြီး သစ်တုံးကြီးဟာ အမျိုးမျိုးဖြစ်သွားနိုင်ပါတယ်။. |
| 39 |
တစ်ခါ တစ်ရံ အရုပ်ဆိုးစွာ ပါဝင်ရတတ်ပါသည်။ သစ္စာမဲ့သောလူများ၊ သစ္စာမရှိသောအရာများကလည်း လှတတ်ကြပါသည်။ လှအောင်နေကြပါသည်။ တစ်ခါတစ်ရံ မျက်လုံးအဝိုင်းသားဖြင့်ပင် သူတို့ကို ငေးကြည့်နေရပါသည်။ သူတို့က အနုပညာကို အောက်လမ်းနည်းတစ်ရပ်ပမာ ကိုင်စွဲရင်း သူတို့ကိုယ်သူတို့ လှသယောင် ဖန်ဆင်းထားကြခြင်းဖြစ်ပါသည်။. |
| 40 |
စကြာဝဠာရင်ဘတ်မှ ဖွင့်ပြနိုင်သော သမုဒ္ဒရာကို ကျောက်ဖျာလို သေဝပ်စေနိုင်သော ကျွန်တော်တို့ချစ်သည့်အနုပညာကို မစင်ကြယ်မှုများနှင့်အတူ အသုံးမပြုစေလိုပါ။ တားရမည်ဆိုလျှင် တားလိုက်ချင်သည့်စည်းများ ရှိသည့်တိုင် အနုပညာကို ကျွန်တော် မပိုင်ပါ။ ဆုတောင်းရန်၊ ဆန္ဒပြုရန် စသည်တို့ကိုပဲ ကျွန်တော်က တတ်နိုင်သူဖြစ်ပါသည်။. |
| 41 |
သို့သော် အနုပညာနှင့် အနုပညာရှင်တို့၏ သွေဖည်ဖြစ်ပေါ်တတ်မှုကိုတော့ ကျွန်တော် တင်ပြနိုင်စွမ်းမရှိပါ။ တိုင်းတာဖော်ထုတ်နိုင်စွမ်းလည်း မရှိပါ။ ကျွန်တော် မည်သို့ပင် ကြိုးစားစေကာမူ ရနိုင်လိမ့်မည် မထင်ပါ။ အနုပညာသမားမှန်လျှင် သူသည် အနုပညာကို ချစ်ရပါမည်။ အနုပညာကလည်း သူ့ကို ချစ်လာပါလိမ့်မည်။. |
| 42 |
မွန်မြတ်စင်ကြယ်သော အနုပညာသမားတို့၏ ဘာသာဘာဝ တရားကျင့်နေရသော ရသေ့တစ်ပါးကဲ့သို့ ငြိမ်းချမ်းတိုးတိတ်လာပါလိမ့်မည်။ ကျွန်တော်တို့အားလုံး ထိုသို့ပြည့်ဝနိုင်ရန် ကြိုးစားကြပါလိမ့်မည်။ အနုပညာကို ကိုယ်နှင့်အတူ ကမ္ဘာဖြူမှာ တည်စေသင့်ပါသည်။ အနုပညာတစ်ရပ်၏ အကောင်းအဆိုးနှင့်ပတ်သက်၍ အနုပညာမှာ တာဝန်မရှိ။. |
| 43 |
သူ့ရဲ့ ဖြေဆိုချက်ကလေးက တိုတောင်းပါတယ်။ နှစ်မျက်နှာတောင် မပြည့်ချင်လှဘူး။ ဒါပေမယ့် ကျစ်လျစ်ကျယ်ဝန်းလှပါတယ်။ သူ့ဖြေဆိုချက်ထဲက အကြောင်းအရာတွေကို တစ်ဆင့်ပြန်လည်တင်ပြမှာ ဖြစ်ပါတယ်။ ခေတ်အလျောက် ခေတ်လူတွေရဲ့ အယူအဆတွေ ကဗျာပေါ်မှာ အမျိုးမျိုး ရွေ့လျားပြောင်းလဲကြတာကို သူက ဦးစွာတင်ပြပါသည်။. |
| 44 |
များသောအားဖြင့် ပုံစံတကျရေးထားတဲ့ လိုင်းရစ် ကဗျာတွေကိုတဲ့။ ကဗျာတစ်ပုဒ်ဆိုတာ နိမ့်မြင့်သံညီညွတ်တဲ့အကြောင်းတွေနဲ့ ဖွဲ့စည်းထားတာ လို့ ဒီနေ့ခေတ်လူသားတွေက အသိများကြပါတယ်။ ကဗျာဆိုတာ စကားပြေနဲ့ ခြားနားတယ်လို့ မြင်ထား၊ ထင်ထားကြပါတယ်။ ဒါပေမယ့် "ကဗျာ" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ဟာ အတော် ကျယ်ဝန်းပါတယ်။. |
| 45 |
ဂရိဝေါဟာရတစ်ခုကနေ ဆင်းသက်လာပြီး "ပြုမှု ဖန်တီးမှု" လို့ အဓိပ္ပာယ်ရပါတယ်။ ဒီနေ့ခေတ်မှာတော့ ကဗျာဆိုတဲ့ စကားလုံးဟာ ပန်းချီ၊ ပန်းပု စတဲ့ ကျန်တဲ့အနုပညာရပ်တွေနဲ့ မပတ်သက်လှတော့ဘဲ စာပေဖွဲ့စည်းမှု နဲ့ပဲ အဓိက ပတ်သက်လာတော့တယ်။ ကဗျာဟာ လူသားရဲ့ ဖန်တီးမှုတစ်မျိုး လို့ အက်ဒလာက ဆိုပါတယ်။. |
| 46 |
အရစ္စတိုတယ်လ်ရဲ့ ပုံတူကူးမှုသဘောတရားက အဖြစ်အပျက်တွေကို အတိအကျ ကော်ပီကူးသလို ရတာမဟုတ်ဘူး လို့ "အက်ဒလာ" က အလေးအနက် ပြောပါတယ်။ အဲဒီအချက်ဟာ အနုပညာသမားတစ်ယောက်၊ ကဗျာဆရာတစ်ယောက်ရဲ့ ဖန်တီးမှုစွမ်းအား ကို အတော်ကလေး လမ်းဖွင့်ပေးထားတဲ့ အချက်ဖြစ်ပါတယ်။ အနုပညာလွတ်လပ်ခွင့် ဆီ အတိုင်းအတာတစ်ခုအထိ ဦးတည်နေပါတယ်။. |
| 47 |
ဟိုးမားရဲ့ အက်ပစ်ကဗျာတွေကိုလည်း စကားပြေနဲ့ ဖွဲ့လို့ရတယ်။ သမိုင်းနဲ့ သိပ္ပံကျမ်းတွေကိုလည်း ကာရန်နဲ့ ရေးလို့ရတယ်။ စိတ်ကူးအာရုံသက်ဝင်ပြီး ရေးတာလား၊ အတိအကျပြန်တင်ပြတာလားဆိုတဲ့ အချက်ကပဲ အရေးကြီးတယ်လို့ ဆိုပါတယ်။ ကဗျာတစ်ပုဒ်အတွက် စိတ်ကူးအာရုံသက်ဝင်မှု က အရေးကြီးတယ်လို့ ပြောတာပါ။. |
| 48 |
စကော့ ရဲ့ "ဝေဗာလီ" ဝတ္ထုကိုလည်း ကဗျာလို့ သတ်မှတ်လာနိုင်လိမ့်မယ်။ ဟဲမင်းဝေး၊ ဖော့ကနာ၊ အာသာမေလာ၊ တယ်နီစင်ဝီလျှံ တို့လို စာရေးဆရာတွေကိုလည်း ကဗျာဆရာတွေအဖြစ်ပဲ မြင်လာလိမ့်မယ်တဲ့။ အက်ဒလာကတော့ အဲဒီလိုပဲ တပြန့်တပြူး ကြည့်ပြ၊ မြင်ပြသွား ပါတယ်။ အက်ဒလာကို လူထုက လေးစားချစ်ခင်ကြပါသည်။. |
| 49 |
ဤအယူအဆသည် တော်လ်စတွိုင်း၏ ခံစားချက်ဆက်သွယ်မှုသီအိုရီ နှင့် နီးစပ်နှီးနွယ်နေသည်ဟု ယူဆရပါသည်။ သို့သော် ဆရာမိန့်ဆိုခဲ့သည့် "ကဗျာဆိုသည်မှာ လှစ်ဟပြောဆိုမှုပြုခြင်းဖြစ်သည်" ဆိုသော ပင်မသဘောတရားကိုပင် လက်မခံခဲ့သောကြောင့် ကျန်အချက်အလက်သဘောတရားများကို ဆက်လက်မဆွေးနွေးတော့ပါ။ ပင်မ သဘောတရားဆီ ပြန်သွားကြပါမည်။. |
| 50 |
အချို့စာဖတ်သူများကား အငိုက်မိကာ နာဇီခေါင်းဆောင်ကိုပင် လူ့သမိုင်းထဲမှ ပဒိုင်းပန်းအနက်ကြီးတစ်ပွင့်ဖြစ်ကြောင်း မေ့လျော့သွား၏။ ပြဿနာကတော့ ထိုသို့ဖြင့် စခဲ့ခြင်းဖြစ်ပါသည်။ အကြောင်းအရာမျက်နှာနှင့် လွဲချော်သွားလောက်အောင် စကားလုံးမျက်နှာပြင်ကို ကိုင်တွယ်မိသောကြောင့် ဤပြဿနာ ပေါ်လာရခြင်းဖြစ်ပါသည်။. |
| 51 |
စာပေပြုစုသူသည် ကောင်းသောအကြောင်းတရားကို ကောင်းသည့်အတိုင်း ဟု တင်ပြရပါလိမ့်မည်။ ဆိုးသော အကြောင်းအရာကို ဆိုးသည့်အတိုင်း ဟု တင်ပြရပါလိမ့် မည်။ ထိုသို့မဟုတ်ဘဲ ကောင်းသောအကြောင်းအရာကို ဆိုးသကဲ့သို့ ဟု လည်းကောင်း၊ ဆိုးသောအကြောင်းအရာကို ကောင်းသကဲ့သို့ ဟုလည်းကောင်း တင်ပြလာလျှင် "သွေဖည်မှု" ဖြစ်လာတတ်ပါသည်။. |
| 52 |
ဆောင်းပါးကို အခြေပြု၍ ရေးဖြစ်သော်လည်း ဆရာ တက္ကသိုလ်ဘုန်းနိုင်ကို ဦးတည်ခြင်းမရှိပါ။ ဆရာ့ဆောင်းပါးကို တုံ့ပြန်ဝေဖန်ရေးသားထားသော ဆောင်းပါးမဟုတ်ပါ။ အနုပညာဆိုင်ရာ အယူအဆတချို့ကို ဆရာနှင့်မတူညီသောဖက်မှ ချပြခြင်းမျှသာ ဖြစ်ပါသည်။ ဆရာနှင့် ကျွန်တော်တို့ ငြိမ်းချမ်းလွတ်လပ်စွာ ကွဲလွဲသွားကြပါမည်။. |
| 53 |
ဆက်လက်စဉ်းစားသင့်သော အချို့အချက်ကလေးများကို အကြမ်းဖျဉ်းမျှ တို့ထိဖော်ပြခြင်းမျှသာဖြစ်ပါသည်။ လူရာဇဝင်တစ်ခွင်တစ်ပြင်လုံးမှာ လူသားတို့ အနုပညာကို လေ့လာခဲ့ကြဖူးပြီ။ ကိုယ့်စွမ်းနိုင်သမျှ အခွင့်အလျောက် ရွေ့ပြောင်းလေ့လာကြ၊ လှည့်ပတ်လေ့လာကြ ဝန်းရံလေ့လာကြရသည်။ လေးစားစရာ ကောင်းပါသည်။. |
| 54 |
စကားထာကို ဖော်ကျူးသော ဂီတဆန်သည့်ကဗျာတို့က လသာသောည၏ ကျေးလက်လမ်းသွယ်များပေါ် ဖိတ်စဉ်လွင့်ကျခဲ့ပြန်သည်။ ထိုသို့ဖြင့် ကဗျာ၏ နိဒါန်းအစသည် နားထောင်သူနားဝင်ပီယံဖြစ်အောင် ဆွဲဆောင်ယူရသော အဖြစ်နှင့် ရုန်းကြွထွက်လာခဲ့ပါသည်။ "လိုင်းရစ်" ကဗျာသီကျူးသံများက ငြိမ့်ညံစွာ စီးဆင်းခဲ့သည်။. |
| 55 |
နယ်လှည့်ဖျော်ဖြေတတ်သော အနုပညာရှင်များ က "ကဗျာ" များကို ထိန်းသိမ်းကြ၊ ရေးဖွဲ့သီဆိုကြ၏။ ထိုပညာရှင်များလက်တွင် ကဗျာသည် ဂီတဆန်လွန်းမက ဆန်ခဲ့၏။ ကဗျာကို သာယာညင်းပျောင်းအောင် ရေးဖွဲ့နိုင်ခြင်းက ထိုကဗျာ၏ အလင်းလက်ဆုံး ဂုဏ်တစ်ရပ်ဖြစ်ခဲ့၏။ ကဗျာဆရာကလည်း ကဗျာနားထောင်သူကို စကားတစ်ခွန်း ကြိုပြောတတ်သည်။. |
| 56 |
ကဗျာပဒေသကျမ်းကြီးမှာလည်း မာတိကာတိုး၍ စာမျက်နှာ ထူလာသည်။ ထိုသို့ဖြင့် ကဗျာသည် "ကာရန်" ဟူသော အရာတစ်ခု၏ ပုံသဏ္ဌာန်မျိုးစုံနှင့် လှည့်ပတ်တုပ်နှောင်မှုကို မရှုမလှ ခံလာရပါတော့သည်။ ထိုသည်ကို သတိပြုမိသော ကဗျာဆရာအချို့က တွေးခေါ်ဆင်ခြင်လာကြသည်။ ကဗျာဆိုသည်မှာ အဘယ်နည်း။ ထို့ပြင် ကာရန်ဆိုသည်မှာရော အဘယ်နည်း။. |
| 57 |
လူ့ယဉ်ကျေးမှုမြင့်မားပြီး ခေတ်စနစ်တို့ တိုးတက်လာသည်နှင့်အမျှ အနုပညာတည်ဖွဲ့မှုသည်လည်း သိမ်မွေ့နက်နဲလာကြသည်။ ကဗျာ၏ အဓိပ္ပာယ်ကို ရှာရင်းဖြင့် ကဗျာဆရာ မျိုးဆက်သစ်တွေလည်း ထက်မြက်ရင့်ကျက်လာကြသည်။ လူငယ်ပီပီ သူတို့တွေ ဆန်းစစ်ဝေဖန်ကြ၏။ ကာရန်သည် ကဗျာ၏ အစစ်အမှန်တရား မဟုတ်သည်ကို သူတို့ရှာတွေ့ကြ၏။. |
| 58 |
သင်္ချာပညာရှင်က အတိုင်းအတာဖြင့် အမှန်တရားကို ရှာ၏။ သိပ္ပံပညာရှင်က နိယာမများဖြင့် အမှန်တရားကို ရှာ၏။ ထိုနည်းတူ ကဗျာဆရာကလည်း နိမိတ်ပုံများဖြင့် လောက၏ အမှန်တရားကို ရှာဖွေလေသည်။ ကဗျာထဲမှ နိမိတ်ပုံများကို ကဗျာဖတ်သူက မနောအာရုံဖြင့် မြင်အောင် ခံစားတတ်အောင် သူတို့တွေ စွမ်းဆောင်လာကြသည်။. |
| 59 |
ကဗျာတစ်လျှောက် မီးပွင့်တွေ ထတောက်၏။ အရှိန်အဟုန်နှင့် စီးဆင်းလာသော စကားလုံးများကို "ကာရန်" ဟူသည့် မိုးဓားတစ်လက်က ပိရိသေသပ်စွာ ခုတ်ဖြတ်ချလိုက်လေသည်။ စကားလုံးတို့ ဖရိုဖရဲ လူးလိမ့်စိပ်မြွှာ၊ သူတို့ ယူဆောင်လာသည့် နက်ရှိုင်းသော ဘာသာဗေဒတွေလည်း အလဲလဲအကွဲကွဲ၊ သူတို့ အရေးနိမ့်ခဲ့ကြပါသည်။. |
| 60 |
ကဗျာဆရာက "စကားလုံး" ကို ကာရန်ထက်ပို၍ ချစ်တတ်လာပြီဖြစ်၏။ သူရေးဖွဲ့သော ကဗျာများအတွက် ကျစ်လျစ်ညီညွတ်သော စကားလုံးများကို ယူရေနီယံဒြပ်စင်ထုတ်သလို အဆင့်ဆင့်စိစစ်၍ ထုတ်လာသည်။ ကဗျာဆရာနှင့် သူ၏ စကားလုံးလေးများသည် ကဗျာပရိသတ်ကို စူးစူးရှရှ ဖမ်းစားနိုင်လာသည်။ သို့သော် ကာရန်သည်လည်း ကဗျာဆရာနှင့်အတူ ရှိနေဆဲ။. |
| 61 |
ထို့ကြောင့်ပင် အတွေးအခေါ် လွတ်လပ်သော ကဗျာဆရာ တို့သည် ပလာကာရန် ၊ လွတ်လပ်သောကာရန် ၊ စကားပြေကဗျာ ၊ ရုပ်ပုံဖွဲ့ကဗျာ စသည်တို့ကို ရေးသားလာကြပါတော့သည်။ လူမှန်လျှင် ယုံကြည်ချက်တစ်ခုတော့ ရှိရမည်ဟူသော လောကကြီးထဲမှာ အနုပညာသမားတို့၏ ယုံကြည်ချက်က ပို၍ လေးနက်ပြင်းထန်လိမ့်မည်ဟု ထင်မိပါသည်။. |
| 62 |
ကိုယ့်ယုံကြည်ချက်အတွက် ကိုယ့်ဘဝကို ပုံအောဆောင်ရွက်နေရသဖြင့် သူတစ်ပါး၏ ယုံကြည်ချက်ကို မလိုမုန်းထားဖြစ်မိရန် အချိန်ပင်မရှိပါ။ ယုံကြည်ချက်မတူ၍လည်း ဝမ်းနည်းစရာမလိုဟု နားလည်ထားပါသည်။ ပန်းစိုက်သမားချင်း ကိုယ့်အပင်မှာ ပွင့်သောပန်းနှင့် သူ့အပင်မှာ ပွင့်သောပန်းဟုသာ သဘောထားလိုပါသည်။. |
| 63 |
ကဗျာများ ကာရန်မဲ့လာရခြင်း၏ အကြောင်းအချက်အချို့ကို တင်ပြလိုက်ပါသည်။ အကြောင်းအချက်အချို့ကို ချန်ရစ်ခဲ့ပါသည်။ အကယ်၍ လိုအပ်လျှင် "အနုပညာပုံသဏ္ဌာန်တို့၏ တွဲစပ်ဖြစ်တည်မှု သဘောတရား" ကို ဆက်လက်တင်ပြပါမည်။ လူနှင့်တိရစ္ဆာန် ဘာကွာသလဲဟု တစ်ဦးတစ်ယောက်က မေးလာခဲ့လျှင် ဖြေစရာစကားက အတော်များများ ရှိပါလိမ့်မည်။. |
| 64 |
ကကြိုးတန်ဆာတို့ တပ်ဆင်ကာ ဂန္ထဝင်အနုပညာတို့ ဦးလည်တမော့မော့နှင့် တာထွက်ခဲ့ကြချိန် ဖြစ်လေသည်။ အလယ်ခေတ်သို့ ဝင်ရောက်လာသောအခါ အနုပညာကို ဘာသာရေးက စီးမိုးချုပ်ကိုင်လိုက်၏။ အနုပညာနှင့် ဘာသာရေး ရောထွေးလာသည်။ အနုပညာသည် လွတ်လပ်စွာ ရပ်တည်ခွင့်မရှိတော့ဘဲ ဘာသာရေး၏ လက်အောက်ခံဖြစ်လာသည်။. |
| 65 |
အလယ်ခေတ်တစ်လျှောက်တွင် ဘုရားသခင်ဆီသို့သာ ဦးတည်စေခြင်းဖြင့် လူတို့၏ အစွမ်းအစ တို့ ချိုးနှိမ်ခံခဲ့ရ၏။ မည်သို့ပင်ဖြစ်စေ လူသားရှိသမျှ ဒဿနရှိပြီး လူသားရှိသမျှ အနုပညာလည်း ရှိလိမ့်မည်။ ထိုသို့ဖြင့် အမှောင်ခေတ်ကို ဆွဲဖွင့်ပြီး အလင်းသစ်များရှိရာသို့ လူသားတို့ လျှောက်လာနိုင်ခဲ့ကြသည်။. |
| 66 |
ဆန်းသစ်လာသောခေတ်တွင် အနုပညာသည် ဂန္ထဝင်ဝါဒကို ပြန်လည်ကိုင်တွယ်ခဲ့၏။ ဂန္ထဝင်ဝါဒသစ် ဟု နောင်တွင် သတ်မှတ်ခံခဲ့ရသည်။ တုပမှုသီအိုရီကိုပင် ကိုင်စွဲကြဆဲဖြစ်သည်။ သိပ္ပံပညာပွင့်လင်းအားကောင်းစပြုချိန်ဖြစ်၍ သိပ္ပံ၏ နိယာမများ၊ စည်းမျဉ်းဥပဒေများကို တုပပြီး ဂန္ထဝင်ဝါဒကို ပြန်လည်ပုံဖော်ကြသည်။. |
| 67 |
အနုပညာကို ဈေးကွက်ဝင်အသုံးကျမှုတန်ဖိုး ဖြင့် တိုင်းတာ၍မရ၊ အနုပညာတွင် ပင်ကိုယ်တန်ဖိုး ရှိသည်။ အနုပညာသည် အနုပညာအတွက်ဖြစ်သည်ဟု ကြွေးကြော်ခဲ့ကြ၏။ ထိုအခါ သူတို့ကို ဆန့်ကျင်ပြီး သရုပ်မှန်ဝါဒ ပေါ် ပေါက်လာပါတော့သည်။ သရုပ်မှန်ဝါဒီများက ရိုမန်တစ်အနုပညာကို စိတ်ကူးယဉ်ဆန်လွန်းသည်ဟုဆိုကာ ငြင်းပယ်လိုက်ကြ၏။. |
| 68 |
ထို့ပြင် ကမ္ဘာစစ်များ ဆိုးဆိုးရွားရွား ဖြစ်ခဲ့၏။ စစ်ကြောင့် လူတို့ အတွေးအခေါ်ပြောင်းလာသည်။ ကမ္ဘာ့အရေးအခင်းများ ရှုပ်ထွေးသဖြင့် လူတို့၏ အတွေးအခေါ်များလည်း ရှုပ်ထွေးလာသည်။ လူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုပေးသော စက်မှုသိပ္ပံသည် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုကား ပေးနိုင်စွမ်းမရှိ။. |
| 69 |
ယေဘုယျကျသော ဒဿနတစ်ခုတည်းဖြင့် လောကတွင် မရပ်တည်နိုင်တော့ဘဲ သီးခြားနယ်ပယ်အများအပြားအတွက် သီးခြားဒဿနအများအပြားကို ချမှတ်ရပ်တည်လာရ၏။ ထိုသို့ဖြင့် လူသားသည် လောကကို "အပိုင်းအစ" တို့၏ ဆက်စပ်စုဝေးမှုတစ်ခုအဖြစ် မြင်ယောင်လာသည်။ စက်တို့၏ ချယ်လှယ်လွှမ်းမိုးမှုအောက်တွင် လူ့အခန်းကဏ္ဍ မှေးမှိန်လာသည်။. |
| 70 |
လူသားနှင့် လူတို့၏ ဖြစ်တည်လှုပ်ရှားမှုများသည်လည်း စက်ယန္တရားဆန်လာသည်။ လူသားသည် ပညာရပ်အသီးသီး၏ နည်းစနစ်များသို့ ပြန်လည်တည်ဆောက်လိုလာကြသည်။ လောကကြီးထဲတွင် လူသားတို့ ဟန်ချက်ညီညီနှင့် ညွတ်ပြောင်းသိမ်မွေ့စွာ ရှင်သန်နိုင်ရေးအတွက် အနုပညာသည် အဓိကကျသော "အား" တစ်ရပ်လည်း ဖြစ်ပြန်၏။. |
| 71 |
ကျွန်တော်က သဘောကျပါသည်။ သို့သော် သူ့အလိုကိုလိုက်ပြီး မဖြေသင့်ဟု ကျွန်တော် ထင်မိပါသည်။ မိုက်မိုက်ကန်းကန်းဖြေလိုက်လျှင်ရသော်လည်း ထိုစကားသည် ကိုယ့်အတွက်ရော သူ့အတွက်ရော အန္တရာယ်ကြီးလှပါသည်။ မော်ဒန်အနုပညာများသည် ကမ္ဘာပေါ်တွင် အကြောင်းတရားမျိုးစုံပေါင်းစုပြီး ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။. |
| 72 |
မော်ဒန်ကောဏ္ဍည မဟုတ်ပါ။ ထို့ကြောင့် မပြောနိုင်ပါ။ "သူတို့နိုင်ငံတွေမှာ ဖြစ်ပြီးသားဝါဒကြီး ကျွန်တော်တို့နိုင်ငံမှာ လာဖြစ်နေတာဆိုပါလား" ဆိုသော မေးခွန်းကိုလည်း ကြုံရပါသည်။ ဟုတ်ပါသည်။ သူတို့နိုင်ငံတွေမှာ ဖြစ်ပြီးမှ ကျွန်တော်တို့ နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လာပါသည်။. |
| 73 |
ကမ္ဘာကြီးမှာ နေထွက်စောသောနိုင်ငံတွေ ပေါသလို နေထွက်နောက်ကျသောနိုင်ငံတွေလည်း ရှိပါသည်။ မိုးလင်းချိန်ချင်းပင် မတူပါ။ သူတို့ဆီမှာ ထွက်ပြီးသားနေမင်းကြီး ငါတို့ဆီမှာ လာထွက်ရကောင်းလားဟု မယူဆသင့်ပါ။ နေရောင်ခြည်သည် အလင်းရောင်ပေးသည်နှင့်အမျှ လူကို နွေးထွေးစေပါသည်။ ယခုလည်း ထိုသို့ပင်ဖြစ်ပါသည်။. |
| 74 |
ဤနေရာတွင် ညှပ်ပြောစရာတစ်ချက် ပေါ်လာပါသည်။ လူသားမျိုးနွယ် တိုးတက်မြင့်မားရေးအတွက် လူသားတို့၏ ယဉ်ကျေးမှု ကူးလူးယှက်နွယ်ချက်များသည် အရေးပါလှပါသည်။ အနောက်တိုင်းမှလာသော သိပ္ပံပညာကို အရှေ့တိုင်းကပါ အသုံးပြုနေရပြီး အရှေ့တိုင်းမှသွားသော ဘာသာတရားများကို အနောက်တိုင်းကပါ ကိုးကွယ်နေရပါသည်။. |
| 75 |
ကောင်းမွန်တိုးတက်သောအရာဆိုလျှင် သူတို့ဆီမှာရှိလျှင်လည်း ကိုယ်လှမ်းယူပြီး ကိုယ့်ဆီမှာရှိလျှင်လည်း သူတို့ကို ကမ်းပေးရမည်ဖြစ်ပါသည်။ အမြင်မကျဉ်းသင့်ဟု ထင်ပါသည်။ "ခေတ်ပြောင်းလဲလို့ အနုပညာလိုက်ပြောင်းလဲရတယ်ဆိုရင် အနုပညာက ခေတ်ရဲ့ နောက်လိုက်ဖြစ်နေမှာပေါ့" ဟူသော စကားကိုလည်း ဖြေရှင်းပေးရပါသည်။. |
| 76 |
ယခင်ကဆိုလျှင် လူမှုတော်လှန်ရေးတွေဖြစ်ပြီး နောက်မှာမှ သိပ္ပံနည်းပညာ စသည်တို့ ပွင့်လန်းဖွံ့ဖြိုးလာလေ့ရှိပါသည်။ သို့သော် ၂၀ ရာစု နောက်ပိုင်းမှာ သိပ္ပံယဉ်ကျေးမှု၊ သိပ္ပံဖွံ့ဖြိုးမှုများက အစွမ်းကုန် ဆက်လက်လည်ပတ်သွားပြီး လူသားက နောက်မှာကျန်ရစ်ခဲ့တာကို အားလုံးက ထိတ်လန့်တကြား တွေ့နေကြုံနေရပါသည်။. |
| 77 |
မဟုတ်ပါ။ ပြတ်ပြတ်သားသားငြင်းပါသည်။ လုံးဝမဟုတ်ပါ။ အနောက်တိုင်းမော်ဒန်နှင့် အရှေ့တိုင်းမော်ဒန်ပင် မတူပါ။ ကွဲပြားမှုကလေးတွေ ရှိပါသည်။ အနောက်တိုင်းက ရုပ်ပိုင်းဆိုင်ရာမှာမြင့်ပြီး အရှေ့ပိုင်းက စိတ်ပိုင်းဆိုင်ရာမှာ မြင့်ပါသည်။ ထို့ကြောင့် အနောက်တိုင်းမော်ဒန်နှင့် အရှေ့တိုင်းမော်ဒန်ပင် မတူပါ။. |
| 78 |
နိုင်ငံအသီးသီးမှာ မော်ဒန်အနုပညာတွေ ပေါ်ပေါက်လာပါသည်။ သို့သော် ထပ်ရက်မတူပါ။ မျိုးစေ့ချင်းတူသော်လည်း မျိုးစေ့ကို ရှင်သန်ကြီးထွားစေသည့် ရေ၊ မြေ၊ လေ၊ အလင်းရောင်၊ ရာသီဥတု စသည်တို့၏ မတူညီမှုကြောင့် မော်ဒန်အနုပညာ ဖွဲ့စည်းပုံချင်းလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားသင့်သလောက် ကွဲပြားကြပါသည်။. |
| 79 |
ထိုအထင်အမြင်သည်လည်း မဟုတ်ပါ။ မော်ဒန်အနုပညာသည် ဂန္ထဝင်အနုပညာကို ချေဖျက်ခြင်း လုံးဝမရှိပါ။ ထိုသို့လုပ်စရာလည်း မလိုပါ။ ဤနေရာတွင် ဆန့်ကျင်ခြင်းနှင့် ခြားနားခြင်းသဘောကို ကွဲပြားစွာ မြင်ဖို့လိုပါသည်။ လောကတွင် ဆန့်ကျင်ဘက်တို့သည် တစ်ခုကိုတစ်ခု အပြန်အလှန် ချေဖျက်တတ်သော သဘောရှိပါသည်။. |
| 80 |
မော်ဒန်အနုပညာနှင့် ဂန္ထဝင်အနုပညာသည်လည်း ခြားနားခြင်းသာ ရှိပါသည်။ အနုပညာကို မတူခြားနားသော နည်းစနစ်များဖြင့် ဖော်ဆောင်ကြခြင်းသာ ဖြစ်ပါသည်။ ဆန့်ကျင်ခြင်းမရှိပါ။ ထို့ကြောင့် ချေဖျက်စရာမလိုပါ။ မတူညီပါဘဲလျက် ယှဉ်တွဲနေ၍ရပါသည်။ အနုပညာနှင့် ပတ်သက်လာလျှင် ဂန္ထဝင်၊ မော်ဒန်သည် ညီရင်းအစ်ကိုတွေပဲဖြစ်ပါသည်။. |
| 81 |
အနုပညာသည် အကန့်အသတ်မရှိ ကျယ်ဝန်းနက်ရှိုင်းသော သဘောကို ဆောင်ပါသည်။ တစ်စုံတစ်ရာအတွက်ပဲ ဖြစ်ရမည်ဆိုသော သတ်မှတ်တောင်းဆိုမှုသည် ကျဉ်းမြောင်းသော၊ အကန့်အသတ်ရှိသော သဘောကို ဆောင်ပါသည်။ အကန့်အသတ်မရှိ ကျယ်ဝန်းသောအရာကို အကန့်အသတ်တစ်ခုထဲထည့်ပြီး ဆုပ်ကိုင်ဖို့ရာ မည်သို့မှ မဖြစ်နိုင်ပါ။. |
| 82 |
ကျိုးပြတ်ပေါက်ကွဲထွက်သွားပါလိမ့်မည်။ ဆရာကြီးတစ်ဦးပြောသလို ပြောရရင် "တောင်ပြိုတာကို လက်ဖဝါးနဲ့တား" သကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ဤအချက်ကို မစဉ်းစားကြတော့ပါ။ လုပ်စရာရှိလျှင် အခြားတစ်ခုခုကိုသာ သွားလုပ်ကြပါတော့သည်။ ဤအချက်နှင့် ပတ်သက်၍ ဘာမှ လာမလုပ်ကြတော့ပါ။ ကြာပါပြီ။. |
| 83 |
ဖြေရှင်းစရာမေးခွန်းများ၊ ဆွေးနွေးချက်များက မကုန်သေးပါ။ ကျန်ပါသေးသည်။ အချို့ဆွေးနွေးချက်များက ဆောင်းပါးတစ်ပုဒ်စီ သီးသန့်ပြရမလို ဖြစ်နေပါသည်။ "မထူးတော့ဘူး" ဟူသော အတွေးဝင်လာသဖြင့် ရှေ့လတွင် ဆောင်းပါးတစ်ပုဒ်ဆက်ရေးရန် ဆုံးဖြတ်လိုက်ပါသည်။ နည်းနည်းတော့ အထည်ကြီးနိုင်သည့် ဆောင်းပါးဖြစ်ပါသည်။. |
| 84 |
အပြောရက်စက်သလိုရှိပေမယ့် မှန်တော့လည်းမှန်တယ်။ "အနုပညာတွေ ဘာတွေ လာပြောမနေနဲ့ဗျာ၊ ကျုပ်တို့တော့ မခံစားတတ်ဘူး" ဆိုတဲ့ လူတွေနဲ့ ကြုံရတဲ့အခါတိုင်း အဲဒီစကားပုံလေးက ခေါင်းထဲရောက်လာပါတော့တယ်။ သူမခံစားနိုင်တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ သူ မမြင်ပေမယ့် အနုပညာကတော့ ရှိနေပါတယ်။. |
| 85 |
ဘာဖြစ်လို့လဲဆိုတော့ သက္ကတအနုပညာရှင်တွေရဲ့ နှစ်ပေါင်းများစွာက ရသသီအိုရီတွေဟာ ဒီနေ့ခေတ်ရဲ့ အနုပညာသစ်တွေဆီကို ဦးတည်ထားနိုင်လို့ပါပဲ။ သူတို့ရဲ့ အနုပညာအယူအဆတွေကို လေ့လာရတာ မိတ်ဆွေဟောင်းကြီးတွေနဲ့ တစ်စားပွဲတည်းထိုင်ပြီး နှစ်ချို့ဝိုင်ကို တစိမ့်စိမ့်သောက်ရသလို ကြည်နူးပျော်ရွှင်စရာ ကောင်းလှပါတယ်။. |
| 86 |
ပရိသတ်အနေနဲ့ "ဒါဟာ ကြယ်နတ်သမီးလေးပဲ" လို့ မြင်ရင် မှားပါတယ်။ ကြယ်နတ်သမီး မဟုတ်ဘူးလို့ မြင်ရင်လည်း မှားသလို တူတော့တူတာပဲလို့ မြင်ရင်လည်းမှားပါတယ်။ ကြယ်နတ်သမီး ကိုယ်တိုင်များလားလို့ ထင်ရင် မှားပါတယ်။ ရသအရာနဲ့ ပတ်သက်လာရင် လောကသိလေးမျိုးဟာ အကျုံးမဝင်ပါဘူး။ အဲဒီအသိတွေနဲ့ တိုင်းတာလို့မရပါဘူး။. |
| 87 |
အချိုးဖျက်ခြင်း ၊ ပြန်လည်ဖန်ဆင်းခြင်း ဆိုတဲ့ အယူအဆတွေကိုလည်း လှမ်းမြင်ကြည့်လို့ ရနေပါပြီ။ ကျွန်တော်ဟာ အနုပညာသစ်ကို လေးမြတ်ခင်မင်မိတဲ့ ခေတ်လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် အနုပညာသစ်အကြောင်းပြောရင်း ရှေးပဝေသဏီက သက္ကတအနုပညာအကြောင်းကို ပြန်ပြောနေရပါတယ်။ ကိုယ်တိုင်လည်း အံ့ဩမိပါတယ်။. |
| 88 |
ဒါပေမယ့် ပြောသင့်လို့ပြောရပါတယ်။ သက္ကတအနုပညာရှင်တို့ရဲ့ ရသသီအိုရီတွေဟာ ဖွံ့ဖြိုးလွန်းခဲ့တဲ့အပြင် "ပြောင်းလဲမှုအလျဉ်မှာ လိုက်ပါနိုင်စွမ်း" ရှိတယ်လို့လည်း ခံယူမိပါတယ်။ အများကြီးကျန်ပါသေးတယ်။ ရှေ့တောက်လျှောက်မှာ အများကြီးလာပါဦးမယ်။ အကျယ်ရှင်းသင့်တာတွေကိုလည်း ရှင်းပါဦးမယ်။. |
| 89 |
ဝတ္ထုတိုတွေဟာ တိကျတဲ့ပုံဟန်တစ်ခု ရှိတယ်လို့ သတ်မှတ်ခံရတယ်။ ပုံစံတစ်ခုဆီကို တင်းတင်းကြပ်ကြပ် ချဉ်းကပ်ပြီး ဝတ္ထုတိုဆိုတာကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားကြရတယ်။ စည်းမျဉ်းနည်းနာတွေကို ဂရုမထားသလိုရှိတဲ့ ဆရာကြီးတစ်ယောက်ကတောင် "ဒါဟာ ဝတ္ထုတစ်ပုဒ်မှာ အရေးကြီးဆုံးအချက်ပဲ" ဆိုတာမျိုးကို ပြောခဲ့ဖူးတယ်။. |
| 90 |
ခု မော်ဒန်ဝတ္ထုတွေမှာတော့ အဲဒီလိုသတ်မှတ်မှုတွေ သိပ်မရှိတော့ဘူး။ တိကျအောင်လုပ်ထားတဲ့ ပုံဟန်တွေကို အယုံအကြည်မရှိကြတော့ဘူး။ ပုံဟန်တွေ ပြောင်းလာတယ်။ အရင်ကဝတ္ထုတိုဟာ ပထမဆုံး "အခင်း" နဲ့ စဖွင့်လိမ့်မယ်။ အဲဒီမှာ ကာလ၊ ဒေသ နောက်ခံတွေကို ခင်းပြပြီး ဇာတ်ဆောင်ကိုလည်း ထုတ်ပြလိမ့်မယ်။. |
| 91 |
အဲဒီမှာကျတော့ "ဇာတ်ဆောင် ဘာဆက်ဖြစ်သွားပါတယ်" ဆိုတာကို ဆုံးဖြတ်ချက်တစ်ခု ချပေးရတယ်။ လက်ရှိ မော်ဒန်ဝတ္ထုတိုတွေကတော့ အဲဒီသုံးသပ်ချက်ပုံစံနဲ့ မကိုက်ညီတော့ဘူး။ ကိုက်ညီအောင်ဆိုပြီးတော့လည်း စီစဉ်မရေးကြတော့ဘူး။ တစ်ခါတစ်ခါ ကိုက်ညီနေတာလေးတွေ တွေ့ရတတ်ပေမယ့် များသောအားဖြင့် မကိုက်ညီတော့ဘူး။. |
| 92 |
သေချာတာက အဲဒီဆုံးဖြတ်ချက်ပုံစံကို ဂရုမစိုက်တော့ဘူး။ ဘာဖြစ်လို့လဲ။ ကမ္ဘာကျော်စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက် ရဲ့ တွေ့ရှိချက်အရတော့ လူတွေရဲ့ လိုအင်ဆန္ဒမှာ ချုပ်ချယ်မှုတွေ လွှမ်းမိုးနေတတ်တယ်တဲ့။ အဲဒီလိုနဲ့ ရောဂါတွေလည်း ဖြစ်လာတယ် လို့ပြောတယ်။ လူ့ရဲ့ သိစိတ်၊ မသိစိတ်အယူအဆဟာ ကျယ်ပြန့်နက်ရှိုင်းလှပါတယ်။. |
| 93 |
သာမန်လူတွေကတော့ အဲဒီစိတ်ကူးအိပ်မက် တွေကို သူ့အတိုင်း ခံစားယူလေ့ရှိပေမယ့် အနုပညာသမားကတော့ တစ်မျိုးထူးနေတယ်။ အဲဒီစိတ်ကူးအိပ်မက်တွေကို အနုပညာကြားခံပစ္စည်း တွေက တစ်ဆင့် အနုပညာပုံသဏ္ဌာန် တစ်ခုကို တည်ဆောက်ကြလေ့ ရှိတယ်။ အနုပညာဆိုတာ "ခံစားချက်ကို ဖော်ထုတ်ခြင်း" လို့ ဖရွိုက်က ပြောတယ်။. |
| 94 |
ဘဝအနေအထား ဘာတွေပြောင်းခဲ့လို့လဲ။ နှစ်ဆယ်ရာစုထဲဝင်ပြီးမှ အကြီးအကျယ်ဖွံ့ဖြိုးလာတဲ့ သိပ္ပံပညာဟာ လူတွေရဲ့ ဘဝအနေအထားကို ပြောင်းလဲပစ်လိုက်တယ်။ ခေတ်ကြီးကလည်း ဆန်းကြယ်ရှုပ်ထွေး လာတော့တယ်။ လူတွေအတွက် ရုပ်ပိုင်းဆိုင်ရာတွေ အလွန်ဖွံ့ဖြိုးလာတာနဲ့အမျှ တစ်ဖက်မှာ စိတ်ပိုင်းဆိုင်ရာတွေ နိမ့်ကျသွားတယ်။. |
| 95 |
စက်ကြီးကို လောင်စာမပြတ်ရလေအောင် ရှာဖွေကျွေးမွေးနေရင်း လူဖြစ်တည်မှုဟာ လန့်ပြိုကျလာနေတယ်။ လူ့ဘောင်လောကရဲ့ နေထိုင်လှုပ်ရှားမှုဟာလည်း စက်ဆန် လာတယ်။ ဓာတ်ဆီနံ့တွေမွှန်၊ အိတ်ဇောသံတွေကို နားငြီးရင်း လူတွေဟာ နျူးကလီးယားကင်ဆာ၊ ဆီလီကွန်ကိုးကွယ်မှုဆိုတဲ့ စကားလုံးတွေကြားမှာ မွန်းကျပ်လာတယ်။. |
| 96 |
ဒုက္ခိတ၊ မုဆိုးမအလုပ်လက်မဲ့တွေကို ချန်ထားခဲ့ပြီး ပြန်ငြိမ်းချမ်းသွားတယ်။ လူတွေဟာ ပြာပုံကြားမှာ ရပ်စဉ်းစား၊ နေမှုနဲ့ သေမှုကို မျှော်ခေါ်ချောက်ချားရင်း ထူးဆန်းတဲ့ဒဿနတွေနဲ့ တုံ့ပြန်ရပ်တည်လာတယ်။ အဲဒီ ဒဿနတွေကလည်း သူ့ယုတ္တိနဲ့သူတော့ ခိုင်မာကြပါရဲ့။ ဒါပေမယ့် တစ်ခုနဲ့တစ်ခုကျတော့ ဆန့်ကျင်နေတာတွေရှိပြန်ရော။. |
| 97 |
အဲဒီဘဝအနေအထားဟာ လူတွေရဲ့ မသိစိတ်ထဲကတစ်ဆင့် အနုပညာဆီ ကူးလူးသွားပါတော့တယ်။ လက်တွေ့ဘဝမှာ မလွတ်မြောက်တဲ့ လူသားဟာ စိတ်ကူးအိပ်မက်တွေထဲမှာ အနုပညာအင်ပါယာထဲမှာ လွတ်မြောက်မှုကို ရလာပါတော့တယ်။ လူ့သမိုင်းတောက်လျှောက်ဟာ သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ပဲ ရောပြွမ်းနေခဲ့တယ်။ ဒီသမိုင်းကို သူမပျော်ဘူး။. |
| 98 |
အံဝင်ခွင်ကျ မဖြစ်တဲ့အပြင် သူတို့လေးလံဖိစီးလွန်းတယ်။ အဲဒီလူမှုရေးကန့်သတ်ချက်တွေကြားကနေ သူ ရုန်းထွက်ချင်တယ်။ အဲဒီတော့ သူရေးတဲ့ဝတ္ထုတွေမှာ ဇာတ်ကောင်လူသားကို ဘာသတ်မှတ်ချက်တွေနဲ့မှ တုပ်နှောင်မထားဘူး။ သူ့ဇာတ်ကောင်လူသားဟာ လေးနက်မှုတစ်စုံတစ်ရာဆီကို ဝိုးတဝါး ရွေ့လျားနေဟန်ပဲ မြင်ရတော့တယ်။. |
| 99 |
ဝတ္ထုထဲမှာ ကာလ၊ ဒေသ၊ လူ ဆိုတာတွေဟာ မားမတ်ဝင့်ပြီး ရှိမနေကြဘူး။ ဒေါင်လိုက်မျဉ်း တွေ လဲကျသွားတယ်။ နှုန်းစံတွေ ပြိုလဲကျနေပြီဖြစ်တဲ့ ကမ္ဘာကြီးကို သူမြင်နေရတဲ့အတိုင်းပဲ သူ့ဝတ္ထုတွေဟာလည်း အလျားလိုက်သာ ရွေ့လျားလာတော့တယ်။ ရုပ်ဖြစ်စဉ်တွေထက်စာရင် စိတ်ဖြစ်စဉ်တွေထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်ကြတယ်။. |
| 100 |
ဝတ္ထုမှာ အရေးကြီးတယ်ဆိုပြီး စံသတ်မှတ်ချက်ရှိခဲ့တဲ့ လှုပ်ရှားမှု၊ စရိုက်၊ အတွေးဆိုတာတွေကို အလေးမထားကြတော့ဘူး။ ခံစားမှု ၊ စိတ်ကူးရုပ်ပုံ ၊ အထားအသို တွေကိုပဲ အလေးထား ဖော်ဆောင်လာကြတော့တယ်။ ရှေးဟောင်းသက္ကတအနုပညာသီအိုရီထဲမှာ "တစ်ခုတည်းသည် သစ္စာ၊ အမျိုးမျိုးသည် မိစ္ဆာ" ဆိုတဲ့ စကားလေးရှိပါတယ်။. |
| 101 |
ဒေါင်လိုက်မျဉ်းတွေကို ပယ်ပြီး အလျားလိုက်အတိုင်း ကြည့်ခိုင်းတာပါပဲ။ ဒီအယူအဆလေးဟာ လက်ရှိမော်ဒန်အနုပညာရဲ့ အခင်းအကျင်းနဲ့ ညီညွတ်နေတာကို အံ့သြစရာကောင်းအောင် တွေ့ရှိရပါတယ်။ နောက်တစ်ခါ သူတို့က စာပေအနုပညာတစ်ရပ်ကို ရုပ်၊ ခန္ဓာဆို ပြီး နှစ်မျိုးခွဲပါတယ်။ သဒ္ဒါနဲ့အနက်ဟာ ကိုယ်ခန္ဓာထဲမှာ ပါပါတယ်။. |
| 102 |
အဲဒါကတော့ အထားအသို အပေါ်မှာ သြဇာလွှမ်းမယ်လို့ ယူဆမိပါတယ်။ သဘောကျစရာလည်းကောင်းပြီး အံ့ဩစရာလည်း ထပ်ဖြစ်ရပါတယ်။ အဲဒီအချက်သုံးချက်လုံးဟာ မော်ဒန်အနုပညာမှာ အားကောင်းမောင်းသန် စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ အဲဒီသုံးသပ်ချက်ဟာ မော်ဒန်အနုပညာအတွက် စီးကြောင်းသုံးခု လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။. |
| 103 |
ခံစားချက် ကို အားထားသူတွေက တွေ ဖြစ်လာပါတယ်။ စိတ်ကူးရုပ်ပုံ ကို အားထားသူတွေက တွေ ဖြစ်လာပါတယ်။ အထားအသို ကို အားထားသူတွေကတော့ ဒြပ်မဲ့ဝါဒီတွေ ဖြစ်လာပါတယ်။ ခုဆိုရင်တော့ ဒါ့ထက် မကတော့ပါဘူး။ ထူးခြားဆန်းသစ်တဲ့ အနုပညာအသွင်သဏ္ဌာန်တွေဟာ နိုင်ငံတကာမှာ အပြိုင်းအရိုင်း ဆက်လက်ပွင့်လန်းနေခဲ့ပါပြီ။. |
| 104 |
စိတ်ဝင်စားစရာကောင်းပါတယ်။ စက်ရုပ်နည်းပညာနဲ့ ကွန်ပျူတာ အတတ်ပညာကို ပေါင်းစပ်ပြီး တီထွင်ထားတာပါ။ ကျွန်တော်တို့ဆီမှာ လူသိနည်းနေပါသေးတယ်။ သိပ္ပံနိုင်ငံတွေမှာကတော့ ဒီနည်းစနစ်ဟာ ဖျော်ဖြေရေး၊ သင်ကြားရေးအသွင်သဏ္ဌာန်တွေနဲ့ကို လူထုကြား၊ အထူးသဖြင့် လူငယ်တွေကြားမှာ ပျံ့နှံ့နေပါပြီ။. |
| 105 |
ရပါတယ်။ ကဗျာက မော်ဒန်ကဗျာပါ။ မောင်သိန်းဇော်ရေးတဲ့ ရှုမျှော်ခင်း ဆိုတဲ့ ကဗျာပါ။ ကာရန်မပါပါဘူး။ မော်ဒန်ကဗျာတွေရဲ့ ထုံးစံအတိုင်း လေးဘက်လေးတန် အနားသတ်ထားတဲ့ ဘောင် တစ်ခုထဲမှာ ကဗျာကို ထည့်မရေးပါဘူး။ ကျယ်ပြန့်လင်းချင်းတဲ့ ဟင်းလင်းခွင် တစ်ခုထဲမှာပဲ ဖြန့်ချပြထားပါတယ်။ ကဗျာက အောက်ပါအတိုင်းဖြစ်ပါ တယ်။. |
| 106 |
ဒီအတွက် စာပေသီအိုရီတွေ၊ မော်ဒန်ဝါဒတွေကို မသုံးပါဘူး။ အလွယ်ဆုံးနည်းကို သုံးပါတယ်။ အခက်ဆုံးနည်းလမ်းဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့ အဲဒီကဗျာကို "စိတ်" နဲ့ပဲ ခွဲစိတ်သုံးသပ်ကြည့် ကြပါမယ်။ ပထမဦးဆုံးမှာ ကဗျာကို အပြင်ကနေ အရင်ကြည့်ကြပါမယ်။ ကဗျာထဲမှာသိသူ နဲ့ အသိခံရတဲ့အရာ တွေ ပါဝင်ပါတယ်။. |
| 107 |
ကိုယ့်မှာ တရားနဲ့ဖြေရတယ် ဆိုတဲ့ စာသားဟာ အတော်ကို တာသွားလှ ပါတယ်။ ကဗျာထဲမှာတင် "ကိုယ်" ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ရွေ့လျားပြောင်းလဲနေပါတယ်။ အသိပြောင်းလဲမှုကြောင့်ပါပဲ။ သိသူနဲ့ အသိခံရတဲ့ အရာဝတ္ထုကြားမှာ အသိ ရှိနေပါတယ်။ အသိပြောင်းလဲတာနဲ့အမျှ သိသူက ပြောင်းလဲသလို အသိခံရတဲ့အရာတွေကလည်း ပြောင်းလဲသွားပါတယ်။. |
| 108 |
အာရုံသက်ရောက်ကြည့်ကြပါ။ ပျော်စရာကောင်းပါတယ်။ သာသာယာယာလည်း ရှိပါလိမ့်မယ်။ အဲဒီလိုလုပ်တာကို လို့ ခေါ်ပါတယ်။ နောက် သူ့လိုပဲ တရားနဲ့ မြင်ကြည့်လိုက်ပါ။ အသိပြောင်းလဲလိုက်တာနဲ့ အမြင်တွေ ပြောင်းလဲသွားပါလိမ့်မယ်။ အဲဒီအချိန်မှာ မြင်ရတဲ့ ရှုမျှော်ခင်းဟာ ပထမမြင်ရတဲ့ ရှုမျှော်ခင်းနဲ့ တူတော့မှာ မဟုတ်ပါဘူး။. |
| 109 |
သင်္ချာပညာရှင်ကြီးတစ်ဦးက ပြောဖူးပါသည်။ လောကထဲက ဖြစ်မှု၊ ပျက်မှုတွေဟာ ပွိုင့်ကလေးတွေရဲ့ ထိတွေ့လွှင့်စဉ်မှုတွေပဲတဲ့။ ပွိုင့်ကလေးတွေနဲ့ တည်ဆောက်ပြထားတဲ့ အသွင်သဏ္ဌာန်လောက လို့ သူက ဆိုပါတယ်။ ဒီကဗျာထဲက ရှုမျှော်ခင်းကို တွေ့ရမြင်ရတာ၊ ရှုမျှော်ခင်းနဲ့ ကိုယ်နဲ့ ထိတွေ့ဆက်ဆံရတာ အားလုံးဟာလည်း အဲဒီသဘောပါပဲ။. |
| 110 |
မော်ဒန်ဝါဒီတွေ ကိုင်တွယ်လေ့ရှိတဲ့ "အခိုက်အတန့် ဖြစ်မှု" ဆိုတဲ့အချက်ကိုလည်း ပြန့်ပြူးကျယ်လွင့်အောင် မြင်တတ်လာပါလိမ့်မယ်။ တရမုနိဆိုသူ ပညာရှင်ကြီး ရေးသားတဲ့ နာဋသတ္တ ဆိုတဲ့ သက္ကတ အကပညာကျမ်းထဲမှာ ဒဿန၊ သိပ္ပံ၊ ဝိဇ္ဇာ၊ အနုပညာ၊ အကျင့်၊ လုပ်ငန်းသဘောမပါသည့် ရသစာပေဟူသည် မရှိ လို့ ရေးသားခဲ့ပါတယ်။. |
| 111 |
သိပ်မကျေလည်သလို ဖြစ်မိပေမယ့် ကျွန်တော်လည်း တခြားစကားလုံး စဉ်းစားမရဘူး။ ထားပါတော့ ရသဆိုတာ အနုပညာက ရိုက်ခတ်တဲ့စွမ်းအင်တစ်ရပ်လို့ပဲ အကြမ်းဖျဉ်းပြောကြပါစို့။ အဲဒီ "ရသ" ဟာ တစ်မျိုးတည်းရှိပါတယ်။ အနုပညာထဲမှာ ရှိပါတယ်။ အနုပညာအားဖြင့် ရပါတယ်။ ရသ ဟာ တစ်မျိုး တည်းသောသဘောကို ဆောင်ပါတယ်။. |
| 112 |
တခြားလမ်းကြောင်းတွေလည်း ရှိပါသေးတယ်။ ခံ့ညားလေးစားလာစေတဲ့ရသ၊ စိတ်တထင့်ထင့်ဖြစ်စေတဲ့ရသ၊ အသည်းတယားယားဖြစ်စေတဲ့ရသ စသဖြင့် အများကြီးပါပဲ။ ရှုပ်ထွေးဝေဝါးစေတဲ့ရသ ၊ အချစ်အမုန်းဆန့်ကျင်ယှဉ်ပြိုင်ခံစားရတဲ့ရသ စတာတွေဟာ ဒီနေ့ခေတ်မှာ ပိုမိုထိတွေ့လာရပါတယ်။ အနုပညာမှာ ရသဆိုင်ရာလမ်းကြောင်းသစ်တွေ ပွင့်လာပါတယ်။. |
| 113 |
အလင်းရောင်ရဲ့ လွှမ်းအုပ်မှုအောက်မှာ ဝတ္ထုပစ္စည်းဟာ အစိတ်စိတ်ကွဲဖြာနေပါတယ်။ ဝတ္ထုပစ္စည်းရဲ့ ပုံသဏ္ဌာန် ဟာ မူလအတိုင်းမဟုတ်ဘဲ ပြောင်းလဲသွားပါတယ်။ သမားရိုးကျပန်းချီသမားတွေ လက်မခံနိုင်တဲ့ အနေအထားပါပဲ။ ဒါပေမယ့် ဆဲဆိုအော်ဟစ်သံတွေကြားမှာပဲ အင်ပရက်ရှင်နစ်ဇင်ဟာ အောင်မြင်သွားပါတယ်။. |
| 114 |
အလင်းရောင်ကို ဖော်ပြနိုင်တဲ့ အရောင်တွဲစပ်မှု အသစ်တွေကို တီထွင်ခဲ့တယ်။ သူတို့ကြောင့် ပန်းချီလောကမှာ ဆေးစပ်ပုံ၊ စုတ်တံကိုင်ပုံတွေ ပြောင်းလဲသွားတယ်။ ပန်းချီရဲ့ ဘာသာဗေဒ ကို ပြန်လည် သုံးသပ်လာကြရတယ်။ အဲဒီကတစ်ဆင့် အနုပညာရဲ့ အနက်သဘော ကို ပြောင်းလဲသတ်မှတ်လာရတယ်။ "အာရုံခံစားချက်" ကိုလည်း နေရာပေးလာရတယ်။. |
| 115 |
အနုပညာရှင်ရဲ့ စိတ်အခြေအနေတစ်ရပ် ကို တင်ပြတာပါပဲ။ ဒါကြောင့် သူတို့ရဲ့ အနုပညာဟာ ခံစားသူဆီကို သက်ရောက်မှုတစ်ခု ထုတ်လွှင့်တာ လို့ ဆိုပါတယ်။ စိတ်ဝါဒဆီ ဦးတည်ပါတယ်။ သူတို့ရဲ့ အနုပညာကို စိတ်အတွင်းပိုင်းဆီကနေ နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ပါတယ်။ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုတော့ ဖြစ်ခဲ့ပါပြီ။. |
| 116 |
အရေးကြီးတဲ့ ပြောင်းလဲမှုပါပဲ။ လောကကြီးကို လူတွေက အမြင်နှစ်မျိုးနဲ့ အဓိပ္ပာယ်ဖတ်လေ့ရှိကြပါတယ်။ ပထမတစ်မျိုးကတော့ အရှိကိုအရှိအတိုင်း ဖတ်ကြားတဲ့ "အကြောင်းအချက်အဓိပ္ပာယ်" ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကိုယ့်ခံစားချက်နဲ့ ယှဉ်တွဲဖတ်ကြားတဲ့ စိတ်လှုပ်ရှားမှုအဓိပ္ပာယ် ဖြစ်ပါတယ်။. |
| 117 |
အိတ်စ်ပရက်ရှင်နစ်ဇင်တွေရဲ့ လောကအမြင်ဟာ ဒုတိယအမျိုးအစားထဲမှာ ပါပါတယ်။ သူတို့ဟာ သူတို့ရဲ့ အနုပညာကို စိတ်လှုပ်ရှားရိုက်ခတ်မှုအပေါ် အခြေပြုတင်ပြပါတယ်။ စိတ်လှုပ်ရှားမှု ရိုက်ခတ်မှု ဆိုတာက လူတိုင်းမှာ ဖြစ်ပေါ်တတ်တာမို့လို့ အိတ်စ်ပရက်ရှင်နစ်ဇင်ဟာ အားကောင်းကောင်းနဲ့ကို ပျံ့နှံ့စီးဆင်းသွားခဲ့ပါတယ်။. |
| 118 |
အနုပညာဖန်တီးမှုဟာ ဓမ္မဓိဋ္ဌာန်သဘော ကနေ ပုဂ္ဂလဓိဋ္ဌာန်သဘော ကို ကျယ်ကျယ်လောင်လောင် ရွှေ့ပြောင်းလာပါတော့တယ်။ နှောင်းပိုင်း အိတ်စ်ပရက်ရှင်နစ်တွေက နီဂရိုးအနုပညာကို လေ့လာမိရာကနေ ကျူဗစ်ဇင် ပေါ်ပေါက်လာပါတယ်။ လူတွေရဲ့ အသိဉာဏ်မြင့်မားလာတာနဲ့အမျှ လောကကြီးရဲ့ ရှုပ်ထွေးဆန်းကြယ်မှုကိုလည်း ပို "မြင်" လာတယ်။. |
| 119 |
လူရဲ့ မြင့်မားလာတဲ့အသိအမြင်အောက်မှာ နဂိုရှိရင်းစွဲတန်ဖိုး ဆိုင်ရာ အချက်အလက်တွေ၊ လမ်းဆုံးပန်းတိုင် ဆိုင်ရာ နှုန်းစံတွေဟာ နိမ့်ပြိုကျသွားတယ်။ လူဟာ လောကကြီးကို အလျားလိုက်ပဲ ဖြန့်မြင်လာတော့တယ်။ ။ ကျူဗစ်ဇင် ပန်းချီကားတွေမှာဆိုရင် "ထုထည်" သဘောမပါဘဲ အလျား၊ အနံနဲ့ပဲ ရေးဆွဲဖော်ပြကြတယ်။. |
| 120 |
ကင်းဗတ်စ်စ၊ ဆေးရောင်တွေနဲ့မှမဟုတ်ဘဲ သံပြား၊ သစ်ရွက်၊ ကောက်ရိုးမျှင် စတာတွေကိုလည်း ပန်းချီကားတစ်ချပ်အဖြစ် ဆင်ပြတာတွေရှိတယ်။ ပန်းချီကားပေါ် ပြင်ပအရာဝတ္ထုတွေ လျှောက်ထပ်ပြတာတွေလည်းရှိတယ်။ ဒီအနုပညာကို ဒီကြားခံပစ္စည်းတွေနဲ့ပဲ ဖွဲ့စည်းရမယ်ဆိုတဲ့ အကန့်အသတ်ကို ဖောက်ထွက်လိုက်တယ်။. |
| 121 |
အနာဂတ်ဝါဒဟာ စက်မှုတော်လှန်ရေးရဲ့ မီးခိုးတန်းကိုခိုပြီး လိုက်ပါရောက်ရှိလာတာပါ။ သူတို့ဝါဒမှာ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ ထုံးတမ်းစဉ်လာ ပုံသဏ္ဌာန်တင်ပြမှုတွေကို ပယ်ဖျက်ရန် ဆိုတာက ပထမအပိုင်းပါ။ အနာဂတ်ဝါဒီတွေဟာ လူတွေရဲ့ အတိတ်သမိုင်းကို စိတ်ပျက်ကြတယ်။ စိတ်ပျက်စရာတွေချည်းပဲလို့ မြင်ကြတယ်။. |
| 122 |
အဟောင်းတွေကို ခွာချပြီး အသစ်တွေကိုပဲ သုံးမယ်။ လောကသစ်မှာ အလှသစ်တွေကို ဖွဲ့မယ်။ "လူ" ကို အသစ်ပြန်မွေးမယ်ဆိုတဲ့ သဘောပါပဲ။ စက်မှုစွမ်းအင်လို ဖောက်ခွဲတင်ပြဖို့ ဆိုတာက ဒုတိယပိုင်းပါ။ စက်မှုသိပ္ပံရဲ့ ဒြပ် သဘော၊ အား သဘော၊ အလေးချိန် သဘောတွေကို သူတို့ရဲ့ အနုပညာမှာ အသုံးချဖို့ ရည်ရွယ်ပါတယ်။. |
| 123 |
ဥပမာ စာပေမှာဆို အလွန်အကျူးဖွဲ့နွဲ့တဲ့ တွေကို သုံးကြပါတယ်။ အတိဿယဝုတ္တိအနုပညာလို့ ဆိုကြပါစို့။ သူတို့ဟာ အနုပညာလွတ်လပ်ခွင့် ကို အမြင့်မားဆုံး တောင်းဆိုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါဒါဝါဒီတွေဟာ ကျိုးကြောင်းဆင်ခြင်မှုကို ဆန့်ကျင်သူ တွေ ဖြစ်ပါတယ်။ လောကကြီးဟာ အစီအစဉ်မကျဘဲ ဖြစ်ပျက်နေတာလို့ ယူဆကြပါတယ်။. |
| 124 |
အကြီးအကျယ် ဝေဖန်ခံရပါတယ်။ သူတို့ရဲ့ အနုပညာတင်ပြမှုတွေကို "အခြေအမြစ်မရှိတာတွေရဲ့ ဘာမဆိုင်ညာမဆိုင်ဖြစ်ပျက်နေမှု" လို့ အချို့က သတ်မှတ်ပါတယ်။ သူတို့ကလည်း မငြင်းတဲ့အတွက် ဝေဖန်သူတွေမှာ လွယ်မယောင်နဲ့ ခက်ကြရပါတယ်။ ဘာပဲပြောပြော သူတို့ရဲ့ အနုပညာဟာ ခံစားရသူရဲ့ စိတ်ကို ကတုန်ကယင် ဖြစ်သွားစေပါတယ်။. |
| 125 |
ကမ္ဘာ့စာပေကျမ်းတစ်စောင်က ဆယ်ရီယာလစ်ဇင်ကို ဒါဒါဝါဒနဲ့ စိတ်ပညာဆိုင်ရာ ဖရွိုက်ဒီယန်သီအိုရီ တို့ တွဲစပ်ထားတာလို့ ဖွင့်ဆိုထားပါတယ်။ ငြင်းမရအောင် ဟုတ်ခဲ့ပါသည်။ ဒါဒါဝါဒီအချို့ဟာ ဆယ်ရီယာလစ်ဇင်ခေါင်းဆောင်တွေအဖြစ် ဘဝပြောင်းခဲ့ကြပါတယ်။ အနုပညာကို သိစိတ်နဲ့ အပျက်ဆန်ဆန် ဖော်ဆောင်မှုဘက်ကို ကူးလိုက်ကြတာပါ။. |
| 126 |
နောက်တစ်ခါ ဂျာမန်သင်္ချာပညာရှင် ရိုင်းမင်းကလည်း ဂျီဩမေတြီဆိုင်ရာ သူတွေ့ရှိချက်တွေကို တင်ပြပြန်တယ်။ သူ့တွေ့ရှိချက်ကျပြန်တော့ တြိဂံတစ်ခုရဲ့ အတွင်းထောင့်သုံးခုပေါင်းဟာ ထောင့်မှန်နှစ်ခုထက် အမြဲကြီးနေပါတယ်။ ဘယ်သူမှားလဲလို့ စဉ်းစားစရာဖြစ်ပေမယ့် ဘယ်သူမှ မမှားကြလို့ ထပ်စဉ်းစားရပါတယ်။. |
| 127 |
မတူတဲ့ ရှုထောင့်တွေကနေပြီးတော့ အမှန်တရားရဲ့ မတူတဲ့မျက်နှာစာတွေပေါ်မှာ အခြေစိုက် ဖွင့်ဆိုမိတဲ့အခါ သီအိုရီတွေဟာ အထွေထွေအပြားပြား ပေါ်ထွက်လာတော့တာပါပဲ။ အဲဒီလိုနဲ့ အမှန်တရားဟာ အခြေအနေပေါ်မှာတည်တယ်ဆိုတဲ့ သမုတိသစ္စာဆိုင်ရာဝါဒ ဟာ ယခင့်ယခင်အချိန်တွေကထက် ပိုပြီး အလေးအနက် နေရာယူလာပါတော့တယ်။. |
| 128 |
ဒါဝင်သီအိုရီက တစ်ရွေ့ရွေ့ဖြစ်ပေါ်ပြောင်းလဲတတ်တဲ့ အီဗော်လူးရှင်းသဘောတရားကို ချပြခဲ့လို့ အတွေးအခေါ်ပိုင်းဆိုင်ရာမူဝါဒတွေဟာ အပြောင်းအလဲမရှိ တည်တံ့မှုကိုကိုင်စွဲတဲ့ ကနေ ပြောင်းလဲရွေ့လျားမှုနဲ့အတူ လိုက်ပါလာတဲ့ ဆီကို ရွေ့သွားတယ်။ အမှန်တရားဟာ "ဖြစ်ရပ်" တစ်ခုတည်းမှာ ရပ်တန့်နေတာမဟုတ်ဘူး။. |
| 129 |
ဖြစ်စဉ်အလျှောက် တွေးခေါ်မှု တွေ ရှင်သန်ရုန်းကြွလာတယ်။ ။ လက်ရှိခေတ်ကြီးကို အစောပိုင်းကာလလောက်မှာတည်းက လူ့အဖွဲ့အစည်းတွေ ထွေပြားများမြောင်တဲ့ခေတ် လို့ ပညာရှင်တွေက သတ်မှတ်ခဲ့ကြတယ်။ သူ့ယုံကြည်ချက်နဲ့သူ၊ သူ့အယူအဆနဲ့သူ၊ မှန်ကန်နေတဲ့ လူ့အဖွဲ့အစည်းတွေ၊ လွတ်လပ်များပြားလာတာကို ဆိုလိုတာပါပဲ။. |
| 130 |
အဲဒီလို ခေတ်ရင်ပြင်ထဲမှာ မော်ဒန်ယဉ်ကျေးမှုရဲ့ နှလုံးသည်းပွတ်အနေနဲ့ "မော်ဒန်အနုပညာ" ပွင့်လင်းထည်ဝါလာခဲ့ပါတယ်။ လက်ရှိခေတ်ရဲ့ ကမောက်ကမဖြစ်မှုကို အပြောဆုံးကတော့ သမိုင်းပညာရှင်တွေလို့ပဲ ကျွန်တော်ထင်ပါတယ်။ အတိတ်သမိုင်းတစ်လျှောက်မှာက လူမှုတော်လှန်ရေးတွေ ပေါ်ထွက်ပြီးမှ အသိပညာတွေ ပွင့်လင်းကြရပါတယ်။. |
| 131 |
ခုနောက်ပိုင်းခေတ်မှာကတော့ အသိပညာပွင့်လင်းမှုတွေက ရှေ့ကပြေးပြီး လူမှုတော်လှန်ရေးတွေက နောက်က တဖားဖားလိုက်နေရပါတယ်။ အနုပညာမှာလည်း အဲဒီလိုအဖြစ်မျိုးတွေ သက်ဝင်နေခဲ့ပါတယ်။ အနုပညာနဲ့ အနုပညာဒဿနမှာ အားလုံးသိကြတဲ့အတိုင်း အနုပညာက အရင်ပေါ်ပေါက်ပါတယ်။ ပြီးမှ အနုပညာဒဿန ပေါ်ပေါက်လာပါတယ်။. |
| 132 |
ဒါပေမယ့် အနုပညာဒဿနက အစဉ်အလျင်မပြတ် ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့အတွက်ကြောင့် အနုပညာဒဿနတွေရဲ့နောက်ကို အနုပညာတွေက ပြန်လိုက်ရတာတွေလည်း အပြိုင်းပြိုင်း တွေ့မြင်နေရပါတယ်။ ဒါလည်းသဘာဝကျပါတယ်။ အနောက်တိုင်းရဲ့ အနုပညာဒဿနတွေမှာဆိုရင် "ပလေတို" ရဲ့ အယူအဆတွေဟာ အစောဆုံးလို့ သတ်မှတ်ခံရပါတယ်။. |
| 133 |
နောက်ပိုင်း ပညာရှင်တွေက အနုပညာဒဿနကို ပြည့်စုံသည်ထက် ပြည့်စုံအောင် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ယူကြရပါတယ်။ အနုပညာနည်းစနစ်ဟောင်းတွေနဲ့ ဖော်ဆောင်လို့မရတဲ့ အနုပညာဒဿနသစ်တွေကိုလည်း ဖော်ထုတ်ကြပါတယ်။ အဲဒီလိုနဲ့ပဲ အနုပညာနည်းစနစ်သစ်တွေ ပေါ်ပေါက်လာပြီး "မော်ဒန်အနုပညာ" ရှင်သန်ခွင့်ရခဲ့ပါတယ်။. |
| 134 |
တချို့က လောကကြီးကို ပြန်သုံးသပ်ကြတယ်။ လောကကြီးကို ပြောင်းလဲနိုင်အောင် ကြိုးစားကြတယ်။ အနုပညာသမားထဲမှာတော့ အဲဒီလို လူအများစုဟာ သရုပ်မှန်ဝါဒီအဖြစ် ရပ်တည်ကြတယ်။ တချို့ကတော့ လောကကြီးအပေါ်ထားရှိတဲ့ ကိုယ့်အမြင်ကို ပြန်သုံးသပ်ကြတယ်။ ကိုယ့်ကိုယ်ကို ရှာတွေ့နိုင်အောင် ကြိုးစားကြတယ်။. |
| 135 |
ဇာတ်ဆောင်ရဲ့ ရင်တွင်းအတွေးနဲ့ ရင်တွင်းခံစားမှု တွေကို အဓိကထား ဖော်ပြပါတယ်။ အာရုံငွေ့ခံစားမှုရဲ့ လွတ်လပ်သောအစီးအမျော ကို ဖွင့်ထုတ်ပါတယ်။ "စိတ်ကိုအထိန်းချုပ်လွှတ်ပြီးရေးရင် ရတာပဲ လွယ်တယ်" လို့ တချို့တွေထင်ကြပါတယ်။ ဒါပေမယ့် အတော်ခက်တဲ့အရေးအသား ဖြစ်ပါတယ်။ ရေးတတ်ရင် ရေးတတ်သလောက်လည်း ကောင်းပါတယ်။. |
| 136 |
ပစ္စုပ္ပန်တည့်တည့်ကိုသာ ကြည့်ပါတယ်။ ပစ္စုပ္ပန်အခိုက်အတန့်လေးအတွင်းရဲ့ ဖြစ်တည်မှုကို အလေးဂရုပြုပါတယ်။ အဲဒီ ပစ္စုပ္ပန်ဖြစ်တည်မှုတွေရဲ့ မခိုင်မာမှု၊ ဖရိုဖရဲပြိုကွဲမှုတွေကိုလည်း အနုပညာအမြင်တစ်ခုအနေနဲ့ တင်ပြပါတယ်။ အဲဒီအယူအဆ၊ အဲဒီအမြင်ဟာ မော်ဒန်စာပေအပေါ်မှာ ဩဇာအတော်လွှမ်းခဲ့ပါတယ်။. |
| 137 |
အဲဒီလိုနဲ့ပဲ သရော်တတ်တဲ့ပညာရှင်တွေရဲ့ ပါးစပ်ဖျားမှာ လူဟာ နတ်တစ်ပိုင်း၊ မျောက်တစ်ပိုင်းသတ္တဝါအဖြစ် ရယ်စရာကောင်းနေပါတယ်။ လူဟာ အချိုးအစားပျက်ခဲ့ရပါတယ်။ အဲဒီလိုပဲ လူကမြင်နေရတဲ့ လောကကြီးမှာလည်း အရာရာဟာ အချိုးအစားပျက်နေတယ်။ မော်ဒန်အနုပညာထဲမှာ အချိုးဖျက်ခြင်း နည်းပညာတွေ ဝင်ရောက်လာတော့တယ်။. |
| 138 |
အကြောင်းအရာအနေအထားတွေကို လွဲပြခြင်း။ အရှိတရားနဲ့ အသိတရားကို လိမ်ဖယ်ပြခြင်း။ နှုန်း၊ စံ၊ တို့၏ "အား" ကို အတိုးအလျှော့လုပ်ခြင်း။ အစိတ်အပိုင်းကို တစ်ခုလုံးအသွင်ဖြင့်ပြုခြင်း။ မသက်ဆိုင်သော အခြင်းအရာတို့မှ အလွှာများကို စံပြ၊ တပ်ပြခြင်း။ ကိုင်တွယ်မှုများကို ပုံသဏ္ဌာန်ပြောင်းခြင်း။. |
| 139 |
ဟာ အချိုးဖျက်ခြင်းနည်းစနစ် နဲ့ ဖော်ဆောင်တဲ့ အနုပညာတစ်ရပ်ပါ။ ၁၆ ရာစုနှစ်တွေထဲမှာ အီတလီမှာ အားကောင်းခဲ့ပါတယ်။ ဆိုတဲ့ စကားတစ်လုံးလည်းရှိပါတယ်။ နဲ့ သဘောတရားအားဖြင့် အတော်တူပါတယ်။ အချိုးဖျက်ခြင်းနည်းစနစ်တွေဟာ အနုပညာသမိုင်းရဲ့ ရှေ့ပိုင်းခရီးတွေမှာကတည်းက ရှိနေခဲ့ကြောင်း ပြောချင်တာပါ။. |
| 140 |
အဓိပ္ပါယ်နှစ်မျိုးထွက်တဲ့ စကားလုံးတွေ တွေကိုလည်း တမင်တကာ ထည့်သွင်းရေးသားထားတာတွေ တွေ့ကြ၊ မြင်ကြရမှာပါ။ မသိစိတ်ရဲ့ ရိုက်ချက်ကို ခံယူတင်ပြတဲ့အတွက်ကြောင့်လည်း မသိစိတ်ရဲ့ အတားအဆီးကင်းလွတ်မှု အရ ဝတ္ထုတိုထဲမှာ အရာရာဟာ လွတ်လပ်စွာ စီးမျောပါတယ်။ သဒ္ဒါဗေဒတံတိုင်းတွေ တွန်းလှဲခံရပါတယ်။. |
| 141 |
ကို စိတ်သရုပ်ဖော်ဝတ္ထုများမှာ အဓိက တွေ့ရပါတယ်လို့ လီယွန်အီဒဲလ်က သူရဲ့ စာပေကျမ်းတစ်စောင်မှာ မှတ်ချက်ချပါတယ်။ သိစိတ်အလျင်ရေးနည်း နဲ့ ရေးသားထားတဲ့ ဝတ္ထုတွေကို ဥပမာပေးပါတယ်။ အနုပညာအခင်းအကျင်းတစ်ခု ဖြစ်လာဖို့အတွက် ဒြပ်မဲ့အနေအထားတစ်ရပ်အဖြစ်နဲ့ စိတ်ရဲ့အင်အားဟာ ကျယ်ပြန့်ထွေပြားလာပါတော့တယ်။. |
| 142 |
အနုပညာနယ်ပယ်ထဲကို စိတ်ပညာရှုထောင့်က ချဉ်းကပ်တာဟာ ထူးဆန်းထွေလာကြီးတော့ မဟုတ်ပါဘူး။ ဂန္ထဝင်ခေတ်အနုပညာ ဖော်ဆောင်မှုတွေမှာကတည်းက ဟစ်ပိုကရေးတီးရဲ့ စိတ်ပိုင်းဓာတုဗေဒ ကို ကိုင်ဆွဲဖော်ဆောင်ခဲ့ကြတာ တွေ့ရှိပါတယ်။ ဒီနေ့ အဆင့်မြင့်သိပ္ပံခေတ်မှာကတော့ စိတ်ကူးခြင်းက ထွက်ပေါ်လာတဲ့ လျှပ်စစ်ဓာတ် တွေကို ရှာတွေ့လာတယ်။. |
| 143 |
ဝေဖန်ရေးသစ်ဝါဒီတွေက ရင်းမြစ်ပုံစံ၊ ဆိုတဲ့ စကားလုံးအဖြစ်နဲ့ စာပေဝေဖန်ရေးသဘောတရားကျမ်းတွေမှာ ဖွင့်ဆိုပါတယ်။ အဲဒီသဘောတရားကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ က သိစိတ်ကို ရည်ညွှန်းပါတယ်။ ပင်လယ်ထဲမှာရှိတဲ့ ကျွန်းတစ်ကျွန်းရဲ့ မြင်ရတဲ့အပိုင်းနဲ့ အလားသဏ္ဌာန်ယူလို့ရပါတယ်။ က မသိစိတ်ကို ရည်ညွှန်းပါတယ်။. |
| 144 |
အတိုင်းအတာကို သတ်မှတ်ဖော်ပြဖို့ မဖြစ်နိုင်ဘူးလို့ ယွန်းက ပြောပါတယ်။ လူသဘာဝရဲ့ ဇာတိစိတ်၊ လူ့အသိရဲ့ ဇီဝကမ္မအနေအထားတွေထဲမှာကို ရှေးအတိတ်ကတည်းက အနည်ကျကျန်ခဲ့တဲ့ မသိနိုင်သော အမှတ်သညာတွေလို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။ စိတ်သရုပ်ဖော်ဝတ္ထုတွေမှာ တွေ့ရတတ်တဲ့ တချို့အချက်တွေဟာ ရင်းမြစ်ပုံစံ တွေပဲ ဖြစ်ပါတယ်။. |
| 145 |
လူ့အကြောင်း၊ လူ့ယဉ်ကျေးမှုအကြောင်းကို လျှို့ဝှက်သော သဲလွန်စတွေ အများကြီးပေးနိုင်ပါတယ်။ ပြောချင်တာကတော့ မော်ဒန်အနုပညာကို လမ်းခင်းပေးတဲ့ မသိစိတ်ဟာ ကြောက်စရာကောင်းလောက်အောင် တန်ခိုးထက်တယ်ဆိုတာကိုပါပဲ။ ဂရိတွေရဲ့ ရှေးဟောင်းအယူအဆအရ အနုပညာဟာ အီယော့စ်နတ်ဘုရားဆီက ဆင်းသက်လာသယောင်ယောင်ပါပဲ။. |
| 146 |
ဒါပေမယ့် ဘယ်သူ့ရဲ့ ဖွင့်ဆိုချက်ကမှ ပြည့်စုံကုံလုံမှု မရှိခဲ့ပါဘူး။ အတိုင်းအတာတစ်ခုအထိ မှန်တဲ့ဖွင့်ဆိုချက်ဟာ အဲဒီအတိုင်းအတာကို ကျော်တဲ့အခါ မှားသွားတယ်။ ခေတ်တစ်ခုမှာ မှန်တဲ့ဖွင့်ဆိုချက်ဟာ နောက်ခေတ်တို့ရဲ့ ရင်ပြင်မှာ မှားသွားတယ်။ အနုပညာဆိုတာ ဘာလဲ။ အနုပညာ ဆိုတာ လက်တင်စကား ဆိုတာက ဆင်းသက်လာပါတယ်။. |
| 147 |
ပါမောက္ခဘဲနက်ကတော့ အနုပညာရဲ့အဓိပ္ပာယ်ကို ယေဘူယျကျအောင် ဖွင့်ဆိုမှုတွေ လိုက်ပေးနေမယ့်အစား အနုပညာလေ့လာနည်းပုံစံသစ်တွေကို ရှာဖွေသင့်တယ်လို့ မိန့်ဆိုပါတယ်။ တန်ဖိုးရှိတဲ့စကားလို့ ကျွန်တော် ထင်မြင်မိပါတယ်။ အနုပညာလေ့လာနည်းပုံစံသစ်တွေက အနုပညာဖန်တီးမှု နည်းလမ်းသစ်တွေကို ပေးပါတယ်။. |
| 148 |
ဒါကြောင့်လည်း သူတို့ရဲ့ အနုပညာတွေဟာ ပုံသေနည်းကျဆန်တဲ့ တွေမဟုတ်ဘဲ ပုံသေနည်းကျမဆန်တဲ့ တွေ ဖြစ်နေပါတယ်။ သူတို့ရဲ့ အနုပညာကို ဖြန့်ကျက်ပြထားတဲ့အသွင်နဲ့ မြင်ရပါတယ်။ လက်ရှိ ရှုပ်ထွေးများပြားလှတဲ့ သိပ္ပံခေတ်ကြီးမှာ လောကကြီးက ယန္တရားဆန်သလို လူကလည်း စက်ရုပ်ဆန်နေပါတယ်။ ပြက္ခဒိန်ကွက်ထဲက ကာလတစ်ခုမှာ နေရတယ်။. |
| 149 |
နာရီဒိုင်ခွက်ထဲက အချိန်တစ်ခုမှာ ရှင်သန်ရတယ်။ ကွန်တိုမြေပုံထဲက ဒေသတစ်ခုမှာ ရပ်တည်ရတယ်။ ထုံးတမ်းစဉ်လာ သတ်မှတ်ထားပြီးသား စံနှုန်းတွေ၊ တန်ဖိုးတွေအောက်မှာ လူးလွန့်ရွေ့လျားရတယ်။ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေကို နာခံရတယ်။ ခေတ်လူဟာ သူ့ကိုယ်သူ စက်တစ်ခုရဲ့ အစိတ်အပိုင်းကလေးတစ်ခုလိုပဲ ခံစားရတယ်။. |
| 150 |
အဲဒီလိုနဲ့ မော်ဒန်အနုပညာဖန်တီးမှုတွေမှာ "တည်ချက် ဖြန့်ပြမှု" တွေကို တွေ့မြင်လာရတယ်။ အလျားအနံကိုပဲပြတယ်။ ထုထည်ဖျောက်ထားတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတာတွေကို မဆွေးနွေးနိုင်တော့ဘူး။ ဆောင်းပါးအရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ဘာ့ခ်ဆင်ရဲ့ အယူအဆလိုပဲ၊ ကာလအလျင်တစ်ခုမှာ ရှင်သန်နေတယ်လို့ပဲ ထင်မြင်လာတယ်။. |
| 151 |
ကာလဖြန့်ပြမှု တွေကို တင်ပြလာတယ်။ ဆိုကြပါစို့။ မော်ဒန်အနုပညာတွေမှာ တို့ "ဘောင်" ဖြိုချလိုက်ကြတယ်။ အိုင်းစတိုင်းရဲ့ ရီလီတီဗတီသီအိုရီ ပေါ်ပေါက်ပြီးနောက်မှာ တန်ဖိုးနှုန်းစံ သတ်မှတ်ချက်တွေဟာလည်း ပြိုကျသွားတယ်။ အနီးအဝေး၊ အကြီးအသေး စတာတွေက နှိုင်းယှဉ်တန်ဖိုးအဖြစ်သာ ပေါ်ပေါက်ကြတာဖြစ်တယ်။. |
| 152 |
မော်ဒန်ဝတ္ထုတွေမှာ အထင်ရှားဆုံး တွေ့မြင်ရပြန်တာကတော့ ပန်းတိုင်ဖြန့်ပြမှု ပါပဲ။ ဒီနေရာမှာ ကို နည်းနည်းရှင်းရပါလိမ့်မယ်။ ဟာ မူရင်းအားဖြင့် ဂရိစကားလုံးက ဆင်းသက်လာပြီး "လှေကား" လို့ အဓိပ္ပာယ်ရပါတယ်။ ဝတ္ထုသဘောတရားအရတော့ ဇာတ်ထွတ်လို့ ဖွင့်ဆိုကြပါတယ်။ ဇာတ်လမ်းရဲ့ အရှိန်အမြင့်ဆုံးအဆင့်ကို ဆိုလိုပါတယ်။. |
| 153 |
ပြောနိုင်ချေရှိလို့ ပြောတယ်လို့ပဲ ယူဆရပါတယ်။ မရှိတော့ပါဘူး။ ဝါးပြီး ပျောက်သွားပါတယ်။ ဂျွိုက်စ်ရဲ့ ၊ ဖော့ကနာရဲ့ စတာတွေဟာ ပန်းတိုင်ဖြန့်ရေးသားမှုမှာ နာမည်ကြီးလှပါတယ်။ သိပ္ပံပညာရဲ့ ဆန်းကြယ်နက်ရှိုင်းမှုကို ထပ်မံရှာဖွေရင်း သိပ္ပံပညာရှင်တွေဟာ "ကစဉ့်ကလျားသီအိုရီ" ကို ထပ်မံတွေ့ရှိကြပြန်ပါတယ်။. |
| 154 |
နေပူကြီးက မိုးရွာချတာ၊ ငြိမ်သက်နေရာက လေပြင်းကျတာ၊ လူကောင်းပကတိက ခေါက်ခနဲသေသွားတာ၊ စာတော်လှပါလျှက်နဲ့ အောင်မှတ်မရတာ စတာတွေအားလုံး အားလုံးဟာ သိပ္ပံကျတဲ့ ကစဉ့်ကလျားဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒီသီအိုရီကချပြတဲ့ အခြေခံအချက်နှစ်ခုကို တွေ့ရပါတယ်။ ရှိရင်းစွဲစံနှုန်းတို့ တည်တံ့မှုမရှိတော့ခြင်း။. |
| 155 |
ယန်းပေါဆတ် ကတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ မှာ "အကြောင်းပြချက်မရှိ၊ ဆင်ခြင်ခြင်းမရှိ၊ လိုအပ်ခြင်းလည်းမရှိ" လို့ ကြွေးကြော်ဖူးပါတယ်။ အကြောင်းတရားတစ်ခုကနေ အကျိုးတရားတစ်ခုဆီကို ဦးတည်ပြီးရေးတဲ့ ဝတ္ထုမျိုးကို အယုံအကြည်နည်းလာကြပါတယ်။ အစ်ဇိုင်းရ်ဘာလင်ရဲ့ အယူအဆမျိုးကို အစားထိုးကိုင်စွဲလာကြပါတယ်။. |
| 156 |
ဘာလင်က ဖြစ်ရပ်တစ်ခုဟာ အကြောင်းတရားတစ်ခုရဲ့ အကျိုးဆက်ဆိုတာမျိုးကို လက်မခံလှပါဘူး။ ဆိုတဲ့ သဘောမျိုးနဲ့ စိတ်ဆန္ဒအရသာ လူတွေ လှုပ်ရှားနေကြတာလို့ ပြောပါတယ်။ စိတ်ရဲ့ အကောင်းအဆိုးအခြေခံလက္ခဏာတွေက ရုပ်ကို လွှမ်းမိုးထားပြီး ရုပ်ဟာ စိတ်ရဲ့ စေစားရာအတိုင်း ပြုမှုလှုပ်ရှားတယ်ဆိုတဲ့သဘောမျိုးကို တင်ပြပါတယ်။. |
| 157 |
ဒီတိုင်း အတိအကျကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မော်ဒန်တွေကတော့ အဲဒီသဘောအတိုင်း ရေးဖွဲ့ လာကြပါတော့တယ်။ ဥပမာ ပုံသဏ္ဌာန်ဖျက်ချထားတဲ့ ဝတ္ထုတွေကို ပို့စ်မော်ဒန်ဝတ္ထုတွေမှာ အထူးသဖြင့် တွေ့ရှိရပါတယ်။ ခေတ်အမြင်၊ ခေတ်အလျင်တွေနဲ့ ဆက်စပ်နေပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဥပါဒ်၊ ဌီ၊ ဘင်၊ အယူအဆနဲ့လည်း နှီးနွယ်နေပါတယ်။. |
| 158 |
ပုံသဏ္ဌာန်တွေရဲ့ မခိုင်မာမှု၊ ပုံသဏ္ဌာန်တွေကို အပီအပြင် မတွေ့ရှိမှု စတဲ့အချက်တွေဟာ လက်ရှိလောကကြီးရဲ့ သွင်ပြင်မျက်နှာလို ဖြစ်နေပါတယ်။ ဖြစ်ခြင်းနဲ့ပျက်ခြင်းကို တစ်ဆက်တည်း ပေါင်းရေးလိုက်တဲ့အခါမှာ ပုံသဏ္ဌာန်ဟာ မပေါ်လွင်တော့ပါဘူး။ ပုံသဏ္ဌာန်ဖျက်ချထားတဲ့ ဝတ္ထုတွေ ဖြစ်နေပါတော့တယ်။. |
| 159 |
ဒီဆောင်းပါးမှာတင်ပြတဲ့ အချို့သောအကြောင်းအချက်တွေဟာ ယေဘုယျသဘော တင်ပြထားတာတွေဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့်လို့ပဲ ဆိုကြပါစို့။ ဥပမာပေးထားတဲ့ ဝတ္ထုစာသားတွေကတော့ ကျွန်တော့်အနီးမှာ အဆင်သင့်ရှိနေတဲ့ မော်ဒန်ဝတ္ထုတိုတစ်ပုဒ်ထဲက စာသားတွေဖြစ်ပါတယ်။ မနော်ဟရီရဲ့ "ရပ်တံ့နေတဲ့အလင်း" ဝတ္ထုဖြစ်ပါတယ်။. |
| 160 |
ဟု ကိုနုက အလောတကြီး မေးလေသည်။ သူတို့သည် ကိုနုကို ဝိုင်းထားကြလေ၏။ တင်မောင်က ကိုနု၏နားအနားသို့ကပ်ပြီး ဆုံးဖြတ်ချက်ကို သွင်းလိုက်လေရာ ကိုနုသည် စွန့်စားရဲသော ရဲဘော်တို့အတွက် အားတက်မိ၏။ ရွှင်မြူးမိလေ၏။ "ဒီဆုံးဖြတ်ချက်ကို မနက်ဖြန် အစည်းအဝေးကျမှ ပြောပြရမယ်။ ဒီကနေ့ မပေါက်ကြားကြစေနဲ့နော်"။. |
| 161 |
ညိုထွန်းတို့သည် အောက်သို့ဆင်းကြလေ၏။ လှေကားထစ်ဆုံးအောင်မှ မဆင်းရခင် ကျော်သိန်းနှင့် ဘချစ်တို့သည် ကပျာကယာနှင့် ရှေ့တံခါးပေါက်မှ ဝင်လာကြသည်ကို တွေ့ရလေ၏။ ကျော်သိန်းသည် ညိုထွန်းတို့လူစုအား မျက်နှာမရွှင်ပျဘဲ ပါးစပ်ဖြင့် ပြုံး၍ကြည့်ပြီး ညိုထွန်းကို လက်ယပ်ခေါ်လေ၏။ ညိုထွန်းလည်း ဘချစ်တို့ထံ အပြေးဆင်းလာလေ၏။. |
| 162 |
ဟု ကျော်သိန်းက မေးလေ၏။ "ဒါတော့ မင်းတို့သဘော၊ စဉ်းစားကြလေ။ မင်းတို့က ကလေးမှမဟုတ်ဘဲ။ ငါတို့အလိုကတော့ သပိတ်မှောက်စေချင်တာပဲ"။ ဟု ပြောပြီး တင်မောင်ကိုခေါ်၍ ညိုထွန်းသည် မြို့တွင်းသို့သွားလေ၏။ ကျော်သိန်းနှင့် ဘချစ်ကား ညိုထွန်းတို့ ကားပေါ်တက်မိ၍ ကားထွက်သွားသည့်တိုင်အောင် ကြည့်ကျန်ရစ်ခဲ့ကြ၏။. |
| 163 |
သူတို့ကား ယခုအခါ စဉ်းစား၍မရ။ သူတို့စိတ်ကား ကောင်းကင်ပြာကြီးကဲ့သို့ ဟာလာဟင်းလင်း ဖြစ်လျက်နေ၏။ မော်တော်ကားသံ၊ သမဂ္ဂအသင်းစားပွဲရုံမှ ဇွန်းသံ၊ ပန်းကန်သံ၊ ဆိုင်မှ စကားပြောသံဆိုသံများသည် ထွေးလုံးရောနှောလျက် တံစက်မြိတ်မှ ရေကျသကဲ့သို့ မဝေခွဲနိုင်သော သူတို့နားတွင်းသို့ ကျလျက်နေကြလေသည်။. |
| 164 |
သူ့ဖခင်ကား လုံချည်စုတ်၊ အင်္ကျီပေါက်၊ ခေါင်းပေါင်းညစ်ဖြင့်။ သူ့အဖေသည် သူ့အား ကျောင်းမထားနိုင်။ သူ့အမေကား သူနှင့် နှမနှစ်ယောက်ကို ချန်၍ ဘဝတစ်ပါးကို ပြောင်းသွားလေပြီ။ သူ့ဒွေးလေးမှာ ကလေးမရှိ။ သူ့ဒွေးလေးယောက်ျားသည် သူ့အားအတော်ချစ်၏။ သူ့ဒွေးလေးယောက်ျားကြောင့် သူကျောင်းနေရ၏။. |
| 165 |
သူသည် သင်္ဘောပေါ်မှ လှိုင်းတံပိုးများ မြင်ရသကဲ့သို့ မူးသလိုလို အော့သလိုလို၊ ရင်ဆို့သလိုလို ခံစားနေရလေ၏။ ဤဒုက္ခသည်များအတွက် သူ စာကို ကြိုးစားလာခဲ့သည်။ ဤဒုက္ခသည်များကို ကျွေးမွေးမည်၊ စောင့်ရှောက်မည်၊ ကျေးဇူးဆပ်မည်ဟူသော ဇွဲဖြင့် ဤအတန်းစာကို ဖတ်ခဲ့၏။ ဘချစ်သည်လည်း သူကဲ့သို့ပင် တွေး၏။. |
| 166 |
သူတို့အတွက် အိုင်စီအက်ရအောင် မှန်းခဲ့မိလေသည်။ ယခုမူ အခက်ကြုံရလေပြီ။ ဒီလမ်းမဟုတ်က ဟိုလမ်း၊ ဟိုလမ်းမဟုတ်က ဒီလမ်း၊ သူတို့သည် မျိုးချစ်စိတ်ရှိကြ၏။ ဗမာဆင်းရဲသား တောသူတောင်သားတို့အကျိုးကို ဆောင်ရွက်လိုကြ၏။ အမျိုးကို အညွှန့်တုံးအောင် အညွန့်အတက်တွေက ဖဲ့နေသော ပညာရေးစနစ်ကို ဖျက်လိုကြ၏။. |
| 167 |
သည်အလုပ်ကိုဝင်က မှန်းချက်တွေ ပျက်ကုန်တော့မယ်။ မိဘဆွေမျိုးများ သူတို့တွင် မျှော်လင့်ခဲ့သမျှသည် ခဲလေသမျှ သဲရေကျတော့မည်။ သူတို့တစ်တွေ ဒုက္ခရောက်သည်ထက် ရောက်တော့မည်။ သူတို့ကား ဘယ်လမ်းလိုက်ရမည်နည်းဟု စိတ်တွင်မေးကြ၏။ ကောင်းကင်ပြာကြီးကို ကြည့်ကြ၏။ ဟာလာဟင်းဖြစ်သော ကောင်းကင်ကြီးကား သူတို့ကို အဖြေမပေး။. |
| 168 |
ဟု ကျော်သိန်းက ဆုံးဖြတ်လေ၏။ "မှောက်မယ်၊ နောင်ခါလာ နောင်ခါဈေးကွာ။ မှောက်မယ်"။ ဟု ဘချစ်က ထောက်ခံပြန်လေ၏။ သူတို့၏စိတ်များသည် အိပ်ပျော်ခိုက် ဘီလူးစီးရာမှ လွတ်လာသူကဲ့သို့ ပေါ့ပါးသွားလေတော့၏။ ကမ္ဘာပေါ်တွင် အမွန်မြတ်ဆုံးသော အမျိုးအတွက် ကျရသော မျက်ရည်စကလေးများသည် ခန်းခြောက်စပြုလေ၏။. |
| 169 |
ဟု ဆိုကာ နှစ်ယောက်သား လည်ပင်းဖက်လျက် ကျောင်းဘက်သို့ သွားကြလေသည်။ ယနေ့ည ယခုအချိန်မှာ အလင်းရောင်မရှိတော့သဖြင့် သူတို့နှစ်ယောက်၏ အေးမြသောအရိပ်ကို ဤကမ္ဘာမြေကြီး မခံစားရပေ။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေအချိန်တွင် အဆောင်ဆောင်မှ ကျောင်းသားများစွာတို့သည် သမဂ္ဂအသင်းတိုက်သို့ သွားကြလေသည်။. |
| 170 |
အနောက်ဘက် ကောင်းကင်ပြင်တွင် နေထန်းတစ်ဖျားခန့်မျှ ရှိနေသေးသော်လည်း သမဂ္ဂအသင်းဆီသို့ကား နေရောင်ခြည်မဖြန့်လာ၊ တောင်ဘက်မှ လမ်းမကြီးပေါ်တွင်မူ နေရောင်ကျလျက်ရှိလေသည်။ အသင်းတိုက်၏ အနောက်ဘက်တွင် စုံထောက်အင်စပက်တော်နှင့် အခြားအရာရှိများသည် ကားကလေးနှစ်စီးဖြင့် သစ်ပင်အောက်မှ စောင့်နေကြလေသည်။. |
| 171 |
သူတို့၏အသွားအလာကို မျက်ခြည်မပြတ် စုံထောက်နေကြလေသည်။ မကြာမီပင် သမဂ္ဂအသင်းတိုက် အစည်းအဝေးခန်းမကြီးသည် ပြည့်သွားလေ၏။ ပင်းယမှ ဘဖေ၊ ဘမော်၊ ဘစိန် စသော အင်းလျားသူ လွယ်လွယ်ပိုးနိုင်ရန် ကျူတာနည်းပြ လုပ်လိုကြသူတစုတို့လည်း သူများတွေမှောက်ရင် ဒို့တစ်တွေလဲမှောက်မှာပဲဟူသော ဇွဲဖြင့် လာကြလေသည်။. |
| 172 |
အချို့မှာ ကိုနုကို ကျောင်းထုတ်ရာ ကိုနုသည် ကျောင်းအုပ်ကြီးကိုနှံသောစကား ပြောမည်ကို နားထောင်ရန် လာကြသည်။ အချို့ကား အစည်းအဝေးသို့ လာဖြစ်အောင်လာပါဟု တိုက်တွန်းသူများ၏အလိုကို လိုက်ခဲ့ကြလေသည်။ ကျောင်းသားနှစ်ရာလောက်ကား ဘယ်သူမမှောက်မှောက် ဒို့သပိတ်မှောက်မယ်ဟူသော ဇွဲဖြင့် အစည်းအဝေးတက်ကြသည်။. |
| 173 |
ဆရာကြီးအချစ်တော်များစွာနှင့် အိုင်စီအက်၊ ဘီစီအက်အလုပ်များကို သွားရည်တမြားမြားဖြင့် မျှော်ကြကုန်သော ကျောင်းတော်သားတို့သည်လည်း ကျောင်းဆောင်အသီးသီးတွင် ဆရာများနှင့် တီးတိုးစကားပြောကြရင်း ကျန်ခဲ့လေသည်။ အစည်းအဝေးခန်းတွင်းရှိ ကျောင်းသားများကား အုံပြောင်းခါနီးပျားများကဲ့သို့ တလှုပ်လှုပ်တရွရွ ဖြစ်နေကြလေ၏။. |
| 174 |
သူတို့သည် မြစ်ဝမှ ထွက်ခဲ့၍ ရှေ့အဖို့ ပင်လယ်ပြင်ကြီးတွင် လှေငယ်ကလေးကို လှော်ရမည်ဖြစ်သော လှေသမားများကဲ့သို့ စိတ်လေးသလိုလိုလည်းရှိ၏။ လိမ့်၍လိမ့်၍နေသော လှိုင်းကြီးများကဲ့သို့ လှိမ့်လှိမ့်ဝင်သော လူစုများ၊ ယိမ်း၍ယိမ်း၍ တိုးဝင်နေကြသော အချင်းချင်းများကို မြင်ရသောအခါ ပျော်သလိုလို ရှိလေ၏။. |
| 175 |
ကိုနုဝင်လာသောအခါ ရှေ့နားက လက်ခုပ်စတီးလိုက်၏။ နောက်အဝေးကြီးမှ ကြားလောက်အောင် အားကြိုးမာန်တက်တီးကြပြန်၏။ လက်ခုပ်သံဆူညံသလောက် ကျောင်းသားတို့၏စိတ်မှာ တက်ကြွလာပြန်လေ၏။ ကိုနုကား ဥက္ကဋ္ဌကုလားထိုင်သို့ မတက်၊ ကြိမ်ကုလားထိုင်ကြီးတစ်ခုပေါ်တွင် ဝင်ထိုင်လေရာ ကျောင်းသားများသည် အံ့ဩစွာ ကြည့်နေလေ၏။. |
| 176 |
အခန်းပြင်ဘက်တွင် လူးလာပြန် လမ်းလျှောက်ကာ လူများ၏အခြေအနေကို ကြည့်နေလေ၏။ သူသည် ရှမ်းလွယ်အိတ်ကလေးကို လွယ်ထားလေ၏။ ညိုထွန်းမှာ စက်ကရီထေရီအခန်းတွင် စာရေး၍ နေလေ၏။ အခြားအမှုဆောင်ကော်မတီများကား အစည်းအဝေးခန်းတွင် ရှေ့နား၌ ထိုင်ကြလေသည်။ သူတို့သည် များပြားလှသောလူထုကြီးကို ကြည့်ကြ၏။. |
| 177 |
ဟု မောင်ကြီးက ဘငွေအား ပြောလိုက်ရာ "ဟာ များဆို ဒါမှ ဒို့ကျောင်းသား"။ ဟု ပြောလေ၏။ အင်းလျားကျောင်းဆောင်မှ မမကြီး၊ မအုန်း၊ မအမာ၊ မခင်မြ၊ ထားမြင့် အစရှိသော ကျောင်းသူကြီးများနှင့် မာဂရက်၊ သောင်းရီ အစရှိသော ကျောင်းသူကလေးများသည် အစည်းအဝေးသို့ သွားချင်ကြ၏။ သူတို့သည် အစည်းအဝေးလာရန် ဖိတ်စာများ ရရှိကြ၏။. |
| 178 |
သို့သော် မလာလာအောင်၊ မလာချင်လာချင်အောင် ခေါ်သူမရှိ၊ ဖိတ်သူမရှိ။ ထိုအခါက ဤကိစ္စမျိုးတွင် ကျောင်းသူများသည် အားကျလိမ့်မည်၊ ပါဝင်လိမ့်မည်ဟု အားထားသောကျောင်းသား အလွန်နည်းလေသည်။ "ဟာ ဒီကောင်မတွေ ဝံ့မှာမဟုတ်ပါဘူး၊ ပါးစပ်ပြောလောက်သန်ကြတာပါ။ အစည်းအဝေးမလာလဲ အရေးမကြီးလှပါဘူး"။ ဟု အထင်သေးသူများပေ၏။. |
| 179 |
မကြာမီ မစ္စတာ ဒီ၊ ပီ၊ ဘနားဂျီ ဝင်လာပြီး စင်မြင့်ကလေးပေါ်တွင် တက်၏။ ကျောင်းသားများသည် လက်ခုပ်တီးကြလေ၏။ "ယနေ့အစည်းအဝေးမှာ ကိုနုကိစ္စကို ဆွေးနွေးရန် ဖြစ်ပါတယ်။ ကိုနုက သူ့ကိစ္စဖြစ်နေလို့ သူကိုယ်တိုင် အစည်းအဝေးကို မကြီးမှူးပါရစေနဲ့လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်ပဲ ကြီးမှူးရပါတယ်"။. |
| 180 |
ကိုနု ဆောင်ရွက်ခဲ့ပုံများကို ချီးကျူး၏။ ကိုနု နောက်ဆုံးပြောသော စကား၊ ထိုစကားကို ကျောင်းအုပ်ကြီးများက အရေးယူပုံများကို စီကာပတ်ကုံးပြောပြလေ၏။ မအုန်း၊ မမကြီး၊ မအမာ၊ ထားမြင့်၊ သောင်းရီနှင့် အခြားကျောင်းသူအချို့တို့သည် မမကြီးအခန်းရှေ့တွင်ရပ်ကာ တီးတိုးစကားဆိုနေကြလေ၏။ သူတို့ကား ငြိမ်ငြိမ်မနေနိုင်ကြ။. |
| 181 |
မောင်များ တစ်ဖက်တွင် မီးလောင်နေခိုက် နှမဖြစ်သူတို့တစ်တွေကား လက်ပိုက်ကာ မနေနိုင်။ အစည်းအဝေးတွင် ဘာတွေဆုံးဖြတ်ကြပါလိမ့်၊ ဘာစကားတွေ ဆိုကြပါလိမ့်၊ သူတို့ ဘာများလုပ်ကြပါလိမ့်၊ တဖြစ်တောက်တောက်နှင့် သူတို့ကား အချင်းချင်းမေးကြလေ၏။ ဆရာမကလည်း အစည်အဝေးသွားရန် ခွင့်မပြု။ ဆရာမက လေပျော့ဖြင့် တောင်းပန်ထားခဲ့သည်။. |
| 182 |
ဟု ကြေညာလိုက်ရာ ဆူညံစွာ လက်ခုပ်သံများ ပေါ်လာလေ၏။ ကျောင်းသားများသည် ကော်မတီ၏ စွန့်စားပုံကို ချီးကျူးကြ၏။ စစ်တပ်ချီတက်တိုက်ခိုက်ရာတွင် စစ်ဗိုလ်စွန့်စားသည်ကို မြင်ရသော စစ်သားများ အားတက်သကဲ့သို့ ကျောင်းသားများသည် အားတက်ကြကုန်၏။ သူတို့လည်း စွန့်စားကာ ရှေ့တိုးလိုကြ၏။ "ကျုပ်တို့လဲ လိုက်မယ်"။. |
| 183 |
ကျောင်းသားများလည်း သူတို့အား အုပ်စိုးနေသောဥပဒေကို ယခုမှ သိကြရလေ၏။ အချို့မှာ ငါတို့ကို ချုတ်ချယ်နေတဲ့ ဥပဒေဟာ သည်လောက်ပဲ ဆိုးသလားဟု အံ့အားသင့်နေကြလေ၏။ ဝင်ဒါမီယာဘက်၌ရပ်ကာ စောင့်ဆိုင်းနေသော ဘတ်စကားများလည်း အချိန်တန်ပြီ ဆုံးဖြတ်ပြီးလောက်ပြီဟု ယူဆကာ ယူနီဗာစီတီလမ်းမကြီးဆီသို့ မောင်းလာကြလေ၏။. |
| 184 |
တဖြည်းဖြည်း သမဂ္ဂအသင်းရှေ့သို့ ရောက်လာလေ၏။ အားလုံး စီတန်းကာ ရပ်နေကြလေသည်။ သမဂ္ဂအသင်းတိုက်ရှေ့၌ ရပ်ကာစောင့်နေသော စုံထောက်များသည်လည်း ကားများ ရုတ်တရက် ရောက်လာကြသဖြင့် အံ့အားသင့်သွားကြလေ၏။ အချို့စုံထောက်များသည် သမဂ္ဂဝင်းတွင်းသို့ ဝင်ပြီးနောက် အစည်းအဝေးသို့သွားရန် အနီးကပ်လေ၏။. |
| 185 |
ခင်ဗျားတို့က ကိုနုထုတ်တာ၊ ကိုညိုထွန်းကို ကျောင်းထုတ်တာလောက်သာ မြင်နေကြတယ်။ တစ်နှစ်တစ်နှစ် ထောင်ပေါင်းများစွာသော ကျောင်းသားတွေကို ထုတ်နေတာတော့ မမြင်ကြဘူးလား၊ ဘယ်လိုလဲ၊ ဘယ်လိုလဲ။ ဒီလိုကျောင်းကို စရိတ်ကြီးအောင် လုပ်ထား၊ ကျောင်းတွေ နည်းနည်းထား၊ ကြည့်ပါလား၊ ဗမာပြည်မှာ ကျောင်းပေါင်းသုံးကျောင်းဘဲ ရှိတယ်။. |
| 186 |
ဖေတင်၏နောက် ကျော်သိန်းက ထောက်ခံပြန်လေ၏။ ရှေးနှစ်များက သပိတ်မမှောက်ဘဲ အေးချမ်းစွာဖြင့် ကိုယ်စားလှယ်လွတ်ခြင်း၊ ကျောင်းသားများ အစည်းအဝေးလုပ်၍ ဆုံးဖြတ်ခြင်းပြုကာ လိုလားချက်များကို တောင်းဆိုခဲ့ကြသော်လည်း ကျောင်းအရာရှိများက အရေးမယူပုံ၊ ကတိဖျက်ခဲ့ပုံများကို ပြောကာ ထောက်ခံလေသည်။. |
| 187 |
ဘချစ်ကား လက်ပိုက်၍ ပြောကြသမျှစကားကို နားထောင်လေ၏။ လူအများ၏ မျက်နှာကို ကြည့်၏။ များသောအားဖြင့် စိတ်အားထက်သန်နေကြသော ကျောင်းသားများကိုသာ တွေ့ရလေ၏။ လှဖေကား အောက်ဆင်းသွားလေ၏။ ညိုထွန်း အစည်းအဝေးခန်းတွင်းသို့ ဝင်လာခဲ့လေ၏။ ဘသန်း၊ တင်ဦး၊ ဘိုးအေး၊ မောင်သင်း စသော လူတစ်စုသည် အောက်ဆင်းသွားကြလေ၏။. |
| 188 |
မကျေနပ်ဘူးဆိုတာ တိုးတက်ချင်တဲ့စိတ်ကို ပြတာ။ တိုးတက်ချင်တဲ့စိတ် ပေါ်လာရင် တိုးတက်ကြီးပွားတာပဲ။ ဒါကြောင့် သပိတ်မှောက်ရတာဟာ တိုးတက်ရေးလမ်းကို တန်းဝင်မိတာပဲလို့ ယူဆရမယ်။ သပိတ်မှောက်တာဟာ နိုးကြားတာကိုလဲ ပြတယ်။ နိုးကြားလေ သပိတ်မှောက်လေပဲ။ တစ်ခါ သပိတ်မှောက်ရင် လှုပ်ရှားထကြွ၊ ဆူပူရေးတွေ ဖြစ်လာတယ်။. |
| 189 |
နေရောင်ကြွင်းအချို့နှင့် တိမ်နီရောင်တို့ကား ပတ်ဝန်းကျင်လောကဓာတ်တွင် ကျက်စားနေလေသည်။ ခပ်ကွေးကွေး ငါးရက်လကလေးကိုလည်း တရေးရေးမြင်နိုင်လေပြီ။ ဘငွေနှင့် လှဖေတို့ကား အောက်တွင် တက်ခေါက်ရင်း မကျေမချမ်းဖြစ်နေကြလေ၏။ "ဘာလုပ်နေကြပါလိမ့်မလဲ။ ဆင်းခဲ့ကြတာမဟုတ်ဘူး"။ ဟု အားမလိုအားမရ ဖြစ်နေလေ၏။. |
| 190 |
ဟု တင်မောင်က ရှေ့နားကနေ၍ အော်၏။ "ကိုင်း ဆင်းကြ၊ ကားတွေရောက်နေပြီ"။ ဟု ကျော်သိန်းက လက်မြှောက်ကာ အော်လေ၏။ ဝုန်းဒိုင်းဝုန်းဒိုင်းနှင့် ဆူညံကြွေးကြော်သံများမှာ ပဲ့တင်ထပ်သွားလေ၏။ မြစ်ကမ်းကျိုးရာ ရေတွေ တဝေါဝေါနှင့် ထွက်သကဲ့သို့ ကျောင်းသားများမှာ တိုး၍ထွက်လာကြ၏။ ကားပေါ်သို့ တက်ကြကုန်၏။. |
| 191 |
တစ်စီးပြည့် တစ်စီးထွက်လေရာ ဘတ်စကားများ လိုနေလေ၏။ ကျောင်းသားက များနေ၏။ ဘတ်စကားများကို အလျင်အမြန် ရှာငှားကြလေသည်။ လမ်းလျှောက်လာကြသူ ကျောင်းသူရှစ်ယောက်ကား ဘတ်စကားတစ်စီးပေါ်တွင် တက်ကြ၏။ သူတို့ကား အစည်းအဝေး၌ ဘာပြောသည်၊ ဘာဆွေးနွေးသည်ကို မသိကြရ၊ သပိတ်မှောက်ပြီဟူသော စကားကိုသာ ကြားရ၏။. |
| 192 |
သူတို့ကား သပိတ်မှောက်ရန်လိုကြောင်း နားလည်ကြပြီး ဖြစ်သည်။ သပိတ်မှောက်ဖို့ အကြောင်းများကို အားလုံး သူတို့ခံစားပြီး သိပြီ ဖြစ်သည်။ ဘငွေ၊ ညိုမြနှင့် လူသုံးယောက်တို့သည် ဘတ်စကားတစီးကိုခေါ်ပြီး အင်းလျားကျောင်းဆောင်သို့ ပြေးကြလေ၏။ ဘတ်စကားကို ကျောင်းဝင်းအတွင်းသို့ အတင်းဝင်ပြီး သူတို့ဆင်းကြလေ၏။. |
| 193 |
အချို့မှာ ပုန်းနေကြလေ၏။ အချို့ကား ကြောက်ရွံ့ကြလေသည်။ "မစောခင်၊ ဝံသာနုမကြီး ထွက်ခဲ့ဗျို့"။ မကြာမီ မခင်မြ၊ မစောညွန့်၊ မတင်လှ၊ ဒေါ်ရိုသီသိန်းဖေ စသော မိန်းကလေးနှစ်ဆယ်ခန့်သည် ဆင်းလာကြလေ၏။ ပဲခူးသူ ခင်မြကား ရှေ့ဆုံးက ဦးဆောင်ကာ ဆင်းလာလေ၏။ အစီတို့၊ အရီတို့ကား ပျော်ရွှင်စွာ မျက်နှာထားလျက် လာကြလေသည်။. |
| 194 |
နောက် ခေါ်ကြ ဟစ်ကြပြန်လေ၏။ "သွား သွား၊ မောင်းဟေ့ ရှေ့ဆုံးကား"။ ရှေ့ဆုံးကကားသည် အလှူလှည့်သွားသလို ဖြည်းဖြည်းကလေး မောင်းလေ၏။ နောက်ကားများ ဆက်ကာဆက်ကာ လိုက်လေ၏။ ကားတန်းကြီးမှာ လင်းမြွေကြီး ကွေ့ကောက်သွားနေသကဲ့သို့ တူလေ၏။ မစ္စတာထင်းဆီသည် သူ့အိမ်ရှေ့မှထွက်ပြီး ကြည့်နေလေ၏။ သူကား ပြုံးဖြီးဖြီးနှင့်ပင်။. |
| 195 |
ဟု အချို့က လက်ပြ၏။ ဆရာထင်းဆီသည် ခါးညွှတ်ကာ အရိုအသေပြုလိုက်လေ၏။ ညိုမြတို့ပါလာသော ယုဝတီကားသည် နောက်ဆုံးမှ လိုက်ရလေ၏။ ကားသမားသည် ရှေ့မှသွားလို၏။ လမ်းကွင်း၍ မရ။ မိန်းကလေးများသည် အစက စကားမပြောနိုင်ကြ၊ ပျာလောင်ခတ်နေကြ၏။ "ဟိုမစောခင်ကြီးက သိပ်ရှော်တာဘဲ။ ခုတော့ မလိုက်ခဲ့ဘူးတဲ့"။. |
| 196 |
ငါးရက်လကလေးသည် ဝင်းဝါစပြုလာလေ၏။ တိမ်များသည်လည်း ကံအားလျော်စွာ ကွင်း၍ကွင်း၍ ရွက်တိုက်ကြကုန်၏။ "ကမ္ဘာမကြေ၊ ဗမာတွေ၊ ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒါငါဒို့ပြေ။ ကမ္ဘာမကြေ၊ ဟေ့ ဗမာတွေ၊ ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒါငါတို့ပြေ"။ ကိုနုအား ကျောင်းထုတ်လိုက်ပြီဟူသော သတင်းကို ဗမာပြည်တပြည်လုံးသည် များစွာဂရုစိုက်၍ ဖတ်ကြလေသည်။. |
| 197 |
ဟု ဝမ်းသာကြ၏။ သို့သော် နောက်တစ်နေ့ ကိုနု၏ ဘီအေစွန့်ကြောင်းစာတန်းနှင့် ကျောင်းအုပ်ကြီး၏ ထုချေစာကို သတင်းစာတွင် ဖတ်ကြရသောအခါ နဂိုက ကြည်ညိုသူတို့သည် ကိုနုအား ပိုမိုမြတ်နိုးလာကြလေ၏။ သူ့ကို များစွာ ချီးကျူးကြလေ၏။ မုန်းထားကြသော ရန်သူများသည် ကိုနုဘက်သို့ မေတ္တာညွတ်စပြုလာကြကုန်၏။. |
| 198 |
ဟု ဘီးလစ်စာရေးကြီးက သူ့စာရေးကြီးကတော်အား ပြောလိုက်၏။ "သူများ ဘယ်လောက်ဆူဆူမိုက်မိုက် ကျွန်မသားက လူလိမ္မာပါရှင့်။ ဘာမှစိုးရိမ်စရာမရှိပါဘူး"။ ဟု မယ်ခိုက ပြန်ပြောလေ၏။ စာမေးပွဲနားနီးချိန် ဤကဲ့သို့ တက္ကသိုလ်၌ မငြိမ်သက်ခြင်းကြောင့် မိမိသားသမီးများ စာသင်ပျက်မည့်အတွက် ပူပန်ကြသူများလည်းရှိလေ၏။. |
| 199 |
ကျောင်းသားခေါင်းဆောင်များ၏ မိဘများကား ကိုနုကျောင်းထုတ်ခံရလေလျှင် သူတို့သားများကို ကူးစက်တော့မည့်အတွက် ကူးစက်တော့မည်လောဟု ကြိုတင်၍ စိတ်မောနေကြလေ၏။ ထိုမိဘများမှာ အစက သူတို့သားများက စက်ကရီထေရီ၊ ငွေထိန်း၊ ပိဋကတ်တိုက်မှူး စသဖြင့် ကျောင်းသားခေါင်းဆောင်ရာထူးများဖြင့် ဂုဏ်ရှိခဲ့၍ ဝမ်းမြောက်ခဲ့ကြ၏။. |
| 200 |
ဓာတ်စက်ဖွင့်ကာ နားအရသာခံနေကြသော မြင့်မြင့်တို့ လှဝင်းတို့လည်း ဓာတ်စက်ကိုရပ်လျက် ထွက်ကြည့်ကြပြန်လေ၏။ "ဟာ၊ အများကြီးဘဲဟေ့၊ ဟင် ဟိုကနေပြီး ဒီအထိ ကားတန်းကြီး၊ ကျောင်းသားတွေ တစ်ထောင်လောက်ရှိမှာဟေ့"။ မောင်ဂိုမာရီလမ်းထိပ်သို့ ရောက်သောအခါ ကားတန်းကြီးသည် ပြန်ကွေ့လေ၏။ အပြန်တွင် ခပ်မြန်မြန်ကလေး မောင်းလာလေ၏။. |
| 201 |
သူတို့သည် သေးသွယ်သောလက်ကလေးများ နီလာသည်တိုင်အောင် လက်ခုပ်တီးကြလေ၏။ ရဲဇာနည်သီချင်းများကို ဆိုသူက ဆိုကြလေ၏။ "အာဏာပြင်းတဲ့ ဆရာကြီးကို ထမီဝတ်ပေးမယ်"။ ဟု အော်သူက အော်ကြ သည်။ မောင်ဂိုမာရီလမ်းမှ ချိုးပြီး ဘုရားလမ်းတစ်လျှောက်တွင် သပိတ်မှောက်သံပေးပြီး လာခဲ့ရာ ရွှေတိဂုံဘုရားခြေရင်းသို့ ရောက်ကြလေ၏။. |
| 202 |
ဟု ပြောလိုက်ရာ ဒုတိယအသည်က တတိယအသည်ကို တစ်ဆင့်လှမ်းလိုက်လေ၏။ သို့ဖြင့် "အုတ်ပေး၊ အုတ်ပေး၊ ရော့ဗျာ ရော့ဗျာ"။ ဟု အော်၍ အုတ်ချပ်များကို တစ်ဆင့်လှမ်းပေးသကဲ့သို့ သတင်းထူးမှာ တစ်ဆင့်တစ်ဆင့် ဘုရားပေါ်တက်သွားလေရာ ကျောင်းသားများ ဘတ်စကားပေါ်မှ ဆင်းမပြီးမီပင် ဘုရားကြီးရင်ပြင်သို့ သတင်းရောက်သွားလေ၏။. |
| 203 |
ငါးရက်လကလေးကား မှိန်းမေးသော မျက်နှာကလေးဖြင့် အနောက်ဘက် ဘုရားကြို ဘုရားကြားမှ ချောင်းမြောင်းကာ ကြည့်နေလေ၏။ ခပ်မှုန်မှုန်ဆိုင်းနေသော မြူမင်းလွင်နှင့် နှင်းများကို လရောင်တွင် မထင်မရှား မြင်ရပေ၏၊ ဆူပူဟစ်အော်နေကြသော ကျောင်းသားများကို လွှမ်းလျှက် ရွှေတိဂုံဘုရားကြီးမှ ဆည်းလည်းသံကလေးများသည် လွှင့်၍ လာလေ၏။. |
| 204 |
ဟု ထိုရေစည်ကြီးမှတက်ကာ ကြုံးဝါးသူတွေ ထိုနေ့က အတော်များလေသည်။ ညိုထွန်းသည် ဗလာစာအုပ်များကို ယူလာပြီး ကျောင်းဆောင်သဟာယအသင်းဥက္ကဋ္ဌများကို ပေးလေ၏။ ထိုစာအုပ်များဖြင့် ယနေ့ည သပိတ်မှောက်သူများကို စာရင်းကောက်ကြလေ၏။ လိုက်ပါသူများသည် မပြန်နိုင်စေရန် လက်မှတ်ထိုးဖို့ တောင်းဆိုကြလေ၏။. |
| 205 |
ဟု ပြောပြီး ကိုမြသည် အခြားသို့ ဂရုစိုက်လိုက်သောကြောင့် ယမ်းပုံမီးကျသကဲ့သို့ တင်မောင်သည် ဒေါပွလာ၏။ ရန်ပင်ဖြစ်ချင်လာလေ၏။ တောက်ခေါက်ပြီး ဒေါသတွေကို ပြင်ပထုတ်လျက် များစွာပင် ချုပ်နေလိုက်လေ၏။ တင်မောင်သည် သူ့လက်စွပ်နှင့် နာရီကြိုးကို ချွတ်ကိုင်လာပြီး ကိုလွင်ဆိုသော သူငယ်ချင်းကို လိုက်ရှာပြန်လေ၏။. |
| 206 |
ဘုရားဖူးလာသူများကား ဘုရားမဖူးနိုင်ကြဘဲ စကားပြောကြသည်ကိုသာ လာ၍ နားထောင်နေကြလေ၏။ နောက် စကားပြောနာမည်ကြီးသော မအမာသည် အချို့ကျောင်းသားများ တိုက်တွန်းလှသောကြောင့် စကားပြောရန် လာခဲ့လေ၏။ ရေစည်ကြီးမှာ ရင်ခေါင်းဆိုက်အောင် မြင့်နေသောကြောင့် စည်ပိုင်းပြတ်ကြီးတခုကို လှေကားဆင့်လုပ်၍ တက်ရလေသည်။. |
| 207 |
မအမာ တက်သောအခါ သွပ်ပြားမှာ ကွေး၍သွားရာ ဗြုန်းကနဲ စည်ပိုင်းတွင်းသို့ ကျသွားလေ၏။ ကျောင်းသားများကား သူ့အတွက် ထိတ်၍သာသွားကြ၏။ အခါတိုင်းက ယခုကဲ့သို့ မိန်းကလေးတစ်ယောက် ဂျောက်ကျလျှင် ဝိုင်းရယ်ကြ နောက်ပြောင်ကြမည် မှန်သော်လည်း ယခုမူ သူတို့နှလုံးသားများမှာ ပြာရီတပိုင်း နူးနေသောကြောင့် မရယ်ကြ၊ မနောက်ကြ။. |
| 208 |
ကိုယ့်နှမကလေးကို ကြင်နာသလို ကြင်နာကြကုန်၏။ မအမာသည် ဗြုန်းကနဲ ကျသွားရာ ဇတ်ကနဲပင် ခုန်တက်လိုက်လေသည်။ စိတ်ဆောင်နေသောကြောင့် များစွာပေါ့ပါးဟန်တူလေ၏။ သူ့တွင် ဒူးဆစ်ရောက်အောင် ရွှဲနေလေ၏။ သူသည် လက်တစ်ဖက်ဖြင့် ခါးထောက်ပြီး သပိတ်မှောက်တရား ဟောနေလေ၏။ သူဟောခဲ့သည်များကို မည်သူမျှ မမှတ်မိ။. |
| 209 |
သို့သော် သူဟောပုံမှာ ပုံးထဲလိမ့်ကျ၍လည်း အခြေမပျက်။ အသံမှာလည်း မတုန်ရီ၊ သူ့အမူအရာ အေးအေးသက်သာ ရှိနေသည်ကိုသာ မှတ်မိကြလေသည်။ ရာဇဝင်ဂုဏ်ထူးယူသော အောင်ကျော်သည် ဟေးလားဝါးလားနှင့် ဘုရားဘေးသို့ရောက်အောင် လိုက်လာပြီးနောက် တိတ်တိတ်ကလေး အရှေ့စောင်းတန်းမှဆင်းကာ ကျောင်းသို့ထွက်ပြေးလေ၏။. |
| 210 |
ဟု ခေါ်လေ၏။ ထားမြင့်ကား တန်ဆောင်း၏ သုံးဆင့်ရှိသော လှေကားတိုကလေး၏ အထက်ဆုံးအဆင့်တွင် သောင်းရီနှင့် ထိုင်နေလေသည်။ သူတို့သည် ခြေများကို ဒုတိယအဆင့်၌ တင်ထားပြီး မေးကို လက်ကလေးတွေနှင့် ထောက်ကာ ကြည့်နေကြလေသည်။ "ဟာ၊ မပြောချင်ဘူး"။ ဟု ထားမြင့်က ခေါင်းရမ်း၏။ သောင်းရီကား သူတို့နှစ်ယောက်ကို တလှည့်စီ ကြည့်နေလေ၏။. |
| 211 |
ဟု ငြင်းနေသောကြောင့် ညိုထွန်းသည် ထပ်မတိုက်တွန်းဘဲ နေလေ၏။ သတင်းစာဆရာများသည် ကျောင်းသားများကို မတ်တတ်ရပ်၍ နေစေပြီး ဓာတ်ပုံရိုက်ကြလေ၏။ တစ်ယောက်ပြီးတစ်ယောက် ဆက်ကာဆက်ကာ တရားဟောနေကြလေသည်။ ကပြား၊ ကရင်၊ ကုလား စသော လူနည်းစုများပင်လျှင် ထိုနေ့က ထိုစင်မြင့်ပေါ်တွင် ကိုယ်စားလှယ်များရှိကြသည်။. |
| 212 |
မိုးရွာလျှင် တုံးအောက်ဖားပင်မကျန် ဖားလောကကြီးတစ်ခုလုံး "အုံးအင်၊ အုံးအင်"။ နှင့် ဆူကြ၊ ပျော်ကြသလို ကျောင်းသားလောကကြီးတစ်ခုလုံး ဆူကြ၊ ပူကြ၊ ပျော်မြူးကြလေသည်။ မိုးတိတ်လျှင် ဘယ်လိုလဲဟုကား မည်သူမျှ ထိုနေ့က မမေးကြ။ ကျောင်းသားတို့သည် ရင်ခုန်ခြင်း၊ ဒူးတုန်ခြင်း၊ မရှိကြ။ သူတို့လုပ်ငန်းတွင် အားကျ၏။. |
| 213 |
လက်ဖက်ရည်တွေ ရောက်လာလေ၏။ ဒန်အိုးကြီးထဲတွင် အဆမတန် ရေများစွာ ထည့်ဖျော်သော လက်ဖက်ရည်များကို ညစ်ပေသောခွက်များနှင့်ပင် မြိန်ရေရှက်ရေ သောက်ကြလေ၏။ ကျောင်းတုန်းက သည့်ထက်သာသော လက်ဖက်ရည်ကိုပင် ညံ့လှပါသည်ဟု သွန်ပစ်ခဲ့ဖူးကြသည်ကို တစ်ယောက်မျှ သတိမရကြချေ။ ပေါင်မုန့်များ၊ ငါးသေတ္တာများ ရောက်လာလေ၏။. |
| 214 |
မိန်းကလေးများနှင့် ယောက်ျားကလေးအချို့သည် ပေါင်မုန့်လှီးသူက လှီးကြ၏။ ငါးသေတ္တာဖောက်သူက ဖောက်ကြလေ၏။ အချို့မိန်းကလေးများမှာ မနိုင့်တနိုင်နှင့် ငါးသေတ္တာဖောက်ကြရာ သွေးများပင် စို့လျက်လာလေ၏။ သူတို့မောင်များ၊ အကိုများသည် ငါးသေတ္တာနှင့် ပေါင်မုန့်ကို မြိန်ရေရှက်ရေ စားနေသောအခါ ဝမ်းသာကြလေသည်။. |
| 215 |
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အမိုက်မှောင် မင်းမူနေလေ၏။ လေပြေအေးကလေးသည် တစ်သုန်သုန် ဆော်လာ၏။ ဘုရားဆည်းလည်းသံများကား ပတ်မသံကြားမှ ကြေးနောင်သံပေါ်နေသကဲ့သို့ ဆူပူလှုပ်ရှားသံတို့ကြားမှ တလွင်လွင် မြည်နေလေ၏။ အချိန်မှာ ည ၂ နာရီတိုင်လေပြီ။ ရွှေတိဂုံတောင်ဘက်တန်ဆောင်းရှိ ဇရပ်များကို ယခုဖွင့်ပြီးလေတော့သည်။. |
| 216 |
အမှိုက်လှဲပြီးလေတော့သည်။ ခင်းရန် ဖျာအလိုက်အထိုက်ရလေတော့သည်။ ဒီးဒုတ်ဦးဘချို၏ ကျေးဇူးကြောင့် ကျောင်းသားများသည် တရေးတမော လဲလျောင်းရန် နေရာရကြလေသည်။ အိပ်ရာထိုင်ခင်းရသည်ဟု ဆိုရသော်လည်း အထက်၌ အမိုးရှိသဖြင့် နှင်းမရွှဲရုံ၊ အောက်မှ ကြမ်းပြင်ရှိသဖြင့် မြေငွေ့မရိုက်ရုံသာရှိလေသည်။. |
| 217 |
မိုက်ရိုင်းသော မြောက်လေအေးသည် ကျောင်းသားများကို တိုက်ခတ်လျက်ရှိလေရာ လုံခြုံအောင် ကာကွယ်နိုင်သော အကာအဆီးကားမရှိ။ ကျောင်းသားများသည် ပါးလွှာသောအင်္ကျီ၊ အေးစက်၍နေသော ပိုးလုံချည်များကိုသာ ဝတ်ဆင်လျက်သားဖြစ်နေ၍ အပိုအဝတ်အစားတစ်ထည်မျှ မပါခဲ့ကြချေ။ သူတို့သည် ဖျာကြမ်းပေါ်၌ အခင်းမပါဘဲ လှဲအိပ်နေကြလေ၏။. |
| 218 |
အချို့မှာ သစ်သားခေါင်းအုံးများကို အုံးကြရလေ၏။ ကံထူးချွန်လှမှ မှို့ခေါင်းအုံးခပ်မာမာကို တစ်ဝက်စီ အုံးကြရလေသည်။ တရုတ်ကပြားကလေး အယ်ထင်ဖတ်ကား သစ်သားကို အုံးစရာလည်း မရှိ။ မြို့ခေါင်းအုံးနှင့် အိပ်ရန်ကား စိတ်ကူးတွင် ထည့်မဖြစ်။ အောင်မြင့်အတွက်ကား သစ်သားတုံးကလေးတစ်ခု ရရှိထားလေ၏။. |
| 219 |
သူတို့နှစ်ယောက်ကား ဖီးဆစ်ဘာသာ ဂုဏ်ထူးတန်း နောက်ဆုံးနှစ် ကျောင်းသားများ ဖြစ်ကြလေ၏။ ဂုဏ်ပြိုင်ချင်းဖြစ်သော်လည်း တစ်ယောက်ကိုတစ်ယောက် များစွာချစ်ကြ၍ တစ်ယောက်လုပ်သကဲ့သို့ တစ်ယောက်လိုက်လုပ်သည်။ ယခု အောင်မြင့်သပိတ်မှောက်၏။ အယ်ထင်ဖတ်က နောက်ချန်မနေရစ်။ "ခေါင်းအုံး ရှာမနေပါနဲ့ကွာ"။. |
| 220 |
ဟု ထင်ဖတ်ကဖြေ၏။ "ကဲ ဒီပေါ်မှာ အုံးပါ"။ ဟု အောင်မြင့်သည် လက်မောင်းကို ပေး၏။ ထင်ဖတ်သည် အောင်မြင့်၏ လက်မောင်းပေါ်တွင် အုံးပြီး မျက်စိမှိတ်လိုက်၏။ ထိုခဏ၌ မိတ်ဆွေချစ်၏ နူးညံ့သောလက်မောင်း၊ နွေးသောကိုယ်ငွေ့ကို သူ ထင်ရှားစွာ ခံစားမိလေ၏။ အေးသောရာသီကိုမေ့၍ သူတို့နှစ်ယောက်သည် မေတ္တာဓာတ်ဖြင့် နွေးနေကြလေ၏။. |
| 221 |
ဟု လေပျော့ကလေးနှင့် ထင်ဖတ်က ပြောလေ၏။ "အင်း၊ ဟုတ်တယ်၊ ဟီး ဟီး"။ ဟု အောင်မြင့်သည် နှစ်ခြိုက်ရွင်မြူးနေလေ၏။ ထင်ဖတ်ကဲ့သို့ ချစ်မိတ်ဆွေများ၏ လက်မောင်းတွင် စက်ရသောသူများကား အများပင်။ အချို့မှာ နေရာမရကြ၍ အပြင်ဘက် ပန်းဆိုင်များရှိ ဧည့်ခံသော ထိုင်ခုံများတွင် လက်တင်ကို ခေါင်းအုံးကာ အိပ်ကြရလေ၏။. |
| 222 |
ဘုရားရင်ပြင်တော် အစည်းအဝေးမှသည် ဘတ်စကားပေါ်၌ တဗုန်းဗုန်းတီးကြရာသို့ စိတ်ရောက်သွားကြ၏။ သမဂ္ဂအသင်းတိုက်သို့ ပြန်ရောက်၊ ပေါင်မုန့်စားရာ ပြန်သွားသဖြင့် စိတ်တို့မှာ အစီအစဉ်မရှိဘဲ ခရီးသွားနေကြလေ၏။ လှုပ်ရရှားရ၊ အော်ကြွေးကြော်ရသောဒဏ်တို့သည် သူတို့ကိုယ်ကာယများကို တွယ်စပြုလာလေ၏။. |
| 223 |
သူတို့သည် အသံမျိုးစုံကို ကြားယောင်ယောင် ရှိနေကြသေးသည်။ သံချပ်သံများသည် အဆူဆုံး ဖြစ်လေ၏။ တစ်ခါတစ်ရံ တရားဟောသံကို ကြားကြ၏။ အိုးစည်ပွဲ၊ ငိုချင်းသံ၊ မျောက်မင်းအူ တီးလုံးယိမ်းသီချင်းသံ၊ ဘုန်းကြီးများ ပရိတ်ရွတ်သံတို့ဖြင့် သံစုံလွတ်သော ဘုန်းကြီးပျံပွဲများစွာသည် သူတို့အနီးတွင် ကျင်းပနေသည်ဟု ထင်ရတော့၏။. |
| 224 |
အတန်ကြာလှဲ၍ အမောဖြေမိလျှင် သောင်းကျန်းလှုပ်ရှားနေသောစိတ်တို့သည် ငြိမ်စပြုလာလေ၏။ မြင်နေကြရသော အဖြစ်အပျက်များသည် တစ်ခုနှင့်တစ်ခု ကွာခြားလျက် မှုန်၍မှုန်၍ လာလေ၏။ သံစုံများမှာလည်း ဝေး၍ဝေး၍ သွားလေ၏။ လေအေးကလေးများသည် အေးအေးလူလူ ရှိလာသောအခါ စီကာစီကာ အရေးကြီးသောအရာများတွင် ကွန့်မြူးလာကြကုန်၏။. |
| 225 |
ဟု ကြောင့်ကြကြ၏။ "မေမေငိုတော့မှာပဲ"။ ဟု ပူပင်စပြုလာကြလေ၏။ အချို့စိတ်များသည် ကြမ်းပြင်တွင် အိမ်ဆောက်ကာ အနီးရှိ လှဲထားသော တိုင်များကဲ့သို့ အတုံးတုံးလဲနေကြသော ခန္ဓာကိုယ်များကို ကျော်ဖြတ်ကာ၊ ရန်ကုန်မြို့ရှိ ကုလားတိုက်ကြီး၊ အင်္ဂလိပ်စက်ရုံကြီးများကို ဖောက်ထွင်းကာ သူတို့ရပ်ရွာသို့ ပြန်ပြေးကြလေသည်။. |
| 226 |
အချို့ မြို့ထဲမှ ဂုဏ်သရေရှိမိန်းမကြီးများသည် မိန်းကလေးများကို မြို့တွင်းသို့ ခေါ်ကြလေ၏၊ ဘုရားပေါ်တွင် အိပ်စရာမရှိ၊ အိပ်စရာ ရှိစေဦး စိတ်မချရဟု အကြောင်းပြကြရလေ၏။ ကိုနုကား ထိုအဒေါ်ကြီးများကို ထောက်ခံလို၏။ ကိုနုသည် သပိတ်မှောက်စ သူတို့တစ်တွေ လိုက်လာကတည်းက "ကျောင်းပြန်ပို့မည်"။. |
| 227 |
ဟု ခန့်မှန်းခဲ့သည်။ သူသည် နုနယ်သော မိန်းကလေးများ ထိုသို့ ဒုက္ခခံရမည်ကို ခွင့်မပြုရက်။ ဘုရားကုန်းတော်ပေါ်တွင် သူတို့တစ်တွေနေကြမည့်အတွက်လည်း အမြင်မတော် မသင့်လျောက်ဟု သူအောက်မေ့ခဲ့၏။ သူသည် သနား၏။ အနုစားမိန်းမများကို ညှာတာလို၏။ သို့သော် ကျောင်းသူများသည် မြို့ထဲမလိုက်ဟု ငြင်းကြ၏။. |
| 228 |
ဟု ဆုံးဖြတ်လိုက်ကြ၏။ ထိုအတွက် ကိုနု အံ့ဩသွား၏။ မိန်းကလေးအချို့ကို အထင်ကြီးစပြုလာလေ၏။ နောက် သူတို့ကို မော်လမြိုင်ဇရပ်ပေါ်သို့ ခေါ်ခဲ့ကြလေ၏။ သူတို့တစ်တွေအတွက် သာ၍ အကြပ်ကြုံတော့၏။ သူတို့အင်္ကျီမှာ ပါး၏။ သူတို့လုံချည်မှာ အေးစက်စက်နှင့် ဖြစ်၏။ ဇရပ်ပေါ်တွင် အခင်းမရှိ။ ခေါင်းအုံးမရှိ။. |
| 229 |
သို့သော် ကောင်းကောင်းမလောက်၊ စောင်မရှိသေးသဖြင့် အကြံရကြပ်နေလေ၏။ ကိုမြနှင့် ကိုတင်မောင်တို့သည် မိန်းကလေးများ ခြုံကြရန် အမွေးမပါသော ကော်ဇောဟောင်းကြီးများကို ယူလာကြလေ၏။ ထိုကော်ဇောကြီးမှာ သုံးခန်းပေါက်၊ လေးခန်းပေါက်မျှရှိ၍ ဖုံတထောင်းထောင်းနှင့် နေလေ၏။ လူစေ့လူငှခြုံနိုင်ရန် မိန်းမဉာဏ်နှင့် ကြံဖန်ကြလေ၏။. |
| 230 |
သူတို့သည် သို့ကလို အိပ်ရသည့်အတွက် စိတ်ညစ်ရမှန်း မသိ။ ကျောင်း၌ ကျန်ရစ်ခဲ့သောမွေ့ရာ၊ ဇာခေါင်းအုံး ကတ္တီပါစောင် ခြင်ထောင်များကို လွမ်းရမှန်း မသိကြပေ။ ခင်ခင်ကြီးကား ကျောင်း၌နေခဲ့ကြသော ကျောင်းသူများကို "မျိုးဖျက်မတွေ၊ စိဉ္စမာနလောင်းတွေ"။ ဟု ကြိမ်းမောင်းရင်း တခေါခေါ အိပ်ပျော်သွားလေ၏။. |
| 231 |
ထားမြင့်၏ လက်မောင်းပေါ်တွင် သောင်းရီကား အိပ်လျက်ရှိ၏။ ထားမြင့်သည် မျက်နှာဖုံးထားသော ကော်ဇောကြီးကို ရင်ပေါ်တွင် မတင်ပြီး ကြည့်လိုက်၏။ အားလုံးသည် ကော်ဇောကြီးအောက်၌ အိပ်လျက်နေကြရာ ထွန်သွားရာနက်နက် ထွန်ထားသော ယာမြေနှင့် တူလေ၏။ ဒေါ်သက်စုသည်ကား ထားမြင့်၏ အရှေ့ဘက်နားတွင် တိုင်မှီကာ ဆေးလိပ်သောက်လျက်နေလေ၏။. |
| 232 |
ဟု ပြောလိုက်ရာ ထိုအကြံကို ကျေနပ်စွာပင် သူတို့ လက်ခံလိုက်ကြလေသည်။ ကျော်သိန်းတို့ လူစုကား သူများတွေ အိပ်ရသော်လည်း သူတို့ မအိပ်ရသေး။ ချွတ်နင်း၍ကသော အသွားမျိုးဖြင့် ဟိုချောင်းဒီချောင်း ချောင်းကာ အရိပ်အကဲ ကြည့်ကြလေသည်။ အချို့ကျောင်းသားများသည် မအိပ်ဘဲ ဘုရားအောက်သို့ဆင်းရာ နောက်ယောင်ခံ၍ လိုက်ကြလေသည်။. |
| 233 |
ဟု ပြောပြီး ထိုလူငယ် ပြန်တက်သွားလေ၏။ ညိုထွန်းသည် လန်ချားရှာ၏။ မတွေ့။ ညဉ့်နက်လှပြီ။ မြန်မာ့အလင်းသို့ ဖောင်မပိတ်မီ အမြန်လျှောက်သွားရ၏။ ထိုနေ့ညတွင် တစ်တိုက်လုံး အလုပ်များနေ၏။ ညဉ့်ဦးမှာကဲ့သို့ပင် စကားပြောသံ၊ စာလုံးပေါက်သံများ ဆူညံနေလေ၏။ နေ့အယ်ဒီတာများလည်း ညမအိပ်ရဘဲ အလုပ်ဆင်းနေရလေ၏။. |
| 234 |
ထိုသို့ဖြင့် အသီးသီး တာဝန်ကို ကျေပွန်စွာ ထမ်းနေကြလေရာ ကျောင်းသားခေါင်းဆောင်များမှာ တရေးမျှ မအိပ်ရသည်သာ များလေ၏။ ကန်တော်ကြီး၏ ရေမျက်နှာပြင်သည် မိန်းမမြတ်၏ မျက်နှာကဲ့သို့ တည်ကြည်ငြိမ်သက်လျက်ရှိလေ၏။ ရေငွေ့များသည် ရေပြင်တစ်ခုလုံးမှ ဝေ့ကာကွေ့ကာ လိမ်တွန့်ကာတက်လာပြီး ကောင်းကင်ဆီသို့ ပျံကြလေ၏။. |
| 235 |
အရှေ့ကောင်းကင်ပြင်သည် နီပြေပြေအဆင်းဖြင့် ကန်တော်ကြီးပေါ်တွင် မှန်ကြည့်နေ၏။ ညို့မှိုင်းသော သစ်ပင်များသည် ဆီးနှင်းများဖြင့် စိုနေလေ၏။ ဤသို့သော လောကဓာတ်ကြီး၏ သာယာပုံကို ရွှေတိဂုံစေတီတော်ကြီးသည် သရဖူဆောင်းလိုက်လေ၏။ ထိုအတူ ကျောင်းသားကျောင်းသူတို့၏ စိတ်နှလုံးများသည် ကြည်လင်ငြိမ်သက်လျက် ရှိလေ၏။. |
| 236 |
ကျွန်စိတ်များကိုပယ်ကာ လွတ်လပ်သောဇောဖြင့် သစ်ခဲ့ပြီ။ ညကကဲ့သို့ အအိပ်ဆင်းရဲ အစားဆင်းရဲခဲ့သော ဒုက္ခမျိုးကို ဗမာပြည်အတွက် ငါခံသည်။ သည်ထက်ပင် အဆင်းရဲခံဝံ့သည် ဆိုသောသတ္တိဖြင့် သစ်ခဲ့ပြီ။ သပိတ်မမှောက်ခင်က ရန်ဖြစ်ဘက်ဖြစ်သော ရွှေဘော်အား ချစ်မောင်သည် နံနက်အိပ်ရာထ မျက်နှာသစ်ရန် ရေယူပေးလေသည်။. |
| 237 |
ကျောင်းတွင် တွေ့နေသော်လည်း တစ်ခါမျှ မခေါ်ဘူးကြသော ကျော်ခေါင်နှင့် ထွေးမောင်တို့သည် စကားတပြောပြောနှင့် လက်ဖက်ရည် သောက်နေကြလေ၏။ တင်မောင်၊ သန်းတင် စသော လူတစ်စုကား ကျောင်းသားတွေ မထမီ လက်ဖက်ရည်ဖျော်ပြီးသဖြင့် "ဟေ့ ဟေ့ ဒို့လူတွေ မထကြသေးဘူး၊ ဒို့က ဖျော်ပြီးနေပြီ"။ ဟု သွေးကြီးကြ၏။. |
| 238 |
ဆန်ပြာသူများ၏ ဆံပင်များ၊ မျက်ခုံးမွေးများကဲ့သို့ ဖြူနေလေ၏။ သူတို့သည် မျက်နှာသစ်ကြမည် ပြုသောအခါ ဆပ်ပြာတိုက်စရာမရှိ၍ အကြပ်ကြုံနေလေသည်။ ဒေါ်ရိုသီသိန်းဖေခေါ် အမာမြင့်ကလေးသည် လူများတွေရှေ့ဆုံးမှ ဆံပင်ကို ရောင်တွဲထုံးပြီး ဆင်းလာလေ၏။ ဇရပ်နောက်ခန်းတွင်းသို့ဝင်ပြီး ရေအိုးများကို ရှာလေ၏။. |
| 239 |
ဟု ပြောပြီး ခွက်အသစ်တစ်ခု ထပ်ရှာလေ၏။ ထိုချိန်တွင် ထားမြင့်၊ သောင်းရီ၊ ညွန့်ညွန့် စသည်ဖြင့် အားလုံးပင် ရောက်ရှိနေကြလေပြီ။ တွေ့သမျှခွက်များတွင် ငါးသေတ္တာ အညှီစွဲလျက် ရှိလေ၏။ ထားမြင့်သည် ခွက်များကိုယူပြီး မီးဖိုမှပြာများတွင် တိုက်ချွတ်ကာ ဆေးလေ၏။ သောင်းရီကား ရေလောင်းပေးခြင်းဖြင့် ထားမြင့်ကို ကူညီလေ၏။. |
| 240 |
အားလုံးမဲညစ်နေကြသောကြောင့် အင်္ကျီလုံချည်များလဲရန် အလိုရှိကြလေ၏။ ဒေါ်ရိုသီမှာ ဘုရားလမ်းတွင် ဦးလေးတစ်ယောက်၏ အိမ်ရှိသည်။ ညွန့်ညွန့်မှာ မိတ်ဆွေတစ်ယောက် ယောက်လမ်းတွင်ရှိသည်။ သူတို့နှစ်ယောက်က ထိုအိမ်များမှ လုံချည်များ၊ အင်္ကျီများ ငှားပေးမည်ဟု ဝန်ခံကြလေ၏။ သူတို့သည် အဖော် ၃၊ ၄ ယောက်ဖြင့် သွားကြလေသည်။. |
| 241 |
သွားခွင့်ကို ကိုနုထံမှာ တောင်းခဲ့ကြရလေသည်။ ကျန်ရစ်သူများသည် အောက်ထပ်သို့ ဆင်းကြ၏။ မအုံးကား တိုင်တစ်တိုင်တွင်မှီကာ သတင်းစာဖတ်လျက်ရှိလေသည်။ အားလုံး သူ့ဘေးမှ ဝိုင်းကြလေ၏။ စာရွက်တွေကို တစ်ရွက်စီ လုသူကလုကြ၏။ အချို့က မအုံးအား ကျယ်ကျယ်ဖတ်ရန် ပြောကြလေ၏။ လက်ဖက်ရည်သည် သူတို့ရှေ့သို့ ရောက်လာလေ၏။. |
| 242 |
ကိုနုသည် ဇရပ်တိုင်းသို့သွား၍ ညက ကောင်းစွာအိပ်ကြရ မအိပ်ကြရ၊ ကျန်းကျန်းမာမာ ရှိကြ မရှိကြ၊ ပျော်ကြ မပျော်ကြ လိုက်မေးနေလေသည်။ စစ်မြေပြင်တွင် တစ်တဲမှထွက် တစ်တဲမှာဝင်လျက် စစ်သားများကို ကြည့်ရှုနေသော စစ်ဗိုလ်ကြီးနှင့် တူလေတော့၏။ ကျောင်းအရာရှိများကား ကျောင်းသားများ၏ ပြုမူပုံကို နားမလည်နိုင်အောင် ရှိလေ၏။. |
| 243 |
ကိုနုအား ကျောင်းထုတ်ပစ်ကာမျှဖြင့် သပိတ်မှောက်မည်ဟု သူတို့တွေးမိလျှင် ကိုနုအား မျက်စောင်းထိုး၍မျှ ကြည့်ကြမည်မဟုတ်ပေ။ သူတို့ ပို၍တုန်လှုပ်သွားသည်မှာ ကျောင်းသူများ သပိတ်မှောက်လိုက်သွားခြင်းပင် ဖြစ်လေသည်။ ဆရာကြီးနှင့် အချို့ဆရာများသည် အင်းလျားကျောင်းဆောင်သို့ အပြေးသွားကြလေ၏။. |
| 244 |
ဆရာကြီးသည် ကျောင်းဆောင်အသီးသီးမှ ဝါဒင်နှင့် ဒုတိယဝါဒင်များကို ခေါ်၍ သပိတ်မှောက်ကျောင်းသား မည်မျှများကြောင်း၊ မည်မျှကျန်ရစ်ကြောင်းကို စုံစမ်း၏။ ကျန်ရစ်သူများ တစ်ဖက်သို့ ကူးမသွားနိုင်ရန် ကြံလုံးဖန်လုံးများကို ထုတ်ကြလေ၏။ အချို့သစ္စာတော်သိသော ကျောင်းသားများကို အမျိုးမျိုး အသုံးချရန် သဘောတူကြလေ၏။. |
| 245 |
ဘသန်း၊ တင်ဦး၊ မောင်သင်း၊ မောင်မောင်ကလေး စသော အလိုတော်ရိကျောင်းသားများမှာ စန်းပွင့်လျက်ရှိလေ၏။ ဆရာများက သပိတ်မှောက်အကြောင်း စုံစမ်းလာလျှင် နှာခေါင်းရှုံ့၍ မကောင်းပြောရန် အဆင်သင့်ရှိကြကုန်၏။ သူတို့သည် သပိတ်ကို အင်္ဂလိပ်လူမျိုး ကျောင်းဆရာကြီးများထက် ရွံရှာစက်ဆုပ်ပုံပေါက်လေ၏။. |
| 246 |
တွေး၍ ပိုကောင်းလေ၏။ ကိုသန်းမြင့်သည် သပိတ်ကို အကြောင်းတစ်ခုကြောင့် မုန်း၏။ သပိတ်ခေါင်းဆောင်သူများထဲတွင် သူ့အား အရှက်ခွဲဖူးသောသူ၊ ချစ်သူကိုမရအောင် လုပ်ဖူးသူ၊ ချစ်သူကို သူ့အတန်းမှ အခြားအတန်းသို့ ပြောင်းပစ်သော ညိုထွန်းပါလေသည်။ သူကဲ့သို့ သပိတ်ကို ဂရုမစိုက်သူ ကျူတာကလေးတွေလည်း အများပင်ရှိ၏။. |
| 247 |
ကိုဇင်၊ ကိုကိုကြီး၊ ကိုသိန်း စသော ဆရာကလေးများသည်ကား ဤအတန်းအစားထဲမှ ဖြစ်လေ၏။ သူတို့သည် ကျောင်းသားများ၏ စွန့်ပုံ၊ ညီညာပုံကို ချီးကျူးကြ၏။ ဝမ်းမြောက်ကြ၏။ ဘယ်ပုံဘယ်နည်း သပိတ်မှောက်သူများကို အားပေးရပါမည်နည်းဟု တွေးကြလေ၏။ သူတို့သည် ကျောင်းသားတွေ ဘုရားပေါ်၌ မည်သို့နေရသည် ထိုင်ရသည်ကို သိလို၏။. |
| 248 |
သူတို့သည် သတင်းစာကိုဖတ်၍ စိတ်ကြွနေကြလေ၏။ ခဏခဏ တစ်ယောက်ယောက်အခန်းတွင်စုကာ သပိတ်အကြောင်းကို ပြောဆိုနေကြလေ၏။ ထိုနေ့ နေ့လယ်တွင် သောင်းဖေသည် ပင်းယကျောင်းဆောင် အထက်ဆုံးအထပ်၌ မှိုင်နေလေ၏။ သူ့စိတ်ထဲတွင် လွန်ပွဲကြီး ကျင်းပနေလေ၏။ အိမ်ကမှာလိုက်သော စကားအတိုင်း စာမေးပွဲကိုလည်း အောင်ချင်၏။. |
| 249 |
ဟု သူ့ကိုယ်သူ အကြိမ်ကြိမ် အပြစ်ဆိုနေလေ၏။ သူသည် ညိုထွန်းအခန်းရှေ့သို့ လျှောက်ခဲ့ပြန်လေ၏။ ရည်ရွယ်ချက်မရှိဘဲနှင့် ပြတင်းပေါက်တရုတ်ကပ်ကြားမှ ချောင်းကြည့်လေ၏။ တစ်ခန်းလုံးမှာ ကလေးတွေ ခြေနင်းလုပ်စီးထားသော စာသိုက်ကဲ့သို့ ရှုပ်ပွေနေလေသည်။ လုံချည်တစ်ထည်မှာ ခေါင်းအုံးပေါ်သို့ ရောက်နေလေ၏။. |
| 250 |
ဆွန်ယက်ဆင်၏ အရုပ်ကားကြီးမှာ ဇောက်ထိုးကြီး ကျနေလေ၏။ သောင်းဖေသည် ကြည့်ပြီး ရင်ဖိုလာလေ၏။ အသက်ရှူလွဲသွားပြီး သည်းထန်စွာ ရှိုက်လိုက်မိလေ၏။ မြောက်ဘက်ဆီသို့ ငေးကြည့်နေလေ၏။ မနေ့မနက်က ညိုထွန်း သူ့အခန်းသို့ လာသည်ကို သူ့စိတ်တွင် ပေါ်လာလေသည်။ ညိုထွန်းသည် သွားတိုက်ရင်း သူ့အခန်းတွင်းသို့ လာလေ၏။. |
| 251 |
သွားတိုက်၍ ပခုံးလှုပ်နေသောကြောင့် မျက်နှာသုတ်ပဝါကြီးသည် အောက်သို့ လျှောကျနေလေ၏။ သောင်းဖေသည် မနေ့ကတည်းက စဉ်းစားခဲ့၏။ မနေ့တည်းက လိုက်လို၏။ သို့သော် သူတစ်ခု တွေးမိပြန်သည်။ သပိတ်မှောက်လျှင် ကျောင်းမှ ထမင်းရတော့မည် မဟုတ်။ ဝယ်စားရတော့မည်။ ကျောင်းမှာကဲ့သို့ လက်ဖက်ရည်ရတော့မည် မဟုတ်။. |
| 252 |
ဝယ်သောက်ရတော့မည်။ ကျောင်းမှာ ဘယ်မှမထွက်ဘဲနေ၍ ခရီးစရိတ်ကုန်စရာ မရှိ။ မြို့ထဲမှာမူ သပိတ်ကိစ္စဖြစ်စေ၊ မိမိကိစ္စဖြစ်စေ ပေါ်လာ၍ သွားရသော် စရိတ်ကုန်ကျစရာရှိသည်။ တိုတိုပြောရသော် ငွေတစ်ဆယ်စ ဆယ့်ငါးကျပ်စ အဖျင်းဆုံးပါမှ ဟန်မည်ဟု သူတွက်၏။ ယခုမူ သူ့မှာ ငွေတစ်ကျပ်တစ်ပြားမှ မရှိတော့။. |
| 253 |
သူသည် တစ်သက်လုံးက အေးအေးစာဖတ်၍သာနေခဲ့၏။ အများကိစ္စ သာရေး၊ နာရေး၊ မြို့ရေး၊ ရွာရေးကိုမျှ မဆောင်ရွက်ဖူးသဖြင့် ဗမာပြည်တွင် အများကိစ္စနှင့် လုပ်ကြကိုင်ကြသောအခါ ကျွေးသူမရှား၊ မွေးသူမရှား၊ ပေးသူမရှား၊ ကမ်းသူမရှားသည်ကို လုံးဝမသိရှာ။ ခေါင်မိုးစွန်း၌ စာကလေးများသည် တစီစီမြည်နေလေ၏။. |
| 254 |
လေပြေကလေးသည် သွေးလာပြန်လေ၏။ သူသည် သူ့နှမတွင် ငွေရှိဦးမှာပဲ။ ဒါကြောင့် သူလိုက်သွားတာဟု တွေးပြီး လိုက်ရန်ကြံစည်သေး၏။ "ကောင်မလေးမှာလဲ ပိုပိုမိုမို ဟုတ်မှာ မဟုတ်ပါဘူး"။ ဟူသော အတွေးဖြင့် သူ့အကြံကို ပယ်ပြန်၏။ သူသည် ညိုထွန်းကိုသာ သတိရနေ၏။ သူ့မျက်နှာကလေးကိုသာ ရှေ့က လေဟာပြင်ကြီးတွင် မြင်နေရလေ၏။. |
| 255 |
စာကြည့်မယ်ဟု သူကြံ၏။ အကြံမမြောက်။ လွမ်းစိတ်၊ ဆွေးစိတ်၊ ရှက်စိတ်တို့သည်သာ တဝဲလည်လည် ပေါ်ပေါက်နေလေ၏။ ဘတ်စကားတစ်စီး ကျောင်းအောက်၌ ထိုးရပ်သံကို ကြားရလေ၏။ နောက် လူတွေ ဆင်းသံ၊ ကျောင်းပေါ်သို့ အပြေးတက်လာကြသံကို ကြားရလေ၏။ အခန်းတံခါးတွေကို သော့ဖွင့်သံလည်း နောက်ထပ်ထွက်လာပြန်လေ၏။. |
| 256 |
သောင်းဖေသည် မျက်နှာကို မီးကင်လိုက်သလို ပူထူလာလေ၏။ သူတို့နှစ်ယောက် ကို မကြည့်ရဲ။ သူတို့တစ်တွေကား သပိတ်မှောက်ကျောင်းသားများ ဖြစ်ကြလေသည်။ "ဘာလို့ပြန်လာကြပါလိမ့်နော်။ ငါ့နှယ် ခက်ပါဘိ၊ ငါ့ကို သောင်ပြင်မှာစွန့်ထားတဲ့ခွေးလို ပြန်မကြည့်ဘဲ တစ်ယောက်တည်း ပစ်ခဲ့ကြပါတော့"။ သောင်းဖေသည် စဉ်းစားမိလေ၏။. |
| 257 |
သူတို့ကို ရင်ဆိုင်ရမည်မှာ သောင်းဖေအတွက် မယားနှင့်အိပ်နေသော လင်ငယ်သည် လင်ကြီးကို ရင်ဆိုင်ရမည်ထက် ကြပ်နေလေ၏။ သောင်းဖေ၏ မျက်နှာသည် ရှက်သွေးများဖြင့် နီနေလေ၏။ ခင်မောင်ကလေးနှင့် သိန်းမောင်သည် စပ်ဖြီးဖြီးလုပ်လျက် သူ့အားကြည့်ကြ၏။ သောင်းဖေသည် အခန်းတွင်းသို့ ဝင်ပြေးပြီး တံခါးပိတ်လိုက်လေ၏။. |
| 258 |
ဟု သိန်းမောင်အား လှမ်းပြောလိုက်လေ၏။ သောင်းဖေကား ငိုပစ်လိုက်ချင်လေ၏။ သပိတ်မှောက်ကျောင်းသားတစ်စုသည် သူတို့ဝတ်ရန်၊ အိပ်ရန် အဝတ်အထည်များကို လုံလောက်စွာယူ၊ စာဖတ်ရန် စာအုပ်များကို ယူကြလေ၏။ နောက် သဟာယခန်းတွင်းမှ ယခုနှစ်ပင်းယကျောင်းဆောင်သားများ စုရိုက်ထားသောဓာတ်ပုံကို ဖြုတ်ယူကြလေ၏။. |
| 259 |
ပဲ့တင်၍ပင် သွားသေး၏။ သောင်းဖေကား မျက်နှာကို ခေါင်းအုံးနှင့်ကပ်ကာ လှဲနေဆဲပင်။ ဘငွေသည် တိုက်ပန်းကန်ပြားလောက်ရှိသော မောင်းကလေးကိုထုလျက် အောက်မှအထက်သို့ တန်ဆောင်းတလျှောက်တွင် တက်လေ၏။ "ဘုရားကြီးရင်ပြင် ရာဟုထောင့်တန်ဆောင်းကြီး၌ အစည်းအဝေးရှိပါသည်ဗျို့"။ ဟု ကျယ်လောင်စွာ အော်လေ၏။. |
| 260 |
ဟု တစ်ယောက်က လှမ်းမေးလိုက်၏။ "အခုပဲ၊ အခုပဲ"။ ကျောင်းသားများသည် စုရုံးကာ ဘုရားပေါ်သို့ တက်ကြလေ၏။ မော်လမြိုင်ဇရပ်မှ ကျောင်းသူများလည်း အားလုံးပင်လိုက်သွားကြလေ၏။ အစည်းအဝေးကို ဦးခ၏သံတန်ဆောင်းကြီးတွင် ကျင်းပလေရာ တန်ဆောင်းတစ်ခုလုံး ပြည့်နေလေ၏။ ရှေ့ဆုံးမှ ကော်မတီအချို့နှင့် ကျောင်းသူများ ထိုင်ကြလေ၏။. |
| 261 |
ဟု အကြံပေးလေ၏။ ကျောင်းသားများသည် စဉ်းစားကြ၏။ အချို့က များသည် ထင်ကြ၏။ အချို့က ၃ ယောက်စီမှ ကောင်းမည်ထင်ကြ၏။ အချို့က ဒါဘဲ ကောင်းတယ်ဟု စဉ်းစားမိကြလေ၏။ မိန်းကလေးများကား ကြည့်နေကြ၏။ နားထောင်၍သာ နေကြလေ၏။ ။ ကိုစိုးထွန်းသည် ထလေ၏။ ကျောင်းသားများက လက်ခုပ်တီး၍ ဩဘာပေးကြလေ၏။ သူကား စကားမပြောသေး။. |
| 262 |
ဟု မစ္စတာဘနားဂျီက မေးရာ စိုးထွန်းက "ဟုတ်တယ်"။ ဟု ဖြေလေ၏။ ညိုထွန်းသည်ကား ဘာမျှထမပြောဘဲ ဟိုလူစုကနေ၍ သည်လူစုထံလာ၊ သည်လူစုထံက ဟိုလူစုထံသွားကာ စကားဆွေးနွေးနေလေ၏။ သူသည် သပိတ်မှောက်လုပ်ငန်းတွင် ဖြောင့်ဖြောင့်ကြီး ပါဝင်ပြီဟု ထင်ရသူ၊ သစ္စာမဖောက်ဘူးဟု ထင်ရသူများထံသွား၍ စကားပြော၏။. |
| 263 |
ကျော်သိန်း၊ ဖေခင်၊ လှဖေ၊ အောင်မြင့် စသော လူတစုသည် ဘွိုက်ကောက်တားကောင်စီတွင် မပါကြဘဲ အပြင်တွင် အားကြိုးမာန်တက် ဆောင်ရွက်ကြလေ၏။ ကျော်သိန်းအား စုံထောက်ဘက်ဆိုင်ရာမင်းကြီးအဖြစ်ဖြင့် အသုံးတော်ခံစေ၍ ဖေခင်ကား တရားပွဲများစီစဉ်သူအဖြစ်ဖြင့် ဆောင်ရွက်လေ၏။ အောင်မြင့်သည်ကား ငွေခံဘက်၌ ကြီးမှူး၍ လုပ်ကိုင်လေ၏။. |
| 264 |
ယခုအခါမူ ကျောင်းသားများသည် ကျောင်းသူများအနီးသို့ကပ်သူကို စုံစမ်းသော၊ မသင်္ကာသော၊ သရော်သော မျက်စိဖြင့် မကြည့်ကြ။ ကိစ္စရှိ၍သာ၊ မောင်လိုနှမလို ရှိ၍သာ သွားရဲလာရဲသည်ဟု ယုံကြည်ပြီး ဖြစ်ကြလေ၏။ "ခင်ဗျားတို့တစ်တွေ ဘာလိုနေကြသလဲ။ ကျွန်တော်တို့အကူအညီလိုရင် ပြောနော်။ ဘာမှအားမနာကြနဲ့"။. |
| 265 |
ညိုထွန်းသည် ခင်ခင်ကြီးတို့နှင့် ဘေးချင်းယှဉ်သွားရင်း ပြောနေခိုက် ထားမြင့်နှင့် သောင်းရီသည် စကားတစ်ပြောပြောနှင့် ကျောင်းသူများ၏ နောက်ဆုံးက ရောက်နေလေ၏။ "ခင်ဗျားတို့တင်မကဘူး။ တစ်ခြားလူတွေလဲ ဒီလိုဘဲ စာရေးချင်ကြမှာ၊ အရေးခိုင်းပါ။ ကျွန်တော်ထည့်လိုက်မှာပေါ့။ မခင်ခင်ကြီးကဘဲ စာတွေစုယူထား၊ ကျွန်တော်လာယူမယ်"။. |
| 266 |
သောင်းရီ၏ အကျီမှာမူ ကြပ်၍နေလေ၏။ လုံချည်ကား ပန်းနုရောင်လုံချည်ဖြစ်၍ သောင်းရီနှင့် များစွာလိုက်၏။ "ညီမလေးအကျီကတော့ သိပ်ကြပ်နေတယ်။ ထားနဲ့လဲဝတ်ကြပါလား"။ သူတို့သည် တောင်ဘက်စောင်းတန်းအဆင်းသို့ ရောက်လာကြလေ၏။ ပန်းသည်များကား ပန်းရောင်း၍ မကောင်းသော်လည်း ကျောင်းသားများကို ကြည့်ပြီး ပျော်ရွှင်နေကြလေ၏။. |
| 267 |
ခေါင်းတွေခေါင်းတွေ ညပ်နေလေ၏။ တစ်ဆင့်ပြီးတစ်ဆင့် ဆင်းနေကြသည်ကို ခေါင်းတွေနိမ့်နိမ့်သွားသည်ကို ကြည့်သဖြင့် သိရလေ၏။ "လဲပြီး ဝတ်ကြည့်သားဘဲ။ အရီရဲ့အင်္ကျီ ကွန်မဝတ်တော့ ခါးတိုနေတယ်။ ဒါကြောင့် ဝတ်မဖြစ်ဘူး"။ ဟု ထားမြင့်က ပြောပြီးရယ်လေ၏။ သူတို့သုံးယောက်သည် ဘေးချင်းယှဉ်၍ ဆင်းသွားကြလေ၏။. |
| 268 |
ထားမြင့်တို့သည် မော်လမြိုင်ဇရပ်ပေါ်သို့ တက်ကြလေသည်။ မော်လမြိုင်ဇရပ်ကား လူစည်ကားလျက်ရှိလေ၏။ စောင့်ရှောက်ရေးကော်မတီလည်း ဒီမှာရှိ၏။ အကျွေးအမွေးလူစုလည်း ရှိလေ၏။ ကျောင်းသူများသည် ဇရပ်ပေါ်သို့ တက်ကြလေ၏။ မိဘများထံသို့ စာရေးပေးကြလေ၏။ ခင်ခင်ကြီး၏ ဖခင်မှာ မြေစာရင်းဝန်ထောက်ခေါ်လယ်ဝန်ဖြစ်လေ၏။. |
| 269 |
ဖေဖေရေ၊ ငွေပို့လိုက်ပါအုံး။ ဦးလေးတင်ဆီက တစ်ဆင့်ပို့လိုက်ပါနော်။ သမီးတို့ ခု အကိုကြီး ကိုညိုထွန်းဆီက ယူသုံးနေရတယ်။ စိတ်ချနော် မေမေ၊ ဘာမှပူစရာမရှိဘူး၊ မိန်းကလေးအဖော်မပါရင် ဘယ်မှမသွားရဘူး။ ညလဲ ကိုကြီးနုက ရီတို့ကို ဇရပ်အပေါ်ထပ်မှာထားပြီး တံခါးတွေလုံအောင် ပိတ်ပေးတယ်။ ညဆိုရင် ဘယ်သူမှ မလာရဘူး။. |
| 270 |
စသည်ဖြင့် အကြောင်းစုံကို ရေးလေ၏။ ထိုချိန်တွင် နေသည် နောက်ဘက်သို့ အတော်စောင်းနေပြီဖြစ်ရကား စူးရှပူပြင်းသော ရောင်ခြည်များသည် မော်လမြိုင်ဇရပ်အပေါ်ထပ်တွင်းသို့ ဝင်နေလေ၏။ ပြတင်းပေါက်ဝတွင် နေရောင်ခြည် စူးရှသလောက် အနောက်သို့ မျှော်ကြည့်လိုက်သော် အေးမြစိမ်းလန်းလျက်ရှိသည်ကို တွေ့ရလေ၏။. |
| 271 |
ဦးဖိုးမြသည် ထိုင်ရာမှ ထလေ၏။ တောင်ဘက်သို့ မျှော်ကြည့်နေပြန်လေ၏။ ဗျိုင်းများသည် အုပ်လိုက် ပျံနေကြလေ၏။ တိမ်တိုက်များမှာ ဆန်လျက်ရှိသော ငပိလှေကြီးများလို နှေးနှေးလေးသွားနေလေ၏။ ဦးဖိုးမြသည် သားအပေါ်၌ ဒေါပွရန် သားအနီး၌ မရှိသဖြင့် ကောင်းကင်ပြင်ကြီးတစ်ခုလုံးကိုသာ အားရအောင် ဒေါပွငြူစူ၍ ကြည့်နေလေ၏။. |
| 272 |
ဦးဖိုးမြတို့ နေထိုင်ရာ အရပ်မှ များစွာကွာဝေးသော မြို့တစ်မြို့တွင်လည်း ဦးဘကွန်းသည် သူ့သား တင်မောင်အတွက် ဆူပူကြိမ်းမောင်းလျက်ရှိနေသည်။ ဦးဘကွန်းကား လူပုလေးဖြစ်၏။ ကပြင်တွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေလေ၏။ "ဟီး၊ မယ်သင် မယ်သင်"။ ဟု သူ့မယားကို လှမ်းခေါ်ပြီး အပေါက်ဝနားက ရပ်၍နေ၏။. |
| 273 |
ဟု အော်ငေါက်ပြီး ဒေါ်သင်ကို ရိုက်မည်ဟု ပြင်လေ၏။ မော်လမြိုင်မြို့ အိမ်တစ်အိမ်တွင်လည်း အရေးပိုင်ဦးလှမိုးသည် စားပွဲကို လက်သီးနှင့်ထုပြီး ဆူနေလေ၏။ "ဒီလောက်ပဲ မိုက်ရသလား။ ငါ့သားမဟုတ်သလိုပဲ"။ ဟု ကြုံးဝါးပြီး စားပွဲကို ထုပြန်လေ၏။ ဦးလှမိုးအကို ဦးလှရွှေမှာ ဆေးတံကြီးခဲပြီး ငေးနေလေ၏။. |
| 274 |
ဆီးနှင်းများက တစ်ဝေဝေကျလျက် နေလေပြီ။ ဤသို့ပြောကြသောစကားများကား တစ်နိုင်ငံလုံးရှိ အများသော ကျောင်းသားမိဘများပါးစပ်တွင် ပဲ့တင်သွားကုန်၏။ ဘယ်သူဘယ်ဝါ သပိတ်မှောက်ရာပါသည်ဟု တပ်အပ်သိသောအခါ သည့်ထက်ဆိုး၍ ပွက်ပွက်ဆူနေလေ၏။ ကျောင်းသူများ၏ မိဘများကား ကျောင်းမှပို့သော ကြေးနန်းများကြောင့် ချက်ချင်းလာကြလေ၏။. |
| 275 |
စသည်ဖြင့် သန်းကြည်၏မိခင် ငွေတိုက်ဝန်ထောက်ကတော်က တွေဝေနေလေ၏။ သမီးများ သပိတ်မှောက်သည်ကို ဒေါပွသည်ထက် ဆူသူဟုထင်ရသူများ အပေါ်တွင် အလွန်အမျက်ထွက်ကြကုန်၏။ သမီးများ အစောင့်အရှောက်မဲ့နေကြသည်ထင်ပြီး များစွာ စိုးရိမ်ကြလေ၏။ မော်လမြိုင်ဇရပ်အောက်ထပ်တွင် ဘွိုက်ကောက်တားကောင်စီ အစည်းအဝေးကျင်းပလေ၏။. |
| 276 |
ဘွိုက်ကောက်တားကောင်စီ လူကြီးများသည် ကြမ်းပြင်ပေါ်တွင် ဝိုင်း၍ ထိုင်ကြလေ၏။ အလယ်တွင် ကိုနု၊ မစ္စတာ ဒီ၊ ပီ၊ ဘနားဂျီ၊ ညိုထွန်း၊ တင်မောင်တို့ ထိုင်နေလေ၏။ ဝိုင်းထိုင်ကြသူများထဲတွင် ပင်းယမှ ဘစိန်နှင့် ဘမော်၊ သထုံမှ အေးကို၊ ညိုမြနှင့် ကောင်စီလူကြီးများ အစုံအညီရောက်လျက်ရှိကြလေသည်။. |
| 277 |
စသည်ဖြင့် ညိုထွန်းကပြောပြီး "ကျောင်းလခယူသင်တာဟာ အလွန်မကောင်းတဲ့နည်းပဲ။ တပည့်နဲ့ဆရာ အရိုသေတန်ကြတာဟာ ကျောင်းလခယူလို့ပေါ့။ ကျောင်းလခပေးရတော့ တပည့်ကလဲ ငါပိုက်ဆံပေးလို့သင်တာပဲဆိုပြီး ဆရာကို မရိုသေဘူး။ ဆရာကလဲ ငါ့ပိုက်ဆံရလို့သင်တာဆိုပြီ တပည့်ကို မေတ္တာမညွတ်ဘူး"။ စသည်ဖြင့် ပြောပြီး ထောက်ခံလေ၏။. |
| 278 |
သူတို့တစ်တွေကို ဗမာပြည်လာနေပါလို့ ဘယ်သူကမှလဲ မတောင်းပန်။ ကျောင်းသားတွေကလဲ အလိုမရှိဘူး။ ပြီးတော့ ဗမာပြည်နေရလို့ ဘာမှထူးကုန်စရာ မရှိဘူး၊ ပင်လယ်ကြီးကို ကျော်ဖြတ်ခဲ့ပါလို့လဲ ဘယ်သူကမှ မတိုက်တွန်းဘူး၊ မပင့်ပါဘူး၊ သူတို့ ဘိလတ်မှာနေကြရင် အလုပ်တောင် ကောင်းကောင်းရမှာ မဟုတ်ဖူး။ အနေရအထိုင်ရ ကြပ်မယ်။. |
| 279 |
ထိုအခိုက် အပြင်မှ တံခါးခေါက်လိုက်၏။ သူတို့သည် ဆက်၍သာ ပြောနေကြ၏။ တံခါးကို နာနာခေါက်ပြန်၏။ ကိုမြသည် တံခါးကိုဖွင့်၏။ အများသည် တံခါးဘက်သို့ ကြည့်နေကြလေ၏။ တံခါး တဖြည်းဖြည်း ပွင့်လာသောအခါ မီးရောင်တွင် မျက်မှန်လက်ကလဲ ဝင်းနေသည်ကို မြင်ကြရ၏။ ကိုမြသည် ထိုဝင်လာသူကို လက်နှင့်ဆီးတား၏။. |
| 280 |
ဟု ပြောပြီး အတင်းတိုးဝင်လေ၏။ ကျော်သိန်းသည် ပျာပျာသလဲ လူများကို ကြည့်၏။ အများက သူ့အား ကြည့်ပြီး ပြုံးကြလေ၏။ ကျော်သိန်းကား ကောင်စီလူကြီးများထဲတွင် တစ်ယောက်ယောက်ကို ရှာ၏။ မတွေ့။ နောက်မှ တင်မောင်ကို လက်ယပ်ခေါ်၏။ တင်မောင်အား အရှေ့တောင်ဒေါင့်နားသို့ခေါ်ပြီး တီးတိုးပြောဆိုလေ၏။. |
| 281 |
နောက် ကျော်သိန်းသည် ကိုမြအား "ကျေးဇူးတင်ပါတယ်"။ ဟု ပြောရင်း ဆလံပေးကာ နောက်ကျိကျိလုပ်၍ ထွက်သွားလေ၏။ အခြား အားနေသော ကျောင်းသားများကား ဘုရားကုန်းတော်ပေါ်သို့ တက်သူတက်ကြ၏။ ကိုယ့်ကျောင်းဆောင်တွင်ကိုယ် ပျော်ပျော်ပါးပါး တီးမှုတ်ကာ နေသူက နေကြလေ၏။ စကားဝိုင်းကြီးထောင်ကာ ပြောနေသူက ပြောကြလေ၏။. |
| 282 |
အချို့က ကူးသန်းရောင်းဝယ်ရေးပညာကို ယူနီဗာစီတီမှ သင်ပေးပြီး ဘီကွန်းပေးရန် ပြောကြ၏။ အချို့ကား အသက်မွေးဝမ်းကျောင်းပညာကို တောင်းကြ၏။ အချို့ကား စာမေးပွဲကြီးမဝင်မီ ဒစ်စ်ကွာလီဖိုင်းရင်းတက်စ်ခေါ် အစမ်းစာမေးပွဲမထားရန် တောင်းဆိုကြ၏။ တစ်ယောက်တစ်ခွန်း၊ တစ်ခေါင်းတစ်ဉာဏ် ပြောကြကြံကြလေရာ ဆူနေလေ၏။. |
| 283 |
ယူနီဗာစီတီအက်ဟာ တိုင်းပြည်က သဘောမကျပဲနဲ့ တည်နေတာ ကြာလှပြီ၊ ဒီယူနီဗာစီတီအက်ကို တိုင်းပြည်အလိုမတူပဲနဲ့ ဇွတ်လုပ်ထားတယ်။ ဒီအက်တည်သမျှ ယူနီဗာစီတီပညာရေးဟာ ညံ့ဖျင်းနေမှာဘဲ။ ဒီအက်ရှိနေသမျှ ဗမာတွေဟာ လူညံ့တွေပျော့၊ လူနုံတွေဟေ့၊ မကောင်းတဲ့အက်ကို ကျေကျေနပ်နပ် လက်ခံထားသဟေ့လို့ အဆိုခံနေရမှာ ရှက်စရာကောင်းနေမှာပဲ။. |
| 284 |
ယူနီဗာစီတီအက်ကို ပြင်ရန်၊ အလွတ်ကျောင်းသားများကို စာမေးပွဲဝင်ခွင့်ပြုရန်၊ ကျောင်းလခများလျှော့ရန်၊ ကျောင်းသားများသမဂ္ဂအသင်းကို အသိအမှတ်ပြုရန်၊ ဆရာကြီးများတွင် ကျောင်းထုတ်နိုင်သောအာဏာကို ပေးမထားရန်၊ မန္တလေးကောလိပ်ကို မဖျက်ရန် စသော အဆိုများ ဖြစ်လေသည်။ ထိုအဆိုများကို မစ္စတာဘနားဂျီက အင်္ဂလိပ်လိုရေး၏။. |
| 285 |
မစ္စတာဘနားဂျီကား ဤလိုအရေးအသား၌ များစွာ ကျွမ်းကျင်လေ၏။ ညိုထွန်းသည် အဆိုများကို ချက်ချင်း မြန်မာလိုပြန်၏။ သူသည် ဇရပ်ထောင့်တစ်ထောင့်တွင် အလျားမှောက်ကာ ဘာသာပြန်နေလေ၏။ အခြားကောင်စီလူကြီးများကား သူတို့ဆိုင်ရာအဆောင်များသို့ ပြန်သွားကြလေပြီ။ ကိုနုလည်း ဇရပ်တံခါးကို ကောင်းစွာပိတ်ပြီး မပြီး လိုက်စစ်ဆေး၏။. |
| 286 |
ကိုတင်မောင်တို့ ကိုစိုးထွန်းတို့ကား အပေါက်ဝနားတွင် စကားတီးတိုးပြောနေကြလေ၏။ မမကြီး၊ မအေးနှင့် ချစ်စိန်တို့သည် ဇရပ်ထက်သို့ တက်ကြလေ၏။ ညိုထွန်းသည် မနေ့ကတည်းက တရေးမျှ မအိပ်ရသေးသဖြင့် စာရေးရင်း သမ်းနေလေ၏။ ထိုအခိုက် ထားမြင့်နှင့် သောင်းရီသည် ဆင်းလာကြလေ၏။ သူတို့ကား မအိပ်နိုင်ကြ။. |
| 287 |
ထားမြင့်သည် ဆုံးဖြတ်ချက်များကို အမြန်ဖတ်ပြီးလျှင် ညိုထွန်းက ပြောပြသည်ကို လိုက်ရေးလေ၏။ သောင်းရီက ငုံ့ကြည့်ရင်း လက်ထောက်၍ ထိုင်နေလေ၏။ သူ့လက်သူကြွယ်ကလေးပေါ်ရှိ စိန်တစ်လုံးလက်စွပ်ကလေးကို မီရောင်ကထိုးထားရာ တလက်လက် ထိန်နေလေ၏။ ညိုထွန်းတွင် မောစိတ်၊ ပန်းစိတ်တို့ ပျောက်သွားလေတော့၏။. |
| 288 |
လရောင်အောက်တွင် တယောထိုးကောင်းသကဲ့သို့ ထားမြင့်၏အနီးတွင် ဘာသာပြန်၍ ကောင်းနေလေ၏။ ကိုမြသည် ဇရပ်ပေါ်သို့ တက်လာလေ၏။ ဇရပ်ပေါ်သို့ရောက်လျှင် ဟိုကြည့်သည်ကြည့် ကြည့်ပြီး ညိုထွန်းအနီးသို့ လျှောက်လာခဲ့ရာ ချွတ်ခနဲ ကြမ်းပြင်သည် မြည်သွား၏။ သောင်းရီသည် မော့်ကြည့်လိုက်၏။ "ကိုကိုမြ လာနေတယ်"။. |
| 289 |
ထားမြင့်သည် ဆတ်ကနဲ စောင်းကြည့်ပြီး ညိုထွန်းပြောသမျှကိုသာ စိုက်ရေးနေ၏။ "ခပ်မြန်မြန်လုပ်ဗျို့။ ၂ ချက်ထိုးတော့မယ်"။ ဟု ကိုမြသည် ပြောပြီး ဆင်းသွားလေ၏။ ညိုထွန်းသည် သွက်လက်စွာ လှုပ်ရှားနေသော ထားမြင့်၏ သေးသွယ်လှပသော လက်ကလေးများကို ကြည့်နေမိလေ၏။ လက်သည်းကလေးများမှာ ဆေးမဆိုးဘဲနှင့် နီပြေပြေဖြစ်နေလေသည်။. |
| 290 |
ထားမြင့်သည် ညိုထွန်းအား သနားသွားလေ၏။ ဤမျှကြိုးစားကာ အလုပ်လုပ်နေသဖြင့် အကြိမ်ကြိမ်ချီးကျူးမိလေ၏။ ကိုမြ၊ ညိုထွန်းနှင့် ကျော်သိန်းတို့သည် သုံးယောက်သား လန်ချားတစီးကိုငှားပြီး စီးကြလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်လျက် ရှိလေ၏။ ကောင်းကင်၌ကား ကြယ်တာရာများသည် စုံစုံညီညီ ပွင့်လင်းနေကြ၏။. |
| 291 |
ဟု ကိုမြက ခပ်မာမာ ပြော၏။ "ထင်ခဲ့တယ်။ ကျွန်တော်တို့ကို ခွင့်လွတ်ပါဗျာ။ ကိုမြဟာ လူလျှော်ပဲ။ ပင်နီအင်္ကျီဝတ်ပြီး အရေးရှိရင် ရှောင်နေတဲ့လူပဲ။ အမျိုးသားအလုပ်ကို ဘာမှစိတ်ရှိလှတာ မဟုတ်ဘူးလို့ ထင်နေခဲ့တာဘဲ။ အထင်လွဲသဗျာ"။ ကျော်သိန်းသည် လှိုက်လှိုက်နှင့် ဝမ်းနည်းသံဖြင့် ပြောလေ၏။. |
| 292 |
ကိုမြသည် သစ္စာမဖောက်သည့်တိုင်အောင်၊ အမျိုးသားကိစ္စများကို ဖျက်ဆီးသွားသည့်တိုင်အောင် အားကြိုးမာန်တက် စွန့်စွန့်စားစား ဘယ်တော့မှမလုပ်ဟု ယူဆထားသူဖြစ်၏။ "ခုတော့ သိတော့တာပေါ့ဗျာ။ ခင်ဗျား သပိတ်မှောက်လိုက်ရုံမကဘူး၊ သပိတ်အတွက် ခင်ဗျား မားမားမတ်မတ် ဆောင်ပေလို့သာ။ ခင်ဗျားကြိုးစားလုပ်တာလဲ လူတိုင်းသိကြပြီပဲ"။. |
| 293 |
ရှေးကပင် ခွဲခြမ်းခွဲခြမ်းနိုင်ခဲ့သော ပုဂံကျောင်းဆောင်သည် ယခုလည်း သူများနှင့် တစီတတန်းတည်း မဟုတ်ဘဲ တောင်ဘက်တန်ဆောင်း၏ အနောက်ဘက်ရှိ ကျယ်ဝန်းသော ဝင်းခြံကြီးတွင် တည်ရှိလေသည်။ ရှေးက အင်းလျားဟောလ်ဆိုသော စကားသည် ကျောင်းသားများ၏ ပါးစပ်တွင် ဝဲခဲ့စွဲခဲ့သကဲ့သို့ ယခုမော်လမြိုင်ဇရပ်သည် ဝဲခဲ့စွဲခဲ့လေပြီ။. |
| 294 |
သူထလျှင် သိန်းမောင်၊ ဘကျော်၊ မောင်ညွန့်၊ ဘစိန် စသည်တို့လည်း ထကြလေ၏။ အများမှာ စောင်တစ်ထည် ခေါင်းအုံးတစ်လုံးစီဖြင့် အိပ်နေကြတုန်းပင် ဖြစ်၏။ စောင်တစ်ထည်ဖြင့် နွေးနွေးအိပ်နိုင်ကြရန် အချို့မှာ ဒူးနှင့်နဖူး တိုက်လုမတတ် ကွေးကွေးကလေး အိပ်ကြ၏။ အချို့မှာ စောင်နှင့် လုံချည်ထပ်ပြီး ခြုံကာ အိပ်ကြလေ၏။. |
| 295 |
အလင်းရောင်သည် အရှေ့မိုးကုပ်စက်ဝိုင်းမှ ပြေးလာပြီဖြစ်သော်လည်း တန်ဆောင်းထဲမှ အမှောင်သည် မထွက်ခွာသေးပေ၊ ဓာတ်မီးများကသာ ခပ်မှိန်မှိန်လင်းနေလေသည်။ သူတို့အိပ်ရာကထကြ၍ မကြာမီပင် သတင်းစာများ ရောက်လာလေသည်။ ကိုသန်းတင်သည် မျက်နှာကိုပင်မသစ်ဘဲ ပြေးလာကာ သတင်းစာကို ဆွဲဖတ်လေ၏။ သူသည် ဓာတ်ပုံများကို ဦးစွာကြည့်လေ၏။. |
| 296 |
ဘွိုက်ကောက်တားကောင်စီ ရွေးနေကြပုံ၊ ည ရင်ပြင်တော် အစည်းအဝေးကြီးပုံ၊ ကိုနုစကားပြောနေပုံ၊ သပိတ်မှောက်ကျောင်းသူများ နေကြရာ မော်လမြိုင်ဇရပ်ပုံ၊ ထိုပုံဤပုံဖြင့် သိုက်သိုက်မြိုက်မြိုက် ရှိလေ၏။ ဓာတ်ပုံများသည် ပြကတေ့ထက် လှတတ်ခမ်းနားတတ်တိုင်း ကျောင်းသားများ အိပ်ရပုံဟူသော ဓာတ်ပုံမှာ လွန်စွာကြည့်၍ကောင်းနေလေ၏။. |
| 297 |
ပိုးလုံချည်တစ်ပတ်ရစ်၊ ခွင်းထိုးဖိနပ်တို့ဖြင့်သာ အကျေနပ်ကြီး ကျေနပ်နေကြရပြီး၊ ကော်စမစ်တစ်ကို တောင့်အောင်ဖီးလျက်၊ စနိုး၊ အလှဆီ၊ ပေါင်ဒါတို့ဖြင့် အလှပြင်လေ့ရှိသော ကျောင်းသားများသည် ယခုအခါ ခေါင်းဖီးရမှန်းမသိ၊ မျက်နှာကို အလှဆီ၊ ပေါင်ဒါ စသည်တို့ဖြင့် သရ၊ ခြယ်ရမည်ကို ရှက်တက်တက်ဖြစ်နေပြီ။. |
| 298 |
ရှေးက ဖြူစင်သန့်ပြန့်သော ကျောက်စားပွဲတွင် ဇွန်းခရင်းနှင့် အနောက်နိုင်ငံသားများ၏ အမူအရာအတိုင်း၊ ဂိုက်အတိုင်း ထိုင်ကြပြီး၊ ကြက်သား၊ ဝက်သား၊ ဘဲသား စသည်များကို နေ့စဉ် စားကြရသော်လည်း ယခုအခါ သစ်သားခုံနိမ့်နိမ့်ကလေးများတွင် ဆောင့်ကြောင့်ထိုင်ကာ ပြွန်းဟင်းတစ်ခွက်ဖြင့် စားကြရလေသည်။. |
| 299 |
ထိုအတွင်း ညိုထွန်းသည် လုံချည်ကို လက်တစ်ဖက်ဖြင့် မ ဆွဲလျက် အခြားလက်တစ်ဖက်က ဖိနပ်ကိုကိုင်ပြီး လာလေ၏။ "ဗျို့ ဆရာကြီး၊ စောစောစီးစီး ဘယ်ကလာသလဲ"။ ညိုထွန်းသည် ဗိုကေစုတ်ဖွား၊ အင်္ကျီဖားယားဖြင့် များစွာ ဖိုးယိုးဖားယားနိုင်လှလေသည်။ သူ့မျက်စီကား နီနေလေ၏။ သူ့မျက်နှာကား အဆီများဖြင့် ပြောင်ထိန်နေ၏။. |
| 300 |
ဘကျော်သည် ထိုင်ရာမှ ထလာပြီး လုံချည်တစ်ထည်ကို ယူပေး၏။ ဆပ်ပြာနှင့် မျက်နှာသုတ်ပဝါကိုလည်း ယူပေးသေး၏။ ကိုသန်းတင်ကား တစာစာ ဖတ်လျက်ပင်။ ကျောင်းသူများ၏ မော်လမြိုင်ဇရပ်တွင်လည်း ခင်ခင်ကြီး၊ မမကြီး၊ မခင်မြ၊ မအမာ၊ ဒေါ်ရိုသီသိန်းဖေ စသော ကျောင်းသူများကား အိပ်လျက်ပင် ရှိသေး၏။ မတင်လှသည် အရင်ဆုံး နိုးလေ၏။. |
| 301 |
ထားမြင့်နှင့်သောင်းရီလည်း နိုးလေ၏။ ညွန့်ညွန့်နှင့် မတင်လှသည် အောက်ထပ်သို့ ဆင်းပြီး အများသောက်ရန် လက်ဖက်ရည်ဖျော်လေ၏။ သူတို့တွင် လက်ဖက်ရည်နှင့် သောက်ကြရန် တရုပ်မုန့်များ ရထားလေသည်။ သူတို့လက်ဖက်ရည်ဖျော်ပြီးချိန်တွင် အအိပ်ကြီးသော ကျောင်းသူလေးငါးယောက်မှတစ်ပါး အားလုံးနိုးကြလေ၏။. |
| 302 |
ညွန့်ညွန့်သည် သူရိယသတင်းစာကိုယူပြီး မတင်လှခါးကို ဖက်လျက် ဇရပ်အပေါ်ထပ်သို့ တက်လေ၏။ မကြာမီ သတင်းစာဖတ်သံများမှာ ဆူညံနေလေ၏။ သတင်းစာနှစ်စောင်ကို တစ်ရွက်စီ ဆွဲယူကာ ဖတ်နေကြလေ၏။ "ကိုင်း မထားမြင့်၊ ရှင့်လက်ထဲကရှိတဲ့ဟာကို ဖတ်ပြလှဲ့ပါအုံး၊ ကျမတို့ အိပ်ရင်းနားထောင်စမ်းမယ်"။ ဟု မအမာက ထားမြင့်ကို ခေါ်လေ၏။. |
| 303 |
သောင်းရီကား ရယ်မောနေလေ၏။ ထားမြင့်က ပြောင်ကြလှောင်ကြသည်ကို သဘောကျသော အမူအရာဖြင့်နေလေ၏။ ပင်နီအင်္ကျီ၊ ပိုးနှင့်ချည် ရောထားသော လုံချည်ကိုသာ ဝတ်လေ့ရှိသူ၊ သားရေခွင်းထိုးဖိနပ် စီးလေ့ရှိသူ ညိုထွန်းသည် ယခုမူ ပိုးဘောင်းဘီအပွ၊ ကော်လာနှင့် ရှပ်အင်္ကျီ၊ ဆွယ်တာလက်တို၊ ဖလေဇာကုတ်တို့ကို ဝတ်ဆင်ထားရှိ၏။. |
| 304 |
ပေးတင့်ရှူးဖိနပ်ကိုလည်း စီးထား၏။ သူ့လက်တွင်ကား ရှမ်းလွယ်အိတ်တစ်လုံးနှင့် သတင်းစာတစ်စောင်သာ ပါလေသည်။ သူသည် ဘူတာရုံတွင်းသို့ ရောက်လျှင်ရောက်ချင်း နေရာကောင်းမရှာတော့ဘဲ တွဲတစ်တွဲပေါ်သို့ အမြန်တက်လေ၏။ ကံအားလျော်စွာ ထောင့်နားတွင် နေရာတစ်ခု ရလေသောကြောင့် သတင်းစာရွက်တစ်ခုကို ဆုတ်ကာ နေရာခင်းလေ၏။. |
| 305 |
နောက် ဟိုဟိုသည်သည် ဘူတာရုံဝင်းထဲသို့ ခဏမျှ မျက်စိဖြင့် တစ်စုံတစ်ယောက်ကို ရှာကြည့်ပြီး ထိုင်လေ၏။ ဘယ်သူ့ကိုမျှ မတွေ့လျှင် သတင်းစာကိုဖတ်ကာ နေလေ၏။ သတင်းစာသည် သူ့မျက်နှာကို ဖုံးထားလေ၏။ မကြာမီ စုံထောက်များသည် တွဲတိုင်းတွင် လိုက်လံရှာဖွေကြလေ၏။ ညိုထွန်းတွဲတွင်းသို့ ကြည့်ကြ၏။ သူတို့ကား ညိုထွန်းကို မမြင်ကြ။. |
| 306 |
ညိုထွန်းကား သူတို့ကိုမြင်သော်လည်း အခြေမပျက် သတင်းစာကိုသာ ဖတ်နေလိုက်လေ၏။ ညိုထွန်းသည် သတင်းစာတွင် စိတ်မဝင်။ သူ့မျက်စိသည် လှုပ်လှုပ်ရှားရှား လူများစွာကိုသာ မြင်လေ၏။ နားတွင်လည်း အော်သံဟစ်သံ လက်ခုပ်တီးကြသံကိုသာ ကြားနေတော့၏။ သူကား ပွဲအလင်း သုံးညဆက်ကြည့်ထားသူကဲ့သို့ ခံစားနေရလေ၏။. |
| 307 |
ဟု ခဏခဏပူဆာမိသေး၏။ နောက်ဆုံးအကြိမ် စုံထောက်များသည် သူ့တွဲရှေ့သို့ ရောက်လာလေ၏။ ပထမခေါင်းလောင်းထိုးပြီးဖြစ်၍ လူတိုင်းမှာ ပျာလောင်ခတ်နေကြလေ၏။ လိုက်ပို့ကြသူများသည် အောက်သို့ဆင်းကြလေ၏။ စုံထောက်တစ်ယောက်သည် ညိုထွန်း၏ တွဲပေါက်ဝမှ ခေါင်းရှိုကာ ကြည့်လေ၏။ ညိုထွန်းမှာ သွေးပူသွား၏။. |
| 308 |
ဟု ကြောင့်ကြမိ၏။ သို့သော် သူ့ကိုယ်သူ အေးအေးလူလူ ရှိစေပြီး အခြေမပျက် နေလိုက်၏။ စုံထောက်သည် စိတ်ပျက်သော အမူအရာနှင့် ထွက်သွားလေ၏၊ ရထားလည်း ထွက်လေ၏။ ညိုထွန်းမှာ စိတ်အေးသွား၏။ ရထားမှာ မန္တလေးသို့ဆန်သော ညနေ ၄ နာရီခွဲရထားဖြစ်၏။ နေသည် ဝါဝင်းသောအရောင်ကို ရထားတွဲများသို့ ထိုးကြည့်နေတုန်းပင်ဖြစ်၏။. |
| 309 |
ညိုထွန်းသည် ရွှေတိဂုံဘုရားကြီးကို အာရုံပေါင်းစုံဖြင့် စူးစိုက်ကာ ကြည့်၏။ သူ့စိတ်တွင် သာမန်ဗုဒ္ဓဘာသာတို့၏ ကြည်ညိုစိတ်မရှိ၊ ဘုရားဖြစ်၍ ဤမျှ အာရုံစူးကာ ဖူးသည်မဟုတ်၊ သူသည် "ရွှေတိဂုံဘုရားကြီးကား ငါတို့၏ ကျေးဇူးရှင်ကြီး၊ ငါတို့သပိတ်တွေရဲ့ အားကိုးမှီခိုရာ"။ ဟူသော စိတ်ဖြင့်သာ ကြည့်၏။. |
| 310 |
ပါးစပ်ကမူ ဟု အင်္ဂလိပ်လို ရေရွတ်မိလေ၏။ ညိုထွန်းသည် လွယ်အိတ်ကလေးထဲမှ လုံချည်တစ်ထည်နှင့် မျက်နှာသုတ်ပုဝါအထူကြီးတစုံကို ဆွဲထုတ်လေ၏။ လုံချည်ကိုလဲဝတ်ပြီး ဘောင်းဘီကိုခွာ၍ ခေါက်ထည့်ထားလိုက်၏။ မျက်နှာသုတ်ပုဝါကိုခြုံကာ စာအုပ်တစ်ခုကို ဖတ်လျက်ရှိသည်။ စာအုပ်ကား ဘားမီးဒေးစ်ခေါ် "ဗမာ့လက်ထက်"။. |
| 311 |
သူ့အနီးတွင် အသက်သုံးဆယ်ခန့်ရှိသော မိန်းမတစ်ယောက်နှင့် ရွယ်တူယောက်ျားတစ်ယောက် ရှိလေ၏။ သူတို့သည် ပြောင်ပြောင်လက်လက် ဝတ်စားလျက် ကော်ဇောကြီးများ ခင်းထားလေသည်။ တခြားတဖက်တွင် ဖုန်းကြီးသုံးပါမှလွဲ၍ အားလုံး ကုလားချည်းဖြစ်လေ၏။ တစ်တွဲလုံး ညပ်နေ၏။ ညိုထွန်းသည် စာကိုကြည့်ရသော်လည်း မျက်စိများမှာ စပ်နေလေ၏။. |
| 312 |
ထိုစကားစုကို မျက်စိမှိတ်ကာ တွေးပြန်လေ၏။ အင်္ဂလိပ်စာရေးဆရာက ဗြိတိသျှအင်ပါယာကို ရှုံ့ချသည်ဖြစ်သောကြောင့်သာ အလွန်သဘောကျမိ၏။ သူပြောသမျှသည် မှန်လေသည်ဟု အောက်မေ့မိလေ၏။ ရထားမှာလည်း မြန်လာ၍ လေကလေးမှာ တိုက်လျက်ရှိ၏။ ကုလားများဆူသံသည် ရထားသံတွင် နစ်သွားသောကြောင့် ညိုထွန်းသည် သက်သာရာ ရသွားလေ၏။. |
| 313 |
ကျွန်တော်မအိပ်ရတာ သုံးလေးညရှိပါပြီ။ ဒီနေ့ ရထားပေါ်အိပ်ဖို့ ကြံတာပဲ။ သို့ပေမဲ့ ပြောဖို့ရောက်လာပြန်လို့ ပြောအုံးမယ်။ ကျွန်တော်တို့ကို သင်ပေးတဲ့ပညာဟာ ကျွန်တော်တို့စိတ်ကို နုအောင်၊ ကပ်ပါးတွေဖြစ်အောင် သင်ပေးနေတဲ့ပညာ။ ဘယ်လိုလဲ။ ဒီပညာတတ်ရင် လခစားစာရေးလုပ်ရုံကလွဲလို့ ဘာမှမလုပ်နိုင်ဘူး။. |
| 314 |
လခစားတို့၊ စာရေးတို့ဆိုတဲ့ အလုပ်တွေဟာ ပင်ကိုယ်ဉာဏ်အလျောက် မကြီးပွားဘူး။ ဝီရိယရှိပြန်လဲ ဝီရိယအလျောက် မကြီးပွားဘူး။ ဒီတော့ ကြီးပွားချင်ရင် အထက်လူကြီးကို ချော့ရ၊ ကန်တော့ရတယ်။ အထက်လူကြီးဆိုတာ ဝန်ထောက်လောက် ဘာလောက်ကတော့ ဗမာနဲ့ ကုလားတွေပဲ။ ဒီလူတွေက ကုလားတို့ ဗမာတို့သာ ဆိုတယ်၊ စိတ်ထားက အင်္ဂလိပ်လိုပဲ။. |
| 315 |
ခြံထဲနွား အခုန်အပေါက်မလုပ်ရဲ၊ ထွက်မပြေးနဲ့ ထွက်ပြေးရင်လဲ အရိုက်အနှက်ခံရလို့ လွတ်လပ်ရေး ကြောက်တာလိုပဲ။ စာရေးတွေလဲ လွတ်လပ်ရေးကို ကြောက်တာပေါ့။ ကြာတော့ အကျင့်ရပြီး ခြံတွင်းမှာနေရတာ၊ ကျွန်တွင်းမှာ နေရတာကိုပဲ အဟုတ်တကယ်ထင်၊ အကောင်းထင်၊ ဒါမှ တကယ့်လောကထင်ပြီး လွတ်လပ်ရေးကို မတွေးကြတော့ဘူး။. |
| 316 |
တွေးကြတဲ့ လူမျိုးအချို့ကိုတော့ သူတို့က လူထူးလူဆန်းတွေလို့ထင်ပြီး တချို့က ကြည့်ပြီး ရီကြတယ်။ တချို့က ဆဲကြတယ်။ အဲဒီလူတွေအဖြစ်ရောက်အောင် ကျွန်တော်တို့ပညာက သင်ပေးနေတယ်။ ကျောင်းကထွက်ထွက်ချင်း မှီလိုကပ်လိုတဲ့လူ၊ ဉာဏ်တုံးတဲ့လူ၊ သတ္တိမဲ့တဲ့လူ၊ လွတ်လပ်ရေးမကြိုက်တဲ့လူရဲ့ဘဝကို ရောက်ကြစေတဲ့ပညာ။. |
| 317 |
ဒီတော့ စာရေးစိတ်ကို ကျောင်းသားတုန်းကတည်းက မွေးတာပေါ့။ တစ်ဆင့်ထက်တစ်ဆင့် ဒီစိတ်ကူးသွားလိုက်တာဟာ ဗမာလူငယ်တွေအားလုံး စာရေးစိတ် ပေါက်ကုန်ကြပါရော။ ဒီတော့ ဒီပညာကြောင့် မှီလိုကပ်လိုတဲ့စိတ်၊ ဉာဏ်တုံးပြီး မထွင်တတ်တဲ့စိတ်၊ သတ္တိမဲ့တဲ့စိတ်၊ လွတ်လပ်ရေးမကြိုက်တဲ့စိတ်တွေ ကြီးစိုးပြီး နေတယ်။. |
| 318 |
ညိုထွန်းသည် မျက်စိမှိန်းလျက်ရှိလေ၏။ အိပ်၍ကား မပျော်သေး၊ ချမ်းလာသောကြောင့် မျက်နှာသုတ်ပဝါနှင့်ခြုံရင်း လက်ပိုက်ကာထားလေ၏။ မျက်စိမှာလည်း မှိတ်ထား၍ ကြာလျှင် အစပ်ပျောက်လာ၏။ မူးဝေလာ၏။ နောက် အိပ်ပျော်သွားလေ၏။ ယခုမူ ဘွိုင်ကောက်တားကောင်စီရုံးခန်းသည် အောက်ပိုင်းဇရပ်တစ်ခုသို့ ရောက်နေလေ၏။. |
| 319 |
ထိုဇရပ်တွင် သမဂ္ဂအသင်းကော်မတီအချို့နှင့် ကိုနု အမြဲအိပ်၏။ အမြဲနေ၏။ ကိုအောင်သိန်းကား ရုံးထိုင်ဖြစ်လေ၏။ ယနေ့ည ထိုဇရပ်တွင် ကျောင်းဆောင်များမှ ပရီဖက်ခေါ် လူကြီးများ စည်းဝေးကြလေ၏။ များစွာသော ပရီဖက်များမှာ ဘွိုင်ကောက်တာကောင်စီလာများ ဖြစ်ကြလေသည်။ ပုဂံကျောင်းဆောင်က ကိုလှဖေကား ပရီဖက်တစ်ယောက် ဖြစ်လေသည်။. |
| 320 |
ဟု လှမောင်က ကန့်ကွက်၏။ "ဘယ့်နှယ့်မဖြစ်ရမလဲ။ ဒီလိုမလုပ်ရင် ဇွတ်ဝင်ပြီး စာမေးပွဲဖြေကြမှာပဲ။ အိပ်ပြီး တောင်းပန်ရင်တော့ တချို့က အားနာလို့ မကျော်ဘူး။ တချို့က ရှက်လို့ မကျော်ဘူး။ တချို့က သနားလို့ မကျော်ဘူး။ တချို့က ကြောက်လို့ မကျော်ဘူး။ ဒီလိုမကျော်မှ ကျွန်မတို့ အလုပ်အောင်မှာပေါ့"။. |
| 321 |
နက်ဖြန်နံနက်စောစော ကားများနှင့် ကျောင်းသားများကို ယူနီဗာစီတီသို့ ခေါ်သွားရန် ဖြစ်လေ၏။ ကိုလှဖေသည် ကိုတင်မောင်ကို လိုက်ရှာလေ၏။ ကိုတင်မောင်ကား မော်လမြိုင်ဇရပ် အောက်ထပ်တွင် ထမင်းစားနေလေ၏။ ကိုတင်မောင်မှာ အလုပ်များနေသဖြင့် ယခုမှ ထမင်းစားရတော့သည်။ "ဟေ့လူ၊ ခုမှ ဘာကုန်းကြိတ်နေတာလဲ"။. |
| 322 |
ဟု လှဖေက လက်ညှိုးထိုးပြ၏။ သူတို့နှစ်ယောက် လက်ဖက်ရည် သောက်နေကြသောအခါ တရုတ်မုံ့ပုံးကြီးကို တင်မောင်က လက်ညှိုးထိုးပြ၏။ လှဖေက မုံ့ကလေးတွေကို ယူပေး၏။ မုံ့ကလေးများမှာ ခေါင်းလောင်းတံဆိပ်ကလေးတွေနှင့် ဖြစ်၏။ သောင်းရီသည် မုန့်များကို အားရပါးရစားကာနေ၏။ "ဒါထက်၊ ကိုညိုထွန်းတစ်ယောက် မမြင်ပါလား"။. |
| 323 |
ထားမြင့်သည် တံစက်မြိတ်မှ ကျလာသော ရေပေါက်ကလေးတွေကို ငေးကြည့်၏။ နောက် အုံ့မှိုင်းနေသော သစ်ပင်များကို ကြည့်၏။ နောက် လရောင်နှင့် မြူမှောင်ကြောင့် ချည့်နည့်စွာ လက်နေကြသော ကြယ်များကို ကြည့်၏။ ကြည့်နေသမျှနေရာတွင် ညိုထွန်း၏ မျက်နှာကို ပူးတွဲကာ မြင်မိ၏။ အဘယ်ကြောင့် သူ့မျက်နှာကို မြင်နေသည်ကို မသိ။. |
| 324 |
မမကြီး၊ မအေး၊ မချစ်စိန်၊ မအမာ၊ မအုံး စသူများမှာ ခေါင်းဆောင်များဖြစ်လေ၏။ သူတို့လည်း သက္ကလပ်လုံချည် ဝတ်သူဝတ်၊ သက္ကလပ်လုံချည် မပါသူများမှာ အတွင်းက သရက်ထည်လုံချည်နှစ်ထည်ကို ခံပြီး အပေါ်မှာ ပိုးလုံချည် တစ်ပတ်ရစ်များကို ဝတ်ခဲ့ကြ၏။ အချို့ကား ဖလေဇာ၊ အချို့ကား ပင်နီအင်္ကျီများ ဝတ်ကြ၏။. |
| 325 |
ထားမြင့်သည် အောက်မှ သရက်လုံချည်ခပ်ထူထူကို ခံလျက် အပေါ်မှ ချည်နှင့် ပိုးလုံချည်ကလေးကို ဝတ်ကာ ပင်နီရင်ဖုံးကလေးဖြင့် ဝတ်ဆင်ထားလေ၏။ မိန်းကလေးများသည် ရှေ့ဆုံးဒုတိယကားတွင် စီးကြ၏။ သူတို့ရှေ့မှ ကျောင်းသားခေါင်းဆောင်များဖြစ်၏။ သူတို့နောက်ကားများတွင်ကား "မေတ္တာခံတားဆီးရေး"။ ထွက်လာသူများဖြစ်လေ၏။. |
| 326 |
သီချင်းသံကို ကြားလျှင် ကျောင်းဆင်းခေါင်းလောင်းသံကို ကြားရသော ကျောင်းသားများကဲ့သို့ နောက်တော်ပါးမှ လိုက်လာကြကုန်သော ကျောင်းသားများသည် လှုပ်ရှားထကြွလာလေ၏။ သူတို့သည် ပျော်မြူးလာလေ၏။ အချမ်းဓာတ်က မွေးထုတ်လိုက်သော အပျင်းဓာတ်များသည် ထွက်ပြေးကြကုန်၏။ သူတို့သည် သူတို့အလုပ်၌ စိတ်ဝင်လာကြလေ၏။. |
| 327 |
ကားများလည်း ထွက်ခဲ့လေ၏။ "ဒို့ခင်တဲ့ ဥက္ကဋ္ဌကိုသာ တွေးမဆဘဲ ကျောင်းကနှင်တာ စိတ်ဆိုးဖွယ်ရာ၊ လူငယ်တွေ စုရုံးကာ တိုင်ပင်ကြရရှာ၊ ညီညွတ်စွာ ဒို့အသင်းက သပိတ်မှောက်၍ လာနေကြရှာ၊ ကူညီကာစောင်မပါ မိတ်ပေါင်းဆွေသဟာ၊ စေတနာရှေ့ထားကြကာ ဆောင်ရွက်လေတာ၊ မြန်မကြာ ဒီအောင်ပန်းကိုဆွတ်လှမ်းနိုင်စရာ"။. |
| 328 |
မိန်းကလေးများ၌ သီချင်းသံကို ပဲ့တင်သောအားဖြင့် ယောက်ျားများက ပြန်ဆိုသောအခါ ထိုအသံသည် တစ်ဖန် သူတို့၏ရင်တွင်း၌ ပဲ့တင်သွားပြန်၏။ သူတို့ရင်တွင်းရှိ သပိတ်စိတ်သည် ရှေးကထက် သန်စွမ်းစွာ ကြွတက်၍ လာလေသည်။ ပြည်လမ်းမကြီးပေါ်သို့ ရောက်သောအခါ ရှေ့ဆုံးကကား ရပ်လိုက်သဖြင့် အားလုံးစီတန်းကာ ရပ်ထားရလေ၏။. |
| 329 |
ကားများတွင် လူမပါသည့်အလား ဘာသံမျှ မကြားရဘဲ သွားလျက်ရှိလေ၏။ ကမာရွတ်ညောင်ပင်ကြီးသို့ ရောက်သောအခါ ညာဘက်သို့ ချိုး၍ဝင်ကြ၏။ သမဂ္ဂအသင်းတိုက်ရှေ့သို့ ရောက်သောအခါ ကျောင်းသားများသည် အောက်သို့ဆင်းကြလေ၏။ စာကိုပင် ဖတ်၍ရလောက်အောင် အလင်းရောင်မှာ ထွက်နေလေပြီ။ ခေါင်းဆောင်များက သူတို့ကို စီတန်း၍ ရပ်စေ၏။. |
| 330 |
တတိယအချက်က ဆီးတားရေးမှာ နွှဲကြတဲ့ ခင်ဗျားတို့တစ်တွေဟာ ဘယ်သူနဲ့မှ သပိတ်မှောက်တာ မှားတယ် မှန်တယ်ကို ပြောဖို့မလိုဘူး။ အထူးသဖြင့် ကျောင်းဆရာတွေနဲ့ အငြင်းမပွားနဲ့။ သူတို့က မှားတယ်၊ မှန်တယ် ပြောလာရင် ခင်ဗျားတို့ ဒီကိစ္စပြောချင်ရင် ရွှေတိဂုံဘွိုင်ကောက်ကောင်စီကို လာခဲ့ပါလို့ ခေါ်ရမယ်။. |
| 331 |
အစောင့်အကြပ် ဒရဝမ်များကား စောင်ကြီးတွေခြုံကာ အံ့ဩသောအမူအရာဖြင့် ပစ်ကက်တားများကို ကြည့်နေကြလေ၏။ ဗဟိုဆောင် ထမင်းချက်မီးဖိုမှာမူ အသက်ဝင်လျက်ရှိ၍ မီးရောင်ကလေးများ၊ လူရိပ်လူစများ မြင်နိုင်လေ၏။ မီးခိုးတိုင်မှလည်း မီးခိုးများသည် တလူလူထွက်လာပြီး မြူငွေ့တို့နှင့် ပေါင်းစပ်၍ သွားလေ၏။. |
| 332 |
ထားမြင့်၊ သောင်းရီ စသော မိန်းကလေးငါးယောက်နှင့် တင်မောင်၊ တင်ဖေ စသော ယောက်ျား လေးငါးဆယ်ယောက်သည် ဂျပ်ဆင်ကောလိပ်ဘက်သို့ သွားစောင့်ကြ၏။ မိန်းကလေးများနေသော ဘင်တန်ကျောင်းဆောင်သည်ကား ထောင်ထပြီးခါစ အကျဉ်းထောင်နှင့် တူလေ၏။ ရှေ့မှ တံခါးများကို လုံခြုံစွာ ပိတ်ထား၍ မည်သူမျှ ကျောင်းပေါ်သို့ မတက်နိုင်။. |
| 333 |
ကျောင်းဆရာများသည် သပိတ်လှိုင်းလုံးကြီးများ သူတို့ကျောင်းသူများကို ပုတ်မည်စိုး၍ အမျိုးမျိုး ရေကာတာများ တည်ထားကြလေသည်။ ဗမာဆံဆံ နေတတ်ထိုင်တတ်၍ မျိုးချစ်စိတ်ရှိသော ကျောင်းသူများကို ဆရာများသည် အကဲခပ်ကာ အမြဲစောင့်နေလေသည်။ ထိုကျောင်းသူများသည် အခြားကျောင်းသူများအား သပိတ်တရား မဟောနိုင်ရန် ဟန့်ကြသည်။. |
| 334 |
ဆရာမများသည် ခါတိုင်းနှင့်မတူဘဲ လေပျော့များဖြင့် ကပ်ကြသည်။ အချို့ကား မော်တော်ကားနှင့် အပျော်စီးခေါ်ကာ သပိတ်စိတ်မပေါက်အောင် နှူးကြနှပ်ကြလေသည်။ ဘင်တန်ကျောင်းဆောင်ရှေ့သို့ ရောက်နေကြသော ပစ်ကက်တားများမှာ အကြံရကြပ်နေလေ၏။ ဘယ်သူနှင့်မှလည်း တွေ့ခွင့်မရှိ။ ဘယ်သူကမှလည်း သူတို့ထံသို့ မလာ။. |
| 335 |
မြက်ခင်းပေါ်တွင် ခဏမျှ စောင့်နေကြလေ၏။ နေသည် ပွင့်၍ လာလေ၏။ မြူမင်းလွင်များသည် လွင့်စဉ်ကုန်လေ၏။ သစ်တိုပင်ကြီးများနှင့် မရမ်းပင်ကြီးများသည် နုပျိုသောနေခြည်တွင် ခေါင်းရှိုကာ လှုံနေကြလေ၏။ တဖြည်းဖြည်း ကျောင်းသားများ နိုးကြသောအခါ အပြင်ဘက်ရှိလူများကို စောင်းငဲ့ကာကြည့်၍ အခန်းတွင်းသို့ ဝင်ကြပြန်လေ၏။. |
| 336 |
အင်းဝကျောင်းဆောင်မှ ကျော်ညွန့်ကား သတ္တိရှိသူ လူစွာတစ်ယောက်ဖြစ်၏။ သူ့အဖေသည် အတွင်းဝန်တစ်ယောက်ဖြစ်၍ သူသည် အင်္ဂလိပ်ကို များစွာကြည်ညိုဆည်းကပ်သူဖြစ်၏။ အပြင်ဘက် သပိတ်မှောက်ကျောင်းသားများကို မြင်သောအခါ သူရယ်၏။ သူ့သဘောအရ သပိတ်မှောက်သမျှလူစုများသည် လူရူးတွေ၊ အန္ဓတွေ၊ လူမိုက်တွေ ဖြစ်သည်။. |
| 337 |
သူတို့သည် ခပ်ကျယ်ကျယ် ရယ်ကြလေ၏။ နောက် အင်္ဂလိပ်သီချင်း သံပြိုင်ဆိုကြလေ၏။ သပိတ်မှောက်ကျောင်းသားများကား သူတို့လှောင်သည်ကို သည်းခံ၍ နေကြလေ၏။ ထားမြင့်နှင့် သောင်းရီသည် အရှေ့တောင်ဘက်ဆီသို့ လျှောက်ကြည့်နေကြလေ၏။ ညွန့်ညွန့်တို့ကား အင်းလျားမှ အလိုတော်ရိကျောင်းသူများ၏ အတင်းစကားကို ပြောနေကြ၏။. |
| 338 |
ဟစ်ငိုလိုက်မှာပဲ။ ကိုကိုသောင်းလဲ ရီကိုသိပ်ချစ်တာ၊ ဘယ်တော့မဆို ရီမို့ ငိုလိုက်ရင် အလိုလိုက်တာချည်းပဲ။ အိမ်တုန်းကများ ရီက ဘယ်သွားချင်တယ်ဆိုရင် လိုက်ပို့တာပဲ။ တစ်ခါတလေ ရီက ကျောက်တော်ကြီးဘုရားပွဲသွားချင်တယ် ပြောတာကိုး။ အစကတော့ အဲဒီကို မိန်းကလေးတွေ မသွားရဘူးတဲ့။ ဘုန်းကြီးကာလသားတွေ သိပ်သောင်းကျန်းသတဲ့။. |
| 339 |
တင်မောင်သည် အနီးသို့ ရောက်လာလေ၏။ သူ့လက်ထဲတွင် စာရွက်တွေ ပါလာ၏။ သပိတ်မှောက်ကိစ္စနှင့် ပတ်သက်သော စာရွက်စာတန်းများဖြစ်လေ၏။ "ကဲ မထားမြင့်တို့ ဟောဟိုဘင်တန်ဟောလ်ပေါ်ကို ရောက်အောင် ဒါတွေပို့စမ်းပါအုံး"။ ထားမြင့်သည် ဘယ်ကဲ့သို့ တင်ပို့ရမည်ကို တွေးတောမနေပဲ စာရွက်စာတန်းများကို လက်ခံလိုက်လေ၏။. |
| 340 |
တင်မောင်သည် သောင်းရီကို ကြည့်လိုက်၏။ သောင်းရီ၏ မျက်လုံးများကား နီနေ၏။ ဖြူဝင်းသော ပါးကလေးများမှာ ကျီးအာသီးအဆင်းကို ဆောင်နေ၏။ ကော့နေသော မျက်တောင်ကလေးများ စင်း၍နေ၏။ တင်မောင်သည် ကောင်မလေး ဘာဖြစ်ပါလိမ့်ဟု တွေး၏။ မေးလို၏။ သူမမေးဝံ့ချေ။ ထားမြင့်သည် အဖော်များဆီသို့ ပြန်လျှောက်ခဲ့ရင်း စဉ်းစား၏။. |
| 341 |
ကျောင်းပေါ်သို့လည်း မတက်နိုင်။ လူကြုံလှမ်းရန် ကျောင်းပေါ်တက်သူ အစအနကိုမျှ မတွေ့။ ထို့ကြောင့် သူသည် စာရွက်များကို ခဲခံလျက် ထုပ်ပြီး အစွန်းနှစ်ဖက်တွင် ဆေးလိပ်ခေါင်းချိုးသကဲ့သို့ ချိုးထားလေ၏။ ကျောင်းပေါ်မှ ကျောင်းသူများလည်း စာမကြည့်နိုင်၊ အခန်းတွင်း၌လည်း အောင်းမနေနိုင်၊ စကားစု၍လည်း ပြောမနေနိုင်။. |
| 342 |
သူတို့သည် တားဆီးလာကြသူများကို ချောင်းမြောင်းကာသာ ကြည့်နေမိကြလေ၏။ အဆင်းရဲဒုက္ခခံကာ စောင့်ကြသူ သပိတ်သမားများကို သနားလာသူ များလေ၏။ အမျိုးသားစိတ်ဆိုသောအရာကို နားမလည်သော ကျောင်းသူအချို့သည်ပင် သပိတ်ဘက်သို့ ညွတ်လာလေ၏။ အချို့ကား လက်ကိုင်ပဝါကို လှုပ်၍ ပြကြ၏။ အချို့ကား ငေးမှိုင်ကာ ကြည့်နေလေ၏။. |
| 343 |
သူကား သတင်းစာထဲဖတ်လိုက်တိုင်း စိတ်ကြွနေ၏။ ကျောင်းတွင် အဖော်မရှိဘဲ နေရလေလေ သူ့သူငယ်ချင်း ညိုထွန်းကို လွမ်းလေလေ ဖြစ်၏။ သူ့နှမကလေးကို မကြာခဏ အောက်မေ့တမ်းတသည့်အပြင် ဇရပ်၌နေရခြင်းအတွက် စိုးရိမ်နေလေ၏။ "ငါ့နှမလေး ငွေလိုနေတော့မယ်၊ ငါနှမကလေး အနေအထိုင် ဆင်းရဲရှာလိမ့်မယ်။ ငါ့နှမကလေး အားကိုးမဲ့ရှာလိမ့်မယ်"။. |
| 344 |
စသည်ဖြင့် အမျိုးမျိုးတွေးကာ ပူပန်နေလေ၏။ နှမက သပိတ်မှောက်၊ မောင်ကြီးက အလိုတော်ရိ ဖြစ်နေပြန်သဖြင့်လည်း ရှက်နေလေ၏။ "ငါသွားရင် ဝိုင်းလှောင်နေကြမှာလေလား"။ ဟု အရှက်နှင့်ရောကာ ကြောင့်ကြပြန်လေ၏။ မနေ့ညက ယနေ့နံနက်လိုက်ရန် ဆုံးဖြတ်ပြီးသည်နှင့် တပြိုင်နက် သောင်းဖေသည် အားလုံးသောပစ္စည်းများကို သိမ်းလေ၏။. |
| 345 |
နံရံတွင်ချိတ်ထားသော ကားများကိုပင် ထည့်လေ၏။ ဘုရားကုန်းတော်ပေါ်တွင် သောက်ရေ အလွယ်ရနိုင်လိမ့်မည် မထင်၍ ရေတခေါင်းနှင့် ဖန်ခွက်ကိုပင် ယူရန်ပြင်၏။ သူသည် နံနက်စောစောကြီးထကာ အိပ်ရာလိပ်လေ၏။ အိပ်ရာလိပ်ပြီးလျှင် စာတိုက်သို့သွား၍ တယ်လီဖုန်းနှင့်ဆက်ကာ ပဲရော့တက်ကစီတစီးကို မှာလိုက်လေ၏။. |
| 346 |
ဟု ဆိုကာ ဦးထုပ်ကိုဆောင်း၊ ထီးကို လက်မောင်းတွင်ချိတ်၊ ဖိနပ်ထုပ်ကြီးကို လက်ကကိုင်ပြီး မြိုင်မြိုင်ကြီး ဆင်းလာခဲ့လေသည်။ သူ့အခန်းကို ဖွင့်ထားခဲ့လေ၏။ ဘင်တန်ကျောင်းဆောင်တွင် ဘယ်လိုမှမကြံနိုင်၍ ကျောင်းသားကျောင်းသူများသည် မြောက်ဆောင်သို့ သွားကြလေ၏။ ကျောင်းသားအချို့ကို မြောက်ဆောင်သို့ စုဝေးစေ၏။. |
| 347 |
နေတော်တော်မြင့်သောအခါ မြို့တွင်းမှ ကားဖြင့်လာ၍ စာမေးပွဲဖြေကြသူများလည်း ရောက်လာလေ၏။ ကားဖြင့်လာသူများကို ကမာရွတ်ညောင်ပင်အနီးမှ တစ်စု၊ သမဂ္ဂအသင်းတိုက်ရှေ့လမ်းဆုံမှ တစ်စု၊ ယူနီဗာစီတီအဲဗင်းညူးနှင့် အင်းလျားလမ်းထောင့်မှ တစ်စု၊ ပြည်လမ်းနှင့် ကွန်ဘိုကေးရှင်းလမ်းထောင့်မှ တစ်စု နေကြကာ ဆီးတားကြလေ၏။. |
| 348 |
ကားများကို ရှေ့ကနေ၍ လက်ပြကာတားပြီး စာမေးပွဲမဖြေရန် ကျောင်းသားများသည် ရိုသေစွာ တောင်းပန်ကြလေ၏။ တစ်ခါတစ်ရံ လွတ်ထွက်သွားသောကားများကို အလယ်မှနေသော သမဂ္ဂအသင်းတိုက်ရှေ့လမ်းဆုံမှ လူစုက တားကြ၏။ ကားများလွတ်သွားလျှင် တားဆီးသူများသည် အခြားအစုများသို့ လက်ကိုင်ပဝါများလွှင့်ပြကာ အကြောင်းကြားကြလေသည်။. |
| 349 |
အရိပ်ဖုံးနေခဲ့သော အင်းဝကျောင်းဆောင်ရှေ့တွင် ယခုအခါ နေခြည်များကရောက်လာလေ၏။ မိန်းကလေးရှစ်ယောက်လောက်သည် တံခါးဝရှေ့ဆုံးမှ လက်ချင်းဆက်ကာ မတ်တပ်ရပ်နေကြလေ၏။ သူတို့နောက်မှ ကျောင်းသား ၃ဝ ကျော်လောက်သည် ထိုင်သူကထိုင်၊ အိပ်သူကအိပ်ကာ တံခါးကြီးကို ကိုယ်ဖြင့် တန်တိုင်းပြု၍ ပိတ်ဆို့နေကြလေ၏။. |
| 350 |
အတွင်းဘက်တွင်ကား ကပြားအချို့၊ ကုလားအချို့နှင့် မြန်မာအချို့တို့သည် စာမေးပွဲအဖြေသွားရန် လာနေကြ၏။ အချို့ကျောင်းသားများသည် ကျောင်းပေါ်မှ အော်ကာဟစ်ကာ ပစ်ကက်တားများကို လှောင်နေကြလေ၏။ သစ်ပင်ရိပ်ကိုဟောင်သော ခွေးများကဲ့သို့သာ ရှိလေ၏။ အတန်ကြာလျှင် သူတို့သည် အလှောင်အဟောင်ရပ်လေတော့၏။. |
| 351 |
မကြာမီ ပါမောက္ခကြီးတစ်ယောက်သည် ရောက်လာ၏။ သူတို့အား ဖယ်ပေးကြပါဟု တောင်းပန်၏။ အရေးအလွန်ကြီးသော စာမေးပွဲဖြေဆိုရေးကို မဖျက်ပါနှင့်ဟု သတိပေး၏။ ကျောင်းသားများကား သူတို့အား ဘာမျှပြန်မပြော။ တာဝန်ကိုကျေပွန်စွာ ရှေ့မှဆီးတားကြသူတို့၏ မျက်နှာကား ကသိုဏ်းရှုနေသော သူတော်ကောင်း၏ မျက်နှာနှင့်သာ တူလေ၏။. |
| 352 |
ဟု ဆိုကာ ဆရာကြီးသည် ကျောင်းအောက်ရှိ ကုလားများကို စာဖတ်ခန်းတွင်းမှ ကုလားထိုင်အချို့ကို ထုတ်ယူစေခဲ့၏။ ကျောင်းသူများကို ကုလားထိုင်ပေါ်တွင် ထိုင်ရန် ညွန်ကြား၏။ ကျောင်းသူများသည် "ထိုစည်းစိမ်မျိုးအတွက် ကျွန်မတို့လာခဲ့တာမဟုတ်ဖူး"။ ဟူသော သဘောဖြင့် ကုလားထိုင်များတွင် မထိုင်ဘဲ နေလေ၏။. |
| 353 |
ဗမာကျောင်းသားများသည် ပြန်သွား၏။ ဆရာကြီးသည် အခြားကျောင်းသားများကို လက်ပြပြီး လှဲ၍ဆီးတားနေကြသော ကျောင်းသားများအပေါ်မှ ကျော်ဖြတ်လေ၏။ သပိတ်မှောက်ကျောင်းသားများကား ဖယ်၍လည်းမပေး။ ကျော်သည်ကိုလည်း မကန့်ကွက်။ ဆရာကြီးနောက်မှ မည်သူမျှ မလိုက်ပါခဲ့ကြဘဲ စာမေးပွဲဖြေမည့်သူများသည် မှိုင်ကာသာ လက်ပိုက်နေကြလေ၏။. |
| 354 |
အင်းလျားကျောင်းဆောင်ကိုကား ရှေ့နှင့်နောက် ညှပ်ကာ ဝိုင်းကြလေ၏။ ရှေ့ပေါက်ကိုကား သံတံခါးပိတ်ထားလျက် ရှိလေ၏။ နောက်ဖေးပေါက်ကလေးကား ပွင့်လျက်ရှိ၏။ ထိုအပေါက်ရှေ့တွင် ကိုလွင်၊ ကိုအေးကို၊ ထွန်းအေးတို့နှင့် အဖော်နှစ်ဆယ်လောက် စောင့်နေကြလေ၏။ မကြာမီ ဖေခင်သည် ဂျပ်ဆင်ဘက်မှ သူတို့တစုဆီသို့ ကူးလာလေ၏။. |
| 355 |
ဤနေရာမှနေ ကြည့်လိုက်သော် ကျောင်းကြီး၏ မြောက်ဘက်ဆုံးအဆောင်ကြီးကို ကောင်းစွာမြင်ရလေ၏။ ထိုအဆောင်မှာ နေပူတွင် ထုံးခြောက်တောင်ကြီးကဲ့သို့ မှတ်ထင်ရလေ၏။ ထိုထောင့်အောက်ဆုံးအခန်းကား သူတို့၏ အင်္ဂလိပ်စာသင်ခန်းဖြစ်၏။ ထိုအခန်းကိုမြင်လျှင်ပင် ရှေးတစ်ခါက အင်္ဂလိပ်စာပြဆရာကြီးက နှင်ထုတ်ခဲ့သည်ကို အမှတ်ရလာလေ၏။. |
| 356 |
သူသည် ရှေးက အင်္ဂလိပ်မဂ္ဂဇင်းတစ်ခုတွင် ဖတ်ဖူးသော ဆောင်းပါးတစ်ခုကို ပြေးမြင်သတိရမိလေ၏။ ထိုဆောင်းပါးတွင် ပရိုဖက်ဆာဆရာကြီးသည် သူ့စာဖတ်ခန်းကြီးတွင် ကျောင်းသားများကို ခေါ်လေ၏။ ဆရာနှင့် တပည့် အတူတူရောကာ ကုလားထိုင်ကိုယ်စီနှင့် ဝိုင်းထိုင်ကြ၏။ ဆရာသည် လက်ဖက်ရည်ကို ကိုယ်တိုင်ဖျော်ပြီး တပည့်များအား တိုက်၏။. |
| 357 |
နောက် ဆိုင်ရာဆိုင်ရာ စာအုပ်များကို အနီးရှိ စာအုပ်စင်များမှ ထုတ်ယူပြ၏။ ထိုဆရာကြီးကား ဘိလတ်ရှိ ပါမောက္ခဆရာကြီးဖြစ်၏။ ဖေခင်သည် ထိုဆရာကြီးနှင့် သူ့ကိုမောင်းထုတ်သော ဆရာကြီး ကွာခြားပုံကို ကွက်ကွက်ကွင်းကွင်းမြင်မိလေ၏။ "ဒို့ဆီမှာဖြင့် လက်ဖက်ရည် အတူတူသောက်ဖို့ နေနေသာသာ သေးတောင် အတူတူမပေါက်ဘူး"။. |
| 358 |
ဟု သူသိလာလေ၏။ အနီးက ကိုလွင်ကြီးက ရယ်စရာများပြောပြီး အများက တဟားဟားရယ်နေကြ၏။ ဖေခင်သည် ရယ်သံကို ကြားရပြီး သူလည်း ပျော်သလိုလို ရှိလာလေ၏။ နောက် ကျောင်းတုန်းက ဖဲရိုက်ခဲ့သည်ကို အမှတ်ရလာလေ၏။ ယခု သပိတ်မှောက်ကတည်းက ဖဲနှင့်ဝေးနေခဲ့၏။ သူ့မျက်စိတွင် ကုလားဘုရင်ရုပ် မျက်နှာပက်ပြဲကြီးသည် ပေါ်လာလေ၏။. |
| 359 |
ဟု ရိုက်ဖော်ရိုက်ဖက် အေးကိုတို့ကို လှမ်းပြောလိုက်လေ၏။ "မင်းဘာသာမင်း တချပ်မှောက်ရိုက်နေပါလား၊ ခွေးသား။ ဖဲစကား ဒီနေရာလာပြောရသလား"။ ဟု ထွန်းအေးက ငေါက်လိုက်၏။ ဖေခင်ကား စိတ်မဆိုး။ သူမှားသည်ဟုသာ တွေးပြီး အင်လျားဆောင်ဘက်သို့ကြည့်ကာ မျှော်နေလိုက်၏။ မကြာမီ ကပြားမကလေးများနှင့် ဗမာမအများသည် လာနေကြလေ၏။. |
| 360 |
သူတို့ကို အင်္ဂလိပ်ဆရာကြီးက ခေါင်းဆောင်ကာ ခေါ်လာလေ၏။ သူတို့ တံခါးဝသို့ရောက်လျှင် သပိတ်မှောက်ကျောင်းသားများသည် လမ်းတွင်လှဲကာ အိပ်လိုက်ကြလေ၏။ ဆရာကြီးသည် ရုတ်တရက် ဒေါသဖြစ်ပြီး ကျယ်ပြောသောနှာဝများပင် ပွ၍ထသွားလေ၏။ သို့သော် သူ့ကိုယ်သူ ထိန်းပြီး မတားရန် ပြေရာပြေကြောင်း ပြောလေ၏။. |
| 361 |
ပစ်ကတ်တားများကား စကားပြန်မပြော။ သုမေဓာဇာတ်ကိုသာ ရေရေလည်လည်ကြီး ခင်းနေလိုက်လေ၏။ ထိုအခါ ကပြားမကလေးတစ်ယောက်သည် ရှေ့တက်လာ၏။ ဗမာများကား တွေဝေကာ ကြည့်နေကြ၏။ ဖေခင်သည် သူများလို မှောက်ကာစောင်းကာ မလှဲဘဲ ပက်လက်လှန်၍ လှဲနေလိုက်၏။ ကပြားမကလေးသည် အားလုံးပေါ်သို့ မျောက်မကလေးလို ပေါ့ပါးစွာ ကျော်သွားလေ၏။. |
| 362 |
ဟု သတိပေး၏။ ဖေခင်ကား ပြုံးလျက် ပက်လက်လှန်၍သာနေ၏။ ဗမာမကလေးတစ်ယောက်သည် တွေနေကြသော ကျောင်းသူကလေးများကို ရှေ့သို့တွန်း၏။ သူကား မီနီဆိုသော အင်္ဂလိပ်နာမည်ယူထားသည့် ဗမာနယ်ပိုင်ဝန်ထောက်တယောက်၏ သမီးဖြစ်လေ၏။ "ကဲပါ။ ကျော်ပါလား"။ ဟု ပြောသော်လည်း ကျော်သူမရှိသဖြင့် သူကိုယ်တိုင် ရှေ့တက်လာလေ၏။. |
| 363 |
ဟု ထွန်းအေးက မေးလိုက်ရာ အားလုံး ဝါးကနဲရယ်ကြလေ၏။ ဆရာနှင့် တပည့်များကား ထမင်းစားရုံရှေ့တွင် ပျောက်ကွယ်သွားလေ၏။ "အေးကွာ၊ ယောက်ျားများမှာ အောက်ကနေမြင်ရရင် မျက်စိလဲ ဘယ်တော့မှ မလည်ဘူးလို့ အဆိုရှိတယ်ကွ၊ ပြီးတော့ ဖဲသမားများမှာ မှောက်ထားတဲ့ ဖဲချပ်ကိုတောင် မြင်နိုင်သတဲ့ကွ"။ ဟု ဖေခင်သည် တဟားဟားနှင့် ရယ်လေ၏။. |
| 364 |
အလိုက်သိတတ်လှသော အိုးသူကြီးကိုသန့်တင် ကြီးမှူးသော လူတစ်စုသည် နံပြားနှင့် ဆိတ်သားဟင်းများကို မော်တော်ကားဖြင့် တင်ဆောင်ကာ ယူခဲ့ကြလေ၏။ သူတို့သည် အစုတိုင်းကို လိုက်ဝေလေ၏။ ဤတားဆီးရေးအလုပ်ကို လုပ်ရင်းပင် ကျောင်းသားများသည် မောမောဆာဆာဖြင့် နံပြားနှင့် ဆိတ်သားဟင်းကို မြိန်ရည်ရှက်ရည် စားကြလေ၏။. |
| 365 |
စားစရာ ပန်းကန်လုပ်ရသော စက္ကူများ၊ ဖက်များကိုလည်း အနီးတွင်ပင် စွန့်ပစ်ကြလေ၏။ သူတို့စားနေကြစဉ်လည်း သင်တန်းကျောင်းဆောင်၊ မြောက်ကျောင်းဆောင်မှ ကျောင်းသူကျောင်းသားများသည် ကြည့်နေကြလေ၏။ ထိုအခါ အင်္ဂလိပ်ဆရာတစ်ယောက် လာလေ၏။ ပစ်ထားသော အရိုး၊ မုံ့အပဲ့၊ စက္ကူများကို ကြည့်ပြီး နှာခေါင်းရှုံ့၏။. |
| 366 |
တင်မောင်သည် ကျောင်းသားအားလုံးကို အမှိုက်ကျုံးရန် အမိန့်ပေးလေ၏။ ထားမြင့်တို့လည်း ဝင်ကာ အရိုးကောက်ကြလေ၏။ ကောက်ရင်း ရယ်မောကြ၏။ သတင်းစာဆရာများနှင့် ရုပ်ရှင်ရိုက်သူများသည် ပစ်ကက်တားများ တားဆီးရင်း အမှိုက်ကျုံးခဲ့ပုံကို ဓာတ်ပုံရိုက်ယူကြလေ၏။ ဆောင်းကျွတ်ခါနီးဖြစ်သောနေသည် အစွမ်းကုန် ပူပစ်လိုက်လေ၏။. |
| 367 |
ထိုလမ်းပေါ်မှ အငွေ့များသည် တလူလူတက်၍နေလေရာ ခပ်မှုန်မှုန်ပင်မြင်နိုင်လေ၏။ နေပူရှိန်နှင့် ကတ္တရာစေးအငွေ့တို့သည် ပူးပေါင်းကာ ဆီးတားရေး သပိတ်မှောက်ကျောင်းသားများကို လုပ်ကြံလေ၏။ တံခါးပေါက်များတွင် သစ်ပင်ရိပ်မထိုးသော်လည်း သပိတ်မှောက်ကျောင်းသားများသည် တခြားသို့သွားခွင့်မရသဖြင့် နေပူတွင်သာ ထိုင်နေရလေ၏။. |
| 368 |
သူတို့သည် နံနက်က ချမ်းချမ်းစီးစီး ဝတ်လာသော အင်္ကျီထူများကို ခေါင်းပေါင်းတွင် အုပ်ကြလေ၏။ မကြာမီ အင်းဝတံခါးရှေ့တွင် မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီက ရွက်ဖျင်မိုးပေး၍ အင်းလျားဆောင်ရှေ့တံခါးဝတွင် ရန်ကုန်ရုပ်ရှင်ကုမ္ပဏီမှ ကားကြီးသည် အနောက်သို့စောင်းနေသောနေမှ တားဆီးရေးသမားများကို ကာပေးလိုက်လေ၏။. |
| 369 |
ရှမ်းစုဘူတာသို့ ဆိုက်သောအခါ ကြယ်တွေဝင်းဝင်းနှင့် အစောကြီးရှိသေးလေ၏။ အခါတိုင်း မီးရထားဆိုက်လျှင် သင်္ကန်းရောင်ဖြင့် ဝါထိန်နေတတ်သော ဘူတာသည် ယခုနံနက် မှောင်နေလေ၏။ နားရွက်ပါအုပ်ကာ ခေါင်းစည်းထားပြီး လောင်းကုတ်ကြီးများနှင့် ဖိုးရိုဖားရားနိုင်လှသော လက်မှတ်စစ်များနှင့် ရထားစာရေးများလောက်သာရှိလေ၏။. |
| 370 |
အပြင်တွင်ကား ကျစ်နေအောင် စောင်ခြုံထားကြသော မြင်းရထားသမားများကို တွေ့ရလေ၏။ အမှောင်ထုကြီးတွင် သူတို့ရထားကလေးများသည် ပိုးစုန်းကြူးလို လက်ခနဲ လက်ခနဲသာ ရှိလေ၏။ "လာ ဆရာ၊ လာ ဆရာ"။ ဟု ရထားသမားများသည် ညိုထွန်းကို ဆီး၍ခေါ်ကြ၏။ အချို့ကလည်း တခေါင်ခေါင် ဂလိုင်ကို ခြေနှင့်နင်းပြီး အချက်ပေးကြလေ၏။. |
| 371 |
ရန်ကုန်တုန်းက သိပ်မအေးလှတော့ပါဘူးဟု ဘာမျှမတွေးဘဲ ဆောင်းခါကို စစ်တိုက်ရန် လက်နက်မစွဲခဲ့မိ။ ယခု မန္တလေးကျမှ ရန်ကုန်ထက် သုံးဆလောက် ချမ်းနေသည်ကို ညိုထွန်းတွေ့လေ၏။ မျက်နှာသုတ်ပဝါ၊ အပေါ်အင်္ကျီ၊ ဖျင်အင်္ကျီများကို ဖောက်ထွင်းကာ မန္တလေးဆောင်းသည် ညိုထွန်းအား နှုတ်ဆက်လိုက်လေ၏။ ညိုထွန်းမှာ တုန်နေ၏။. |
| 372 |
ညိုထွန်းသည် တဖြည်းဖြည်းလျှောက်လာခဲ့ရာ မဟာမြတ်မုနိဘုရားရှေ့တွင် ဗူးသီးကြော်ဆိုင်တဆိုင်သို့ ရောက်ခဲ့လေ၏။ တဝေဝေကျနေသောနှင်းနှင့် သုန်သုန်မှုန်မှုန် ဆိုင်းနေသော အမှောင်ထုကြီးတွင် ဗူးသီးကြော်မီးဖိုကလေးသည် သောကြာကြယ်ကြီး တလုံးတည်ထွန်းနေသလို ချစ်စရာ ကောင်းနေလေ၏။ ညိုထွန်းသည် ဆာလည်းဆာ၏။. |
| 373 |
ဟု အဒေါ်ကြီးက ဗူးသီးကြော်များကို သံဇကာဂေါ်ဖြင့် ဆယ်ရင်း ဖြေလေ၏။ အဒေါ်ကြီး၏ မျက်နှာကား လေတိုက်တိုင်း ဂဏာမငြိမ်သော ရေနံဆီမီးခွက်ရောင်တွင် အသွင်အမျိုးမျိုးပြောင်းလဲနေလေ၏။ သံဇကာမှ ဆီစက်ကလေးများ စဲသောအခါ သံကတော့ကြီးထဲသို့ မုန့်များကို စောင်းထည့်ပြန်လေ၏။ "မောင်က ဘယ်ကလိုက်လာသလဲ"။. |
| 374 |
စကားမပြန်နိုင်ဘဲ ငေး၍သာ ကြည့်နေ၏။ "အော ဒို့မှာတော့ နေ့စဉ်သုံးတဲ့ ဝေါဟာရစကား၊ သူတို့အတွက်တော့ ပေါရာဏ ဖြစ်နေပြီ၊ သပိတ်မှောက်တယ်ဆိုတာ ဘာမှန်းမသိဘူး"။ ဟု တွေးနေစဉ် ဗူးသီးကြော်ပန်းကန်သည် ရောက်လာလေ၏။ ညှော်နံ့ကလေးသည် မုန့်များမှ ထွက်လာပြီး သူ့နှာဝကို ချူလေရာ ညိုထွန်းသည် မွှေးနေသည်ဟု အောက်မေ့လေ၏။. |
| 375 |
မစားနိုင်သေးဘဲ ရှေ့ဆက်တွေးမိပြန်လေ၏။ "သူတို့လို မြို့ကြီးနေတဲ့ ဆင်းရဲသားတွေတောင် မသိသေးရင်၊ ဒီလက်နက်ကို တော်တော်နဲ့ အသုံးချတတ်ပါ့မလား။ ဒို့ ဒီလက်နက်သုံးနေတာကိုလဲ သူတို့ ကူညီနိုင်ပါ့မလား။ သူတို့မသိတာဟာ ဒို့က သိအောင်၊ သူတို့လဲ စိတ်ဝင်စားအောင် မလုပ်သေးလို့ မဟုတ်လား"။ ဟု သူ့စိတ်တွင် အမေးများ ပေါ်လာလေ၏။. |
| 376 |
ညိုထွန်းသည် မုန့်ကို ကောက်စားလိုက်၏။ "ဆွမ်းမခံချင်တာနဲ့ အတူတူပဲ မဟုတ်လား။ ဒါတင်မကဘူး၊ ဆွမ်းလောင်းမဲ့လူတွေနဲ့ မဆက်ဆံတာပဲ။ ကျောင်းသားတွေဟာ ကျောင်းဆရာတွေနဲ့ မဆက်ဆံချင်၊ သူတို့ သင်ရတဲ့ပညာနဲ့ မဆက်ဆံချင်တော့ ဆရာတွေဆီကခွဲ၊ ပညာကို မသင်၊ ကျောင်းအပြင်ကို ညီညီညာညာ ထွက်လာတာကို သပိတ်မှောက်တယ်လို့ ခေါ်တယ်"။. |
| 377 |
အဒေါ်ကြီးကား မုန့်နှစ်နှင့် ဗူးသီးဖတ်များနယ်ပြီး ဒယ်နှုတ်ခမ်းတွင် မုန့်ယှက်ကလေးများလုပ်၍ ကပ်နေလေ၏။ ညိုထွန်းဆက်ပြောသည်ကို နားမထောင်အား။ နားထောင်ချင်စိတ်လည်း မရှိ။ လောကကြီးတစ်ခုလုံးတွင် ဒယ်နှုတ်ခမ်းမှ တဖြည်းဖြည်း ဆီထဲသို့ လျှောကျသွားသော မုန့်ယှက်သည်သာ ဂရုစိုက်စရာရှိသည်ဟု အဒေါ်ကြီး တွေးမိဟန်ရှိ၏။. |
| 378 |
ညိုထွန်းသည် လက်ဖက်ရည်သောက်လိုက်ရသဖြင့် ကိုယ်တွင်းက နွေးလာလေ၏။ မီးလှုံရသဖြင့် အချမ်းပျောက်သွားလေ၏။ သူသည် ဘုရားတွင်းသို့ ဝင်လေ၏။ မဟာမြတ်မုနိဘုရား ဆင်းတုတော်ကြီး မျက်နှာကြီးကား ရွှေရည်သုတ်ထားသော ရွဲလုံးကြီးလို ဝင်းထိန်နေလေ၏။ အချို့လူများကား ဘုရားဆင်းတုတော်ကြီးကို နံနက် ရေပူရေချမ်း ကမ်းလှမ်းကြ၏။. |
| 379 |
ဖြူဆွတ်သောတိမ်များကိုကား ထင်ရှားစွာ မြင်နေပြီဖြစ်၍ ကြယ်များကား ပြာသောကောင်းကင်တွင် ငုပ်၍ သွားကြလေပြီ။ သို့သော် ညိုထွန်းကား သူ့မိတ်ဆွေအိမ်သို့ မသွားနိုင်သေး။ သူများအိမ်သွားရမည်မှာ စောလွန်းသေး၏။ သို့ကြောင့် ဘုရားကြီးဝင်း တန်ဆောင်းများအပြင်ဘက် ဇရပ်ကြိုဇရပ်ကြား လျှောက်သွား၏။. |
| 380 |
ဟု သူတွေးလိုက်၏။ နေထွက်သောအခါ ဇရပ်မှ ထွက်ခဲ့လေ၏။ နောက် သူ့မိတ်ဆွေ ကိုအုန်းမောင်အိမ်သို့ သွားလေ၏။ ကိုအုန်းမောင်ကား အိပ်ရာက ထခါစဖြစ်၍ ညိုထွန်းကို မြင်သောအခါ အံ့အားသင့်သွားလေ၏။ "ခင်ဗျားလာတာ ဘာကိစ္စလဲဆိုတာ ကျုပ်သိပါတယ်ဗျာ။ မနေ့ကပဲ မှောက်ကြပြီ"။ ဟု ကိုအုန်းမောင်က ရယ်ကာမောကာ ပြောလေ၏။. |
| 381 |
အင်တာမီဒီရိတ် ကောလိပ်ကျောင်းသားများသည် တစ်ယောက်မကျန် သပိတ်မှောက်ခဲ့ကြပြီး သကျသီဟဘုရားပရဝုဏ်တွင်း အနောက်တောင်ဘက် ဇရပ်တစ်ခုတွင် တည်းခိုနေကြလေသည်။ ညိုထွန်းသွားသောအခါ အသိဟောင်းတို့က ဆီးခေါ်ကြလေ၏။ ရောက်လျှင်ရောက်ချင်း ညိုထွန်းက ကျောင်းသားခေါင်းဆောင်များကို ရန်ကုန်သပိတ်အကြောင်း ပြောပြလေ၏။. |
| 382 |
ကျောင်းသားခေါင်းဆောင်များနှင့် ကြိတ်၍ တိုင်ပင်ကြပြီး မည်သို့မည်ပုံစီမံခန့်ခွဲရမည်ကို ဆုံးဖြတ်ကြလေ၏။ နေ့လယ် ၁၂ နာရီတွင် ကျောင်းသားအားလုံးတို့၏ အစည်းအဝေးကို ကျင်းပလေရာ မြို့ပေါ်မှ လူကြီးများနှင့် အော်ကျယ်ဟစ်ကျယ် အားကြိုးမာန်တက် ကူကြသော မိန်းမကြီးများသည် အစည်းအဝေးသို့ လာရောက်နားထောင်ကြလေ၏။. |
| 383 |
လောကဓာတ်ပညာမှာ ဘီအက်စီဆိုတဲ့အတန်းကို အောင်တဲ့လူတွေဟာ အချို့က စာတိုက်ဘက်မှာ စာရေးဝင်လုပ်နေရတယ်။ အချို့က အလုပ်လက်မဲ့ ဖြစ်နေတယ်။ အချို့က သစ်တောဝန်ထောက်ဖြစ်တယ်။ အချို့က မြို့အုပ် လုပ်ကြရတယ်။ သူတို့လုပ်တဲ့အလုပ်နဲ့ သင်တဲ့ပညာဟာ ဘာမှမဆိုင်ဘူး။ ပညာနဲ့ဆိုင်တဲ့ အလုပ်ကိုလဲ ရအောင် ဗမာပြည်မှာ နေရာမရှိဘူး။. |
| 384 |
နေရာရှိအောင် အခွင့်ကြုံအောင်လဲ အစိုးရက ရှာဖွေမပေးဘူး။ အမှန်ကတော့ လောကဓာတ်ပညာနဲ့ ဆိုင်တဲ့အလုပ်ကို မလုပ်နိုင်ကြဘူး။ လုပ်နိုင်အောင် ဖြစ်ဖြစ်မြောက်မြောက် ပေါက်ရောက်အောင် သင်မပေးကြဘူး။ ဒီတော့ ပညာဟာ ဘာမှအသုံးမဝင်ဘဲ နေတော့တာပေါ့။ တကယ် လောကဓာတ်ပညာကို သင်ပေးရင် ဗမာတွေဟာ ဆေးအမျိုးမျိုးလုပ်နိုင်မယ်။. |
| 385 |
လက်ခုပ်တီးပေးကြလေ၏။ ဒေါ်သိန်းက ထိုစကားများကို နားထောင်ပြီး "ဒီဟာတွေသာတတ်ရင် နိုင်ငံခြားက ပစ္စည်းတွေ ဘယ်ဝယ်ဖို့လိုတော့မလဲ"။ ဟု ရေရွတ်လေ၏။ ညိုထွန်းက ပညာတိုင်းသည် လောကအကျိုးအတွက် ဖြစ်လာကြောင်း၊ လောကကို လောကဓာတ်ပညာသည် အကျိုးဆောင်ရမည် ဖြစ်ကြောင်း၊ အသုံးဝင်ရမည် ဖြစ်ကြောင်းများ ဆက်လက်ပြောပြလေ၏။. |
| 386 |
ခု ဆေးပညာလိုပဲ ဒီပြင်လောကဓာတ် ပညာတွေလဲ လက်တွေ့အသုံးပြုရာကနေပြီး ပညာတစ်ခု ဖြစ်လာတာဘဲ။ အဂ္ဂိရတ်ထိုးရာကနေပြီး ကယ်မစ်စထရီဆိုတဲ့ ဓာတုဗေဒ ပေါ်လာတာလိုပေါ့။ အဲဒီတော့ လောကဓာတ်ပညာတိုင်းမှာ မူလဓာတ်ခံကိုက အသုံးချခြင်းဆိုတဲ့ ဘဝပါလာတယ်။ ဒီမူလဓာတ်ခံဟာ သစ်ပင်မျိုးစေ့လိုပဲ။ မျိုးစေ့ကို အမှီပြုပြီး သစ်ပင်ပေါက်ရတယ်။. |
| 387 |
ဟု အသံတစ်သံက ဖြေ၏။ "သဘာဝနဲ့ သိပ်ဆန့်ကျင်တယ်။ ဖောက်ပြားတယ်။ ကျွန်တော်တို့ကျောင်းတွေမှာ သင်ပေးတဲ့ လောကဓာတ်ပညာဟာ သဘာဝနဲ့ ဆန့်ကျင်နေတယ်။ ဘာ့ကြောင့်လဲ။ အသုံးချလို့လဲ မဖြစ်၊ အသုံးချရအောင်လဲ အခွင့်ရှာကြံမပေးဘူး။ သင်ရသူကျောင်းသားတွေမှာ ဒီပညာကို အသုံးချနိုင်ကြစေဖို့ သူတို့ဘယ်တော့မှ စေတနာ မထားကြဘူး"။. |
| 388 |
ဟု ပြောလိုက်ရာ ဝါးကနဲ ရယ်ကြလေ၏။ တယ်စကားပြောင်တဲ့လူဟု ချီးကျူးကြလေ၏။ သောင်းဖေသည် ဘုရားခြေရင်းသို့ ရောက်သောအခါ ဘယ်သို့သွားရမည် မသိ။ ဘုရားပွဲတွင် မျက်စိလည်နေသော ကလေးနှင့် တူနေလေ၏။ သူ့အား လူအများက အံ့ဩတွေဝေကာ ကြည့်နေကြလေ၏။ အချို့ကလည်း သူ့ကိုကြည့်ပြီး တီးတိုးစကားပြောနေကြလေ၏။. |
| 389 |
စသည်ဖြင့် လည်းကောင်း၊ အမျိုးမျိုး ပြောင်ကြ၊ လှောင်ကြ၊ နှုတ်ဆက်ကြလေ၏။ သောင်းဖေ၏ မျက်နှာမှာ နီ၍နေ၏။ သောင်းဖေမှာ ရှက်သွေးမွှန်နေပြီး ဘယ်သူ့ကိုမျှ စကားပြန်မပြောဘဲ တခြားတွင်ထိုင်ကာ ပြောင်ကြလှောင်ကြသည်ကို တစ်ကယ်ထင်လျက် တွေနေလေ၏။ သူ့မျက်နှာကို နေရောင်ထိုးနေသကဲ့သို့ တရှိန်းရှိန်း ပူနေလေ၏။. |
| 390 |
နာရီဝက်လောက်ကြာမှ အနည်းငယ် စိတ်အေးလာပြီး သေတ္တာမှ ငွေငါးဆယ်ထုတ်၏။ နောက် မော်လမြိုင်ဇရပ်သို့ လာခဲ့လေ၏။ ဇရပ်ရှေ့တွင် ငွေခံကော်မတီတို့သည် "ကိုင်း၊ ပညာရေးအတွက် သဒ္ဒါတတ်အားသမျှ ကုသိုလ်ပါဝင်တော်မူကြပါခင်ဗျား"။ ဟု အော်ကာ ငွေကောက်ခံနေကြ၏။ အချို့က ငွေခွက်ထဲမှ ပိုက်ဆံကိုလှုပ်ကာ ငွေသံပေး၍ ကောက်ကြ၏။. |
| 391 |
သောင်းဖေသည် ငွေခံရာသို့သွားပြီး ငွေ ၁၀ လှူလိုက်လေ၏။ "ငါငွေလှူလိုက်ရင် သပိတ်မှောက်ရန်ပုံငွေမှာလဲ တိုးတဲ့အပြင်၊ ငါ ဟိုတုန်းက မိုက်ပြီး နေရစ်ခဲ့တာကိုလဲ လူတွေသိပ်အပြစ်ပြောတော့မှာ မဟုတ်ဘူး။ ငါမိုက်ခဲ့တဲ့အတွက် ကြေရောပေါ့။ အင်း ငွေခံနေလိုက်ကြတာ အားရစရာကြီး"။ ဟု သူစဉ်းစားမိလေ၏။. |
| 392 |
ဘုရားကုန်းတော်ပေါ်၌ ဤသို့ငွေခံကာမျှဖြင့် အခြားသောနည်းလမ်းများထက် ငွေမြောက်မြားစွာ ရလေ၏။ သောင်းဖေသည် မော်လမြိုင်ဇရပ်ပေါ်သို့ တက်သွား၏။ အောက်ထပ်တွင် ဟိုဟိုသည်သည် ကြည့်လေ၏။ သူသည် ရဲရဲဝံ့ဝံ့ သွားလားလာလားမြန်းလား မလုပ်ဝံ့၊ အရှက်မှာ သူ့ကို အားထည့်ထား၏။ မိန်းကလေးအချို့သာ အောက်ထပ်တွင် သတင်းစာဖတ်နေကြလေ၏။. |
| 393 |
မကြာမီ သောင်းရီက ဆင်းလာလေ၏။ သောင်းဖေကား ငြင်းဆန်နေကြသော နှုတ်ခမ်းများကို ဇွတ်အဓမ္မပြုံးစေပြီး နှမကို ကြည့်နေလေ၏။ လက်ပိုက်ကာ လှေကားခြေရင်းတွင် မတ်တတ်ရပ်လေ၏။ သောင်းရီသည် အံ့အားသင့်သွား၏။ သူ့အကိုဖြင့် ဘယ်တော့မှ မလာတော့ဘူးဟု အောက်မေ့ခဲ့၏။ သောင်းရီတွင် ဝမ်းသာသလိုလို ရှိသော်လည်း မျက်နှာကလေးကား မဲ့၍နေလေ၏။. |
| 394 |
နေရှင်နယ်ကျောင်းများမူ ဆယ်တန်းသားများသာ စာမေးပွဲကို သပိတ်မှောက်ပြီး ထွက်ခဲ့ကြလေ၏။ ဆယ်တန်းကျောင်းများမှ သပိတ်ကလေးများလည်း ရွှေတိဂုံစေတီရင်ပြင်မှာပင် တည်းခိုကြရလေ၏။ ကိုနု၊ မစ္စတာဘနားဂျီနှင့် ကိုမြ စသော ခေါင်းဆောင်အချို့တို့သည် ဆယ်တန်းကျောင်းများ သပိတ်မှောက်ထွက်ခဲ့ကြသည်ကို မနှစ်မြို့ချေ။. |
| 395 |
သူတို့သဘောအရ ကလေးတွေပါ သပိတ်မှောက်လာလျှင် စည်းမဲ့ကမ်းမဲ့ ဖြစ်လာလိမ့်မည်။ ကိစ္စကြီးငယ်ကို မထိန်းနိုင်၊ မချီနိုင်ဖြစ်လိမ့်မည်ဟု စိုးရိမ်ပူပန်ကြ၏။ ကြောက်ကြ၏။ ညိုထွန်း၊ လှဖေ၊ တင်မောင်၊ ဖေခင်၊ ကျော်သိန်း စသည်တို့ကား အားလုံးသပိတ်မှောက်သည်ကို ကျေနပ်ကြ၏။ အားပေးကြ၏။ တို့ပေးကြ၏။. |
| 396 |
ဟု ညိုထွန်းက အကြံပေး၏။ "ဟုတ်တယ်၊ အင်ပီရီယယ်လစ်ဝါဒတည်းဟူသော ရထားခေါင်းတွဲကြီးက ကျွန်ပညာရေးဆိုတဲ့ ရထားတွဲရှည်ကြီးကို ဆွဲနေတုန်းမှာ ရှေ့တွဲကလေးတွေကို သိမ်းဖြုတ်ထားရုံနဲ့ မပြီးသေးဘူး။ နောက်တွဲတွေပါ တခုမကျန် ဖြုတ်ပစ်မှ ရထားကြီး လုံးလုံးရပ်မယ်။ ဒါကြောင့် ရထားတွဲတွေ ဘီးမရှိအောင် လုပ်ကြရအောင်"။. |
| 397 |
သင်ပြတဲ့ စာတို့၊ ဆရာနဲ့တပည့်ဆက်ဆံပုံမှာတို့တော့ တူတယ် မတူတယ်ဆိုတာ မပြောတတ်ဖူး၊ ကျောင်းသားတွေ ဂိုက်များရတာတို့၊ ငွေကုန်တာတို့၊ အဆောင်အယောင် သွားရတာတို့၊ ဟောဒီရွှေတိဂုံဘုရားကြီး ဗဟိုထားပြီး ဆယ့်ငါးမိုင်အကွာမှာသာ ကောလိပ်တွေ ထောင်နိုင်တယ်ဆိုတဲ့ သဘောတို့မှာတော့ တူကြတယ်။ ဒီတော့ တစ်ခုစဉ်းစား။. |
| 398 |
ဆုံးမကြရမယ်။ ခုအခြေမှာ ပစ်စလက်ခက်နေကြရင် သပိတ်နာမည်ပျက်ပြီသာ မှတ်ကြပေတော့။ ရှေးတုန်းက တေတဲ့ပေတဲ့လူတွေတောင် ခု လိမ်လိမ်မာမာနေကြဘို့ ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းတဲ့အခါမှာ စာကို နာနာ ဂရုစိုက်ကြပါ။ ဒီလိုဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုထိန်းမှ ကိုယ်တို့လုပ်ငန်း အောင်မယ်။ ကိုယ့်ကိုနမူနာကြည့်ကြ။. |
| 399 |
တပေါင်းလဆန်း ၁၄ ရက်သို့ ရောက်ပြီးဖြစ်၍ ဆောင်းဥတုသည် ညာခြေဖြင့် နွေတွင်းသို့ လှမ်းဝင်ပြီး ဆောင်းတွင်းရှိ ဘယ်ခြေကိုပင် ကြွစပြုလေပြီ။ "မသာလည်းတ သာလည်းတ ကမ္ဘာ့တန်ဆာ ငွေသော်တာ"။ ဟူသော ဘွဲ့တံဆိပ်ဖြင့် နှင်းဆက်ခြင်းခံရသော လမင်းသည်လည်း ပြုံးရွှင်စွာ ကမ္ဘာကို မျက်နှာပြလျက်ရှိလေပြီ။. |
| 400 |
နှင်းလည်းမဆို့၊ မြူလည်းမဆိုင်း၊ ကြည့်လေတိုင်းတွင် သာယာကြည်လင်လှပေ၏။ တစ်ခါတစ်ခါ လေပြေကလေးသည် တိုက်ခတ်လိုက်လေရာ ရွက်ဟောင်းများကြွေ၍ ဇာတ်မင်းသမီးများ ကိန္နရာတောင်ခတ်သကဲ့သို့ ဝဲကာဝဲကာ မြေသို့သက်ကြလေ၏။ လေသည် မြေသို့ရှပ်တိုက်လိုက်ပြန်သောအခါ သစ်ရွက်ခြောက်များသည် ပြေးတမ်းလိုက်တမ်း ကစားနေကြလေ၏။. |
| 401 |
သူတို့ကစားကြပုံကို လရောင်တွင် ကောင်းစွာမမြင်ရ။ သူတို့ကစားသံကိုသာ ခပ်လှမ်းလှမ်းမှ ကြားနိုင်လေသည်။ "ဂိမှာန်ခါ လေယာဉ်ရင့်ပြန်တော့၊ မိန်ပြန်လာ နွေပင် ပွင့်ရှာကြတယ်။ ရွှေအင်ကြင်းရယ်က ရိုးတံနီ။ တိန် တိန် တိန်။ အော် သာယာတဲ့ တပေါင်းလဆီမှာ ကျောင်းအမတွေနဲ့ နေပြီး၊ ဟုတ်ကဲ့လား မွန်းသီရေ"။. |
| 402 |
ကျော်ညွန့်ကား ပါးစပ်က သီချင်းဆိုသည့်ပြင် လက်မှလည်း တယောကို ကြိုးညှိနေလေ၏။ "ခါတပေါင်းပေမို့ ညှာညောင်းကာ အကုန်ကြွေရော့ထင်၊ စုံခြေမှာ ရွက်ဝါရင့်တွေနှင့်၊ ကြုံသလေဗျာ ယှက်ကာပွင့်ရှာကြ၊ ထူးတင့်ရာသီ။ တိန် တိန် တီး တီ တီ တီ"။ ကျော်ညွန့်သည် လေးပေါက်သံဖြင့် ဘိုးကို ကနွဲ့ကရကိုင်ပြီး ညှိလိုက်လေ၏။. |
| 403 |
ယခု ညအချိန်ကျမှ လူစဲကာ တိတ်ဆိတ်ခဲ့တော့၏။ တစ်ခါတစ်ခါ ရွှေတိဂုံထီးကြီးမှ လွင့်၍လာသော ဆည်းလည်းသံကို ကြားနိုင်လေ၏။ ထိုအချိန်တွင် သူတို့၏ သီချင်းသံ စောင်းသံတို့သည် ဟိုပြည်ဇရပ်မှ မော်လမြိုင်ဇရပ်သို့တိုင် ပြန့်လွင့်လျက်ရှိလေ၏။ တစ်ခါတစ်ရံ အထက်သို့တက်ပြီး ဆိုင်သိမ်းနေကြသော ပန်းသည်များကို ရွှင်ပျစေလေ၏။. |
| 404 |
မော်လမြိုင်ဇရပ်ပေါ်၌ ရယ်စရာ မောစရာ ပြော၍နေကြသော ကျောင်းသူများသည် သီချင်းနှင့် တယောသံကိုကြားရသဖြင့် ရယ်စရာတွေကို ခေတ္တမျှ ရပ်ထားလိုက်ကြလေ၏။ အသံဆီသို့ နားစွင့်ကာ ထောင်မိကြလေ၏။ ဒေါ်ရိုသီသိန်းဖေက ပြုံးပြီး မျက်စချီ၍ ထားလိုက်၏။ နောက် ခြေဖျားထောက်ပြီး မြောက်ဘက်ပြတင်းပေါက်ဆီသို့ သွား၏။. |
| 405 |
ခင်ခင်ကြီးသည် သူဖင်ကောက်မှန်းသိသော်လည်း ကောက်ပါသည်ဟု အပြောမခံချင်။ သူက ဘလှသိန်းဂိုက်ဖမ်း၍ ပြသောအခါ ဂိုက်ချင်းတူမတူကိုသာ သူသိလို၏။ ဖင်ကောက်ချင်းတူပါသည်ဟုကား ဝန်မခံချင်ပေ။ "ဘာလဲ မထားမြင့်၊ ရှင်က ကျမ ဖင်ကောက်တာကို မဟာအပြစ်တော် တင်ချင်တာလား"။ ဟု မေးငေါ့ပြီး ခင်ခင်ကြီးက နှုတ်ခမ်းစူလိုက်၏။. |
| 406 |
သူသည် ကားယားကားယားနှင့် ရင်ကော့ကာ လျှောက်ပြလေ၏။ ရင်ကို တမင်ကော့သည့်ပြင် မိန်းမတို့ရင် ဖြစ်ပြန်သောကြောင့် အလွန့်အလွန်ကောက်ပုံပေါက်နေပြန်လေ၏။ "သူလမ်းလျှောက်တာက တစ်လမ်းလုံးပြည့်လျှောက်နည်းလို့ ခေါ်တယ်။ ဟော၊ အတန်းဘေးက လျှောက်လာတော့ မိန်းကလေးတွေ ထိုင်ခုံကိုမြင်ရင် ဟောဒီလို ကြာကြည့်ကြည့်လိုက်တာကိုး"။. |
| 407 |
ဟု ဆရာဘလှသိန်း၏ အတုကိုခိုး၍ ပြလိုက်သောအခါ အသည်းကို ကလိထိုးလိုက်သည့်အလား အားလုံးသော သပိတ်မှောက်မတို့သည် ကြိတ်မရနိုင်သောရယ်ခြင်းဖြင့် ရယ်ကြလေ၏။ ရယ်သံစဲသွား၍ တစ်ယောက်ယောက်က ပြက်လုံးမစမီ၊ စကားမထိုးမီ မြောက်ပြတင်းမှ တယောသံသည် တသွင်သွင်ဝင်၍ လာပြန်လာ၏။ တယောသံကား သာယာချိုမြလှလေ၏။. |
| 408 |
ကျောင်းသူများသည် နားထောင်ကောင်းကောင်းရှိလှသောကြောင့် ဘာမျှမပြောကြဘဲ နားထောင်နေကြလေ၏။ တယောသံနှင့် တေးသံသည် သူတို့၏ နှလုံးသားများကို ပျားရည်စိမ်ပေးသကဲ့သို့ ဖြစ်သွားလေ၏။ "တယ်သဲတယ့် မောင်တော်ဖုရားပါကလား။ စန္ဒာတို့၊ စောမာလာတို့"။ ဟု မတင်လှက ရွတ်တွတ်တွတ်ဖြင့် ခေါ်လိုက်ပြန်လေ၏။. |
| 409 |
ဟု တစ်ယောက်က အဖြေပေးလေ၏။ ထိုအတွင်း အောက်တံခါးခေါက်သံကို ကြားရလေ၏။ လူတိုင်း စိတ်ညစ်သွားပြီး မျက်နှာရှုံ့ကြလေ၏။ "ကိုင်း ကိုင်း ဖွင့်ပြီးသွားကြည့်ကြအုံး။ ဒီကို တံခါးခေါက်တဲ့လူ မမြင်ပစေနဲ့။ အသာထွက်ပြီး တံခါး ပြန်ပိတ်ထား"။ ဟု ခင်ခင်ကြီးက အမိန့်ပေးလေ၏။ အမာသည် တံခါးကို အသာဟပြီး ဆင်းသွား၏။. |
| 410 |
နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ၊ စကားပြောကာနေကြ၏။ အချို့ကား အိမ်အကြောင်း၊ အချို့ကား အင်းလျား သပိတ်မမှောက်သူများအကြောင်း၊ အချို့ကား သပိတ်ဘက်မှ ကျော်သိန်းတို့၏ စုံထောက်ဘက်အကြောင်း၊ အချို့လည်း မစ္စတာဘနားဂျီအကြောင်း၊ ကိုမြ၊ ကိုနု၊ ညိုထွန်း၊ တင်မောင်၊ လှဖေတို့၏ အကြောင်းများပြောနေကြလေ၏။. |
| 411 |
တချို့လည်း တိုင်းရေးပြည်ရေး ဆွေးနွေးကြ၏။ အချို့ ဇရပ်များတွင် အဝတ်စုတ်ကို အရုပ်လုပ်ကာ ရုပ်သေးပြကြ၏။ အချို့ဇရပ်များတွင် သပိတ်ယိမ်းကကြလေ၏။ အချို့ ဇရပ်များတွင် ဇာတ်ပွဲများ ခင်းကြလေ၏။ ကိုနု၊ ကိုမြ၊ ဘနားဂျီတို့မှလွဲ၍ ဘယ်သူမှ တည်တည်မနေကြရ၊ မကကအောင်၊ မဆိုဆိုရအောင် အတင်းတွန်းကြလေ၏။. |
| 412 |
ညိုထွန်းသည် ပင်းယယိမ်း၌ ဝင်ကရသေး၏။ ကိုတင်မောင်ကား သထုံပါးစပ်ဆိုင်းဝိုင်းတွင် စည်တီးပေးရသေး၏။ ဖေခင်ကား ဇော်ကကရသဖြင့် ဒူးပွန်းသွားသေး၏။ ကျော်သိန်းမှာ အိုးစည်တီးရသဖြင့် လက်ကြောများပင် နာနေလေ၏။ ထိုသို့ ပျော်ရွှင်ကြသလောက် သပိတ်ကိစ္စကြီးငယ်တို့ကို ကျေပွန်အောင် ဆောင်ရွက်ကြလေသည်။. |
| 413 |
ဟူသော အဖြေကိုမှ ရေရေလည်လည် နားမထောင်နိုင်ဘဲ လူတယောက်က ဆွဲခေါ်သွားသဖြင့် လိုက်ပါသွားရလေ၏။ သောင်းဖေကား ညိုထွန်းသည် သူ့အား ရှေးကလောက် မခင်မင်တော့ဘူး။ အေးစက်စက်လုပ်နေသည်ဟု ထင်မိလေ၏။ သောင်းဖေသည် များသောအားဖြင့် အပြင်မထွက်။ သူ့ဇရပ်အတွင်း၌သာ ကုတ်နေလေ၏။ လူအများက သူ့ကို ကဲ့ရဲ့ကြမည်ကို ကြိုတင်၍ ကြောက်နေလေ၏။. |
| 414 |
ဟု စေတနာကောင်းနှင့် လှူထားသောငွေကို စောင်းချိတ်ကာ ပြောချက်ပင်ဖြစ်သည်။ ရင်ဘတ်ကို ခြေဖြင့်အကျောက်ခံရသလို သူထင်မိလေ၏။ ထိုကိစ္စအတွက် ညိုထွန်းအား တိုင်လို၏။ ညိုထွန်းနှင့် နှီးနှောလို၏။ ညိုထွန်းကို တွေ့ခွင့်မရ။ ယနေ့တစ်နေ့လုံး ဘုရားပေါ်တွင် လူများလွန်းသောကြောင့် သောင်းဖေ မျက်စိနောက်ကာ မူးနေ၏။. |
| 415 |
ယခုညမှ လူပါးသွားသဖြင့် သူသည် ဇရပ်ပြင်တွင် ထိုင်လျက်ရှိလေ၏။ ဝိုင်းစက်ကြည်လင်သော လမင်းကို တန်ဆောင်းအမိုးနှင့် ဈေးအမိုးကြားမှနေ၍ မြင်ရလေ၏။ ထိုနေရာမှ ချော်ထွက်လာသော လရောင်သည် ပင်းယဇရပ်ဝရန်တာ၏ ရှေ့တစ်လံကွာလောက်တွင် ကျနေလေ၏။ သောင်းဖေသည် ဇရပ်ရှေ့တွင် ချိတ်ထားသော ဓာတ်ပုံတစ်ပုံကို မြင်လေ၏။. |
| 416 |
သူသည် အနီးသို့ ကပ်ကြည့်ရာ ပင်းယကျောင်းဆောင်ကျောင်းသားများ စုရိုက်ထားသော ဓာတ်ပုံဖြစ်သည်ကို တွေ့ရလေ၏။ ဓာတ်ပုံတွင် မျက်နှာကို မင်နှင့် ဝိုင်းထားသော လူဆယ်ယောက်လောက် ပါလေ၏။ သူ့ရုပ်ကို သူကြည့်လိုက်သောအခါ မျက်နှာကို မင်ဖြင့် ဝိုင်းထားသည်ကို တွေ့ရလေ၏။ အောက်နားမှ မှတ်ချက်ကား "သစ္စာဖောက်သူများ"။. |
| 417 |
ဟု ဖြစ်လေသည်။ သောင်းဖေသည် ထူထပ်စွာ ကျောက်ပေါက်နေသောလူ မှန်မကြည့်ရဲသကဲ့သို့ သစ္စာဖောက်ဟု ကြော်ငြာနေသော သူ့ဓာတ်ပုံကို သူမကြည့်ရဲတော့ပေ။ "ဟီး၊ ငါ့ကို သစ္စာဖောက်လို့ဆိုပြီး ဒီလို ထင်ထင်ရှားရှား ကြော်ငြာထားကြပါလား။ ငါ့ကို အရှက်ခွဲတယ်"။ ဟု ရေရွတ်ပြီး ဓာတ်ပုံချိတ်ရာနားမှ ရွေ့ခွာခဲ့လေသည်။. |
| 418 |
သူသည် ဓာတ်ပုံမှ ဝေးရာသို့ ခွာခဲ့ပြန်လေ၏။ အမိုးကြားမှ ကြည့်နေသော လမင်းသည် အနောက်ဘက်သို့ ယွန်းသွားပြီးဖြစ်ရာ၊ သောင်းဖေ၏ ရှေ့နားတွင် ကျနေသော လရောင်သည် ကွယ်ပျောက်သွားလေ၏။ ဥသြ ဥသြ ဥသြ ဟူသော ရင်ထဲကနှစ်ပြီး အော်လိုက်သောအသံသည် ထွေးထွေးအေးအေးဖြင့် စူးရှစွာ ပေါ်လာလေသည်။ သောင်းဖေသည် ရင်ဆို့၍ လာလေ၏။. |
| 419 |
အောက်ဘက်မှ သီချင်းသံသည် ခပ်သုပ်သုပ် အထက်တက်လာလေ၏။ "ချိုတခါ ချဉ်တလှည့်ရယ်နဲ့၊ ပျိုကညာ တမင်ရွဲ့ရောထင်၊ အရင်နဲ့ရယ်တဲ့ ပုံမတူ၊ လှအသဝါ နတ်မျိုးရယ်ကလေ အကပ်တိုးပါလို့ ဆင်ခြေတူ၊ ခင်မေဖြူးရယ်က အိုလှည့်စား"။ ကြေကွဲသော အသံနက်ကြီးဖြင့် ဆိုလိုက်သော ဆွေးဖွယ်ကောင်းသော သီချင်းသံသည်လည်း ပေါ်လာပြန်လေ၏။. |
| 420 |
သူတို့အသံကို ကြားရလျှင် သောင်းဖေသည် ပို၍ရှက်လာ၏။ ပို၍ဝမ်းနည်းလာ၏။ ချုံးချငိုပစ်လိုက်လို၏။ သောင်းဖေသည် ဇရပ်တွင်းသို့ ဝင်ပြေးလေ၏။ အများမှာ အိပ်နေကြလေ၏။ အချို့ကား စာဖတ်နေကြ၏။ အချို့ စကား တိုးတိုးတိတ်တိတ် ပြောနေကြလေ၏။ သောင်းဖေသည် သူ့အိပ်ရာတွင် ထိုးအိပ်ပြီး ခေါင်းမြီးခြုံထားလေ၏။. |
| 421 |
ကြေကွဲသောအသံကား သူ့နားမှမပျောက်။ စက်ဝိုင်းကွင်းထားသော သူ့မျက်နှာပုံမှာ သူ့မျက်စိထဲ တစ်ဝဲလည်လည် ပေါ်နေလေ၏။ ထိုမျက်နှာကို မမြင်နိုင်ရန် မျက်စိကို ဇွတ်မှိတ်၏။ ပထမ အဖြူ အနီ အစိမ်း အရောင်များကို မြင်ရ၏။ အစိမ်းရောင်ကားလိပ်ပေါ်တွင် စက်ဝိုင်းကွင်းထားသော သူ့မျက်နှာသည် ပေါ်လာပြန်လေ၏။. |
| 422 |
ရှပ်ရှပ်နှင့် ထွက်သွားသော ခြေသံကို ကြားရလေ၏။ သောင်းဖေသည် ထိုအသံကို ကြားလျှင်ကြားချင်း "ဒင်းတို့ ငါ့ကိုပြောတာပဲ။ ငါ့ကို ခုထက်ထိ မယုံကြဘူး။ ငါဟာ သစ္စာဖောက်တဲ့။ ငါဟာ သူလျှိုတဲ့။ ငါ့ကို သတ်ပစ်ကြမှာလား"။ သူတွေး၏။ သူဆွေး၏။ သူရှက်၏။ သူ့စဉ်းစားဉာဏ်ကား တွေးလေတွေးလေ သူ့စိတ်ကား ဆွေးလေညစ်လေ။. |
| 423 |
သမီးဟာ ခုလို မျိုးချစ်မကလေးပီပီ လုပ်လိုက်လို့ ဖေဖေတို့ တစ်မျိုးလုံးမှာ ဂုဏ်ကျက်သရေတက်သွားတယ်။ ဖေဖေတို့ တစ်မျိုးလုံးရဲ့ ရာဇဝင်ပြောင်သွားတာဘဲ။ ဖေဖေတို့တော့ သတင်းစာကို အမြဲဖတ်နေကြရတာပဲ။ ငသောင်းကြီးလဲ သပိတ်ထဲ ပါလာပြီ မဟုတ်လား။ သူ့ဆီက စာရတယ်။ သူ့ဆီလဲ စာထည့်လိုက်ပြီ။ သမီးကောင်းကောင်းနေပါ။. |
| 424 |
သမီးတို့ဦးလေးမောင်တော့ အရပ်တကာလျှောက်ပြီး ကြွားနေတာပဲ။ ဈေးချိုထဲမှာ တစ်နေ့က သပိတ်မမှောက်တဲ့ နုနုတို့အမေ ဈေးလာဝယ်တော့ သူကသိပ်အပြစ်တင်သတဲ့။ သပိတ်မမှောက်တာ မန္တလေးနာမည်ပျက်တယ်လို့ ပြောဆိုထင်ပါရဲ့။ ဒါနဲ့ သူတို့ အတော်စကားများနေကြတယ်တဲ့။ မောင်ညိုထွန်း မန္တလေးလာသွားတယ်လို့ သတင်းစာထဲမှာ တွေ့လိုက်ရတယ်။. |
| 425 |
သို့ပြောနေစဉ် ကိုတင်မောင်နှင့် ဘစိန်သည် အပြေးအလွှား ဇရပ်ပေါ်သို့ တက်လာကြလေ၏။ သူတို့နှစ်ယောက် စကားပြောရပ်ထားလိုက်ကြလေ၏။ တင်မောင်တို့သည် သောင်းရီကို မြင်သောအခါ မျက်နှာပို၍ ညှိုးသွားကြလေ၏။ ညိုထွန်းကို ခပ်ဝေးဝေးသို့ခေါ်ပြီး တိုးတိုးပြောကြလေ၏။ "ကိုသောင်းဖေရဲ့အခြေကို ကြည့်ရတာ မဟန်ဘူး"။. |
| 426 |
ဟု ခေါ်ပြန်လေ၏။ သောင်းရီသည် ဘာမျှမတွေးအား၊ မမေးအားပဲ နောက်မှ တစ်ကောက်ကောက် လိုက်သွားလေ၏။ ကျောင်းသားများသည် ထိုလူစု၏ ပျာလောင်ခတ်နေပုံကို ကြည့်နေကြလေ၏။ စောင်းတန်းမှ အောက်သို့ တည့်တည့်တန်းကြည့်လိုက်သော ဓာတ်ရထားတစင်း ဆိုက်လာ၍ လမ်းဘေးပန်းသည်များ ပန်းစည်းကိုကိုင်ကာ ရောင်းနေသည်ကို မြင်ရလေသည်။. |
| 427 |
တင်မောင်တို့သည် အနီးသို့ ကပ်သွားကြလေ၏။ "ဟော ငါ့သတ်တော့မယ်၊ သတ်တော့မယ်၊ သတ်ကြတော့မယ်"။ ဟု သောင်းဖေသည် ငြီးပြီး စောင်ကို ခေါင်းမြီးခြုံ၍ အိပ်လိုက်လေ၏။ သောင်းရီသည် နားမလည်အောင်ရှိလေ၏။ သူ့ရင်မှာ လှိုက်လှိုက်နှင့် ဖိုလာလေ၏။ ဖြူလျော်သောမျက်နှာကို မြင်သဖြင့် အသည်းအထန် ဖျားနေသည်ဟုသာ တွေးမိလေ၏။. |
| 428 |
ဟု မေး၏။ စင်းနေသော မျက်တောင်ကလေးများကို လက်ပန်းကျသော လှေသမား တက်ခတ်သလိုခတ်ပြီး ညိုထွန်းကို မော့ကြည့်လိုက်၏။ ညိုထွန်းသည် သောင်းဖေ၏ အခြားဘက်မှ သွားထိုင်နေလေ၏။ ဘစိန်သည် ဇရပ်အပေါက်နားမှ သွားပြီး အခြားသူများ မတက်အောင် စောင့်၍နေလေ၏။ တင်မောင်ကား လက်ပိုက်ကာ ခေါင်းငိုက်ဆိုက်ချပြီး မတ်တတ်ရပ်နေလေ၏။. |
| 429 |
သောင်းရီ၏ ကြည်လင်သော မျက်လုံးများကား ပြာသိုလနှင်းဆိုသလို ဝေ၍လာလေ၏။ နောက် လေးလံသော မျက်တောင်ကလေးများကို ခတ်သွက်သွက် ခတ်လိုက်ရာ မျက်ရည်များကျလာလေ၏။ တင်မောင်သည် သောင်းဖေ၏ ခြေရင်းတွင် လမ်းလျှောက်နေလေ၏။ ညိုထွန်းကား ဒူးတစ်ဖက်ကိုချ၍ တစ်ဖက်ကိုထောင်ပြီးထိုင်ကာ ငေးနေလေ၏။ သောင်းရီသည် ရှိုက်၍ရှိုက်၍ ငိုလေ၏။. |
| 430 |
မီးရထားပေါ်တွင် သောင်းဖေသည် အိပ်လျက်သား လိုက်ပါသွားလေ၏။ သောင်းရီသည်ကား ဆံတောက်ကိုပါသိမ်းပြီး ယောင်တွဲကလေး ထုံးထားလျက် ညှိုးငယ်သော မျက်နှာကလေးဖြင့် မျက်နှာချင်းဆိုင်ခုံတွင် လိုက်ခဲ့လေသည်။ တစ်ဖက်ခုံတွင်ကား သူတို့မောင်နှမကို မန္တလေးအထိ လိုက်ပို့သော တင်မောင်သည် ထိုင်လျက်ရှိလေ၏။. |
| 431 |
သပိတ်မှောက်စက ယခုတိုင်း ဘယ်သောအခါမျှ အားမငယ်စဘူး၊ ဘယ်အခါကမျှ သပိတ်အတွက် အားမလျှော့စဘူး၊ အပေါင်းအဖော်တို့နှင့် ညီညီညာညာ နေရထိုင်ရ၊ လုပ်ကိုင်နေရ၊ တစ်ယောက်တစ်ယောက် ခင်မင်စွာပေါင်းသင်းနေရသည်တွင်သာ စိတ်ဝင်စားကာ ပျော်လျက်ရှိခဲ့၏။ ယခု သူတို့နှင့် ခွဲခဲ့ရ၏။ ကိုကြီးညိုထွန်းကိုလည်း လွမ်းလျက်ရှိလေသည်။. |
| 432 |
သူ့ဖေဖေနှင့် မေမေက ဘယ်လိုဘယ်ပုံ ဆီးကြိုမည်၊ ဆီးငိုမည်ကို စိတ်ပင်မကူးရဲအောင် ရှိလေ၏။ တင်မောင်သည် သပိတ်မှောက်ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်ပြင် ရိုးသားစိတ်ချရသူဖြစ်၍ သူတို့မောင်နှမကို လိုက်ပို့ရန် ညိုထွန်းတို့က ပြောကြ၏။ သူကလည်း ကျေနပ်စွာ သဘောတူလိုက်လေ၏။ ရထားကြီးသည် တောတွင်းသို့ ဝင်လာခဲ့လေ၏။. |
| 433 |
သောင်းရီသည် သူ့ကိုကိုသောင်းနှင့် ညိုထွန်းက လွဲ၍ မည်သည့် ကျောင်းသားများနှင့်မျှ ရင်းရင်းနှီးနှီး မနေဖူးမပြောဖူးသဖြင့် တင်မောင်နှင့် ပြောရသည်ကို ခပ်အမ်းအမ်း ဖြစ်နေလေ၏။ "ကိုရွှေဆိုတာ ဟိုနှစ်စလောက်တုန်းက ရက်စ်မှာ ဆာမထဲ့မှုနဲ့ ကျောင်းထုတ်ခံရတဲ့လူပေါ့။ နောက်တော့ ဆူကြလို့ စာမေးပွဲ ဝင်ခွင့်ပေးတယ်"။. |
| 434 |
ဒါနဲ့ ကိုမြက သူ့ခဏခဏကြိမ်းတယ်။ ဘာလို့ ထင်ရာတွေ ပြောရသလဲ၊ ခင်ဗျားကြီး ဒေါင့်မကျိုးဘူး၊ အပြောမတတ်ဖူးနဲ့ပေါ့လေ။ အမျိုးမျိုး ပစ်စလက်ခတ်ပြောတော့ ကိုရွှေက ဝမ်းနည်းနေတာပေါ့။ ဒါနဲ့လဲ သူ့ခမျာမှာ ပြောချင်တဲ့အာသာကို မဖြတ်နိုင်၊ မချုပ်နိုင်။ စင်မြင့်ပေါ်တက်ပြီးလဲ တရားဟောချင်ရှာတယ်။. |
| 435 |
သောင်းရီသည် တွေနေပြန်လေ၏။ သူ့အကို ဘာကြောင့် ရူးပါလိမ့်ဟု ယခုမှ ရဲဝံ့စွာ တွေးမိလေ၏။ တင်မောင်သည် သောင်းရီကို ဂျပ်ဆင်ကောလိပ်တွင် ပစ်ကက်တင်းဆီးတားရေး လုပ်စဉ်ကတည်းက သနားစိတ်ပေါက်၊ ချစ်စိတ်ပေါက်ခဲ့၏။ ယခု ဒုက္ခတွေ့စဉ် သာ၍ သနား၊ သာ၍ ချစ်မိ၏။ သို့သော် သူ့အချစ်ကို နိုင်အောင်ချုပ်ထား၏။. |
| 436 |
ဤသပိတ်မှောက်စဉ်အခါ၌ ဤအချစ်မျိုးကို လုံးဝမမွေးမြူဟု သူဆုံးဖြတ်ထား၏။ ယခုလိုအခါ နှစ်ယောက်တည်း တစ်တွတ်တွတ် စကားဆိုနေကြသော်လည်း အငွေ့အရိပ်ကလေးမျှ မရိုးသားသောဓာတ်ခံ မပြလိုက်ပေ။ ယခုလို ဒုက္ခရောက်နေသော အခိုက်အတန့်၊ အထူးသဖြင့် သူ့ကိုယုံ၍ ပုံလိုက်လာသောအခါ၌ သူသည် ဘယ်လိုပင်ဖြစ်ဖြစ် စည်းစောင့်မည်ဖြစ်၏။. |
| 437 |
သည်တစ်ခါ မပြောလိုက်ရလျှင် နေစေတော့ဟု ဆုံးဖြတ်ထားလိုက်လေသည်။ ထားမြင့်၊ မတင်လှ၊ ဒေါ်ရိုသီသိန်းဖေ စသော သပိတ်မများနှင့် ညိုထွန်း၊ ကျော်သိန်း၊ ဘငွေ စသော လိုက်ပို့ကြသူများသည် ပထမ ကွမ်းခြံဘူတာကြီးမှ သိမ်ကြီးဈေးသို့ ဓာတ်ရထားစီးသွားကြလေ၏။ ဓာတ်ရထားပေါ်တွင် ကျော်သိန်းသည် ထွေရာလေးပါး နောက်နေလေ၏။. |
| 438 |
ညိုထွန်းသည် မနက်က သောင်းရီပြောသော "မထားမြင့်အပြင် အမကြီးတော်စရာ ဘယ်သူမှ မရှိဘူး"။ ဟု နောက်လိုက်သည့်စကားကို ပြေးအမှတ်ရလေ၏။ သူနှင့် ထားမြင့်ကို စိတ်တွင်းက ပေါင်းစပ်ကာ ကြည့်လိုက်၏။ စမ်းရေကဲ့သို့ ကြည်လင်သော ငါးရာနှစ်ဆယ့်ရှစ် မေတ္တာစစ်တွင် ပထမဆုံးအကြိမ် ဖက်ဆွတ်ရေတည်းဟူသော သန့်စင်သောမေတ္တာသည် ဝင်လာလေ၏။. |
| 439 |
တစ္ဆေအချောက်ခံရသူကဲ့သို့ ညိုထွန်းသည် ခေါင်းနပန်းကြီးသွားလေ၏။ ထို့ကြောင့် ထားမြင့်က နောက်ခုံမှ "ကိုညိုထွန်း"။ ဟု ထပ်ခေါ်လိုက်ပြန်၍ လှည့်ကြည့်လိုက်သောအခါ အစာခိုးစားနေသောကျီးကို လူမိသလို ကြောင်တက်တက် ဖြစ်နေလေ၏။ ဦးဖိုးမြသည် မြန်မာ့အလင်း သတင်းစာကို ခပ်ကျယ်ကျယ် ဖတ်၏။ ဒေါ်ကံမယ်က ကောင်းစွာ နားထောင်နေလေ၏။. |
| 440 |
ခင်ဗျားတို့က ကျွန်တော် ဒီလောက် အပြစ်တွေကိုပြောနေတာ ဘာကိုလိုလို့လဲမေးလျှင် ကျွန်တော်ဖြေရန်အသင့်ဘဲ။ မျက်နှာစုံညီ အစည်းအဝေးကို မစ္စတာဂန္ဒီ တက်ရောက်ခဲ့တုန်းက အင်္ဂလိပ်တွေက ဂန္ဒီကြီးကို ခင်ဗျားတို့တစ်တွေ ဒီမျှလောက် ဒုက္ခခံနေကြတာဟာ ဘာကိုလိုလို့လဲလို့ မေးတဲ့အခါ ဂန္ဒီကြီးက တခြားတော့ မဟုတ်ပါဘူး။. |
| 441 |
ခင်ဗျားတို့ အင်္ဂလိပ်တွေနဲ့ ကျွန်တော်တို့ ကုလားတွေကို တစ်တန်းတည်းထားခြင်းကို အလိုရှိပါတယ်လို့ ပြန်ပြောဖူးပါတယ်။ ကျွန်တော်တို့ကိုလဲ မင်းတို့ ဘာလိုလို့ ကျောင်းသားတွေကို ဒီလောက်ဒုက္ခခံခိုင်းနေသလဲ မေးရင် အင်္ဂလန်ပြည်မှာရှိတဲ့ ကျောင်းသားတွေလို တန်းတူထားဖို့ပါဘဲလို့ ပြန်ပြီး ဖြေမှာပဲ။. |
| 442 |
ငွေကြေးမလုံလောက်လို့ မိန်းကလေးတွေ ဖာဖြစ်တယ်။ ပိုက်ဆံပေါတဲ့မိန်းမ ဘယ်မှာ ဖာလုပ်စားမလဲ။ အလုပ်လက်မဲ့လို့ ခိုးတိုက်စားကြတယ်။ အလုပ်လက်မဲ့ဖြစ်လို့ လိမ်ကြတယ်။ အလုပ်လက်မဲ့ဖြစ်လို့ ဆင်းရဲသားတွေ ငွေရနိုးနိုးနဲ့ လောင်းတမ်းကစားကြပြီး ကြက်တိုက်နွားတိုက် လုပ်ကြတယ်။ အလုပ်လက်မဲ့ဖြစ်လို့ ငတ်ပြတ်ကုန်ကြတယ်။. |
| 443 |
ဦးဖိုးမြသည် ဆက်ဖတ်ပြန်လေ၏။ "ဒါကြောင့် အလုပ်လက်မဲ့ရေးကို ပျောက်အောင်မလုပ်တဲ့ အစိုးရကို ကျွန်တော်တို့ မကြိုက်ဖူး။ အလုပ်လက်မဲ့ရေး ပွားစေတဲ့ အုပ်ချုပ်နည်းကို ကျွန်တော်တို့ ကန့်ကွက်တယ်။ အလုပ်လက်မဲ့အရေးကို ပျောက်အောင်မလုပ်တဲ့ပြင် ပိုပေါအောင်လုပ်တဲ့ ကျွန်တော်တို့ ပညာရေးကို ဒါ့ကြောင့် ကန့်ကွက်တယ်"။. |
| 444 |
ညိုထွန်းသည်ကား အလုပ်လက်မဲ့ရေး ပေါ်ပေါက်အောင် ယခုပညာရေးစနစ်က မည်သို့ဖန်တီးပုံ၊ အစိုးရအလုပ်ကိုသာ လုပ်ကြဖို့ ပညာသင်ကြားရေးစနစ်က မူလရည်ရွယ်ထားပုံ၊ အစိုးရအလုပ်မှာ မည်ကဲ့သို့ လူကျပ်နေပုံ၊ အလုပ်ရှားပုံ၊ အစိုးရအလုပ်ကို အားမကိုးထိုက်ပုံများ ပြောပြီးနောက် ဆက်ပြောသည့်စကားကို ဦးဖိုးမြသည် ဖတ်ပြန်၏။. |
| 445 |
သူတို့တတွေဟာ ပန်းတိမ်လုပ်ဖို့လဲ နေရာမရှိဘူး။ စက်ချုပ်ဖို့လဲ နေရာမရှိဘူး။ ဒီတော့ ခု ပညာတတ်တဲ့ လူတစ်ရာအနက် နှစ်ဆယ်အလုပ်ရရင်၊ မတတ်ပဲနဲ့ မသင်ပဲနေမယ်ဆိုရင် တစ်ရာလုံး အလုပ်မရပဲ နေမှာပဲ။ ပြီးတော့ လူတွေရဲ့ အသိဉာဏ်ဟာလဲ နည်းသည်ထက်နည်းပြီး လူမျိုး ဘယ်တော့မှ ကြီးပွားမှာ မဟုတ်တော့ဘူး။. |
| 446 |
လက်မှုပညာလဲ သင်ပေးရမယ်။ ဒီလို လက်က လက်မှုပညာ စက်မှုပညာတက်မှ အလုပ်လုပ်နိုင်မယ်။ ဒါကြောင့် ကျောင်းသားတိုင်းကို ပထမဆုံး ဉာဏ်အားတိုးဖို့ ပညာအပြင် လက်ကို အသုံးချတတ်တဲ့ပညာကို သင်ပေးရမယ်။ နောက်မှ ဉာဏ်ဘက်ပိုချင်သူက ဉာဏ်အားတိုးတက်မယ့်ပညာကို ဆက်လိုက်၊ စက်မှုကို ဝါသနာစွဲသူက အဲဒီဘက်ကို စွဲလိုက်ဖို့ဘဲ။. |
| 447 |
ဦးဖိုးမြနှင့် ဒေါ်ကံမယ်သည် သား၏စကားကို ကြားပြီးလျှင် ရှေ့မဆက်တော့ပဲ သားကိုသာ ထောက်ခံစကားပြောနေကြလေ၏။ သပိတ်မှောက်စက သည်ကနေပြီး ကြိမ်းခဲ့၊ မောင်းခဲ့၊ ဒေါသထွက်ခဲ့သည်များကို မေ့ကြလေ၏။ ဦးဖိုးမြသည် သတင်းစာကို ကိုင်ပြီး အရပ်ထဲလည်ကာ သားပြောသော စကားများကို ဖတ်ပြ၍ သားရုပ်ပုံကို လှည့်ပြလေ၏။. |
| 448 |
အားကောင်းခြင်းကြောင့် စာမေးပွဲများကို ရွှေ့ဆိုင်းလိုက်ရလေ၏။ နယ်များမှ ကျောင်းများသည် တစ်ကျောင်းပြီး တစ်ကျောင်း မှောက်ကြလေ၏။ ရွှေတိဂုံကုန်းတော်ပေါ်၌ နေကြသော ကျောင်းသားများမှာ အလုပ်တစ်စုံတစ်ရာ လုပ်စရာမရှိတော့ဘဲ များသောအားဖြင့် အားနေကြလေ၏။ စာမေးပွဲဖြေမည့်သူ၊ ကျောင်းတက်မည့်သူများကိုလည်း တားစရာမရှိ။. |
| 449 |
ကျောင်းသားများကို ထားရသည်မှာ တစ်နေ့တစ်နေ့ ငွေများစွာ ကုန်လေ၏။ အစားအသောက် သပ်သပ်ပင်လျှင် တစ်နေ့တစ်နေ့ ၇၅ ကျပ်ကျော်ကျော် ကုန်ကျလေသည်။ မီးခ၊ ရေခ အစရှိသော အသေးသုံးများလည်း ရှိသေး၏။ ကျောင်းသားငယ်များနှင့် မိန်းကလေးများကို စောင့်ရှောက်နေရသည်မှာလည်း ကျောင်းသားကြီးများတွင် တာဝန်ကြီးတစ်ခုဖြစ်နေလေ၏။. |
| 450 |
ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ လက်မှုပညာပြပွဲ စသော လူစည်ကားရာများသို့ သွားစပြုကြ၏။ အချို့မှာလည်း မိမိတို့ဇရပ်များတွင် ပွဲအမျိုးမျိုးကျင်းပကာ အပျော်ဘက်သို့ လိုက်ကြကုန်၏။ အခြားဘက်၌ အသုံးမချရဘဲ ထိန်းထားသော ဉာဏ်များသည် အပျော်ထူး အပျော်ဆန်းတို့၌ ပွင့်ကုန်၏။ ထူးထူးဆန်းဆန်း ရုပ်သေးများပင် ကကြ၏။. |
| 451 |
သို့ကြောင့် ကျောင်းသားများကို ခေါင်းဆောင်များမှတပါး ပြန်လွှတ်ရန် ဘွိုက်ကောက်တားကောင်စီက ဆုံးဖြတ်လိုက်ကြလေ၏။ ဘွိုက်ကောက်တားကောင်စီမှ အလိုရှိသောအခါ ပြန်လာပါမည်ဟူသော ကတိ၊ မိဘဆွဲသော်လည်း သပိတ်တွင် ပါမြဲ ပါပါမည်ဟူသော ကတိ၊ ကျောင်းကို ဘယ်နည်းနှင့်မှ ပြန်မဝင်ပါဘူးဟူသော ကတိများကို ထားခဲ့ကြရလေသည်။. |
| 452 |
သူငယ်ချင်းများကို ဘယ်အခါကမျှ ယခုလောက် မခင်မင်ခဲ့ဖူးကြသဖြင့် ခွဲရမည်ကို မခံမရပ်နိုင် ဖြစ်ကြလေ၏။ အချို့မှာလည်း သပိတ်သည် ရန်ကုန်မှာသာရှိ၍ နယ်မှာမရှိဟု ယူဆပြီး သပိတ်နှင့်နီးသော ရန်ကုန်တွင်သာ နေချင်ကြလေ၏။ ရန်ကုန်က ဝေးခြင်းကို သပိတ်နှင့် ဝေးခြင်းဟု သဘောပေါက်နေလေသည်။ ပြန်ခါနီး ဓာတ်ပုံတွေ စုရိုက်ကြ၏။. |
| 453 |
ကျီစယ်စကားပြောကာနေသူက နေကြလေ၏။ မိန်းကလေးများသည် ပြန်ခါနီးတွင် ကိုနုအား ရိုသေစွာ ကန်တော့ကြလေ၏။ ကိုနုကား ရင်ဆို့သွားအောင် ဝမ်းနည်းလာလေ၏။ အကြောင်းရှိ၍ ခေါ်လျှင် အမြန်လာရန် မှာထားလိုက်လေ၏။ မပြန်ခင်ညတွင် ကျောင်းတုန်းက စွဲခဲ့သော အငြိမ့်ဝါသနာကို မဖြတ်နိုင်သဖြင့် နှုတ်ဆက်ပွဲအငြိမ့်ခံလိုက်သေး၏။. |
| 454 |
ဟု သူ့ကိုယ်သူ မေးလေ၏။ "မချစ်ဖူး၊ မချစ်ဘူး၊ သူ့ကို နှမလို ချစ်မယ်"။ ဟု သူ ဆုံးဖြတ်လေ၏။ သို့သော် အချစ်ကား မန်းလေ ပြဲလေ၊ မောင်မောင်ဆိုလေ ထီးရိုးရှည်သော ဝါသနာရှိ၏။ ညိုထွန်းသည် သူ့အချစ်ကို ဖိချုပ်ထားတိုင်း အချစ်သည် မျက်စိမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်လာလေ၏။ မတွေ့ရတိုင်း ထားမြင့်ကို ကြည့်ချင်လေ၏။. |
| 455 |
ထားမြင့်က အော်တိုကလေးကို ထုတ်ပေးလေ၏။ "ပို့မယ်၊ စိတ်ချ"။ ဟု အာမခံပြီးနောက် အော်တိုကို လှန်လှောကြည့်နေလေ၏။ လူအမျိုးမျိုး၊ စာအမျိုးမျိုး ရေးထားသည်ကို တွေ့ရလေ၏။ သူကလည်း သူ့စာအုပ်ကလေးကို ထုတ်ပေးလေ၏။ ထားမြင့်က ကုန်းကား ရေးနေလေ၏။ ညိုထွန်းကား ရေးရန် စဉ်းစား၏။ သောင်းရီပြောသွားသော စကားကိုသာ အမှတ်ရနေလေ၏။. |
| 456 |
အသားညိုညို အရပ်မနိမ့်မမြင့်နှင့် လူကြီးတစ်ယောက်သည် ဇရပ်ပေါ်သို့ တက်လာပြီး ဦးကျော်မြင့်၊ ဦးဘဦး အစရှိသော လူကြီးများနှင့် ထိုင်စကားပြောနေ၏။ ထိုလူကြီးသည် ထားဝယ်လုံချည်အစိမ်းနှင့် သက္ကလပ်အင်္ကျီ ဝတ်ထားလေ၏။ ထိုလူကြီး ထိုင်နေပင်လျှင် ထားမြင့်က ညိုထွန်းအား ထိုလူကြီးကို ကြည့်စေပြီး သူ့ရင်ကို ပုတ်ပြလေ၏။. |
| 457 |
ထားမြင့်က "ဒါ ကျွန်မအဖေဘဲ"။ ဟု လေသံဖြင့် ပြောသည်ကို ညိုထွန်း ကောင်းစွာမကြားသော်လည်း အဖေဖြစ်ကြောင်းကို ရိပ်မိလေ၏။ ညနေစောင်း ပုသိမ်သင်္ဘောသို့ လိုက်ပို့ကြသူများလည်း အတော်ပင် များလေသည်။ ညိုမြ၊ ဘငွေ၊ တင်မောင်တို့လည်း လာကြ၏။ သင်္ဘောဖြင့် မစိုးမြင့်၊ မသိန်းကြည်နှင့် ထားမြင့်တို့ ပြန်ကြလေ၏။. |
| 458 |
သူများ ရယ်စရာပြောလျှင် လိုက်ပြုံး၏။ ပြောကြသည်ကို နားထောင်၍သာနေ၏။ သူကား ဘာမျှမပြောနိုင်တော့ပေ။ သင်္ဘောဥဩပေးလိုက်ရာ သွားပြီဟု ပြောကာ ဆင်းကြလေ၏။ ညိုထွန်းကား သွားဟု မပြောဘဲ ပြုံး၍ မထားမြင့်ကို ကြည့်လိုက်၏။ ထားမြင့်ကား အရိပ်အရောင်လောက်သာ ပြုံးပြသည်ကို ကြည့်ရင်း ကျန်ရစ်ခဲ့လေ၏။. |
| 459 |
သင်္ဘောထွက်သွားသောအခါ တစ်ဖက်တစ်ဖက် လက်ကိုင်ပုဝါ ပြနေကြလေ၏။ သင်္ဘောသည် ရှေ့နောက် ဦးလှည့်လိုက်တော့မှ ထားမြင့်တို့သည် တခြားမမြင်ရသောဘက်သို့ ရောက်သွားသဖြင့် ပြန်ခဲ့ကြလေ၏။ ညိုထွန်း၊ ကျော်သိန်းတို့ လူစုသည် သင်္ဘောဆိပ်မှ ပြန်ရောက်လျှင် မတင်လှ၊ ဒေါ်ရိုသီ၊ ညွန့်ညွန့်တို့အား မီးရထားသို့ လိုက်ပို့ကြသည်။. |
| 460 |
သူတို့သည် ကျောင်းသူကျောင်းသား ပြန်ကြသူများကို လိုက်နှုတ်ဆက်ရ မှာရကြားရသည်မှာ အမောသား ဖြစ်နေလေ၏။ ပြည်ရထား၊ မန္တလေးရထား၊ မော်လမြိုင်ရထား အားလုံးသို့ သွားရသဖြင့် ညဆယ်နာရီလောက်မှ သူတို့သည် ဘူတာရုံမှ ပြန်ခဲ့ကြရလေ၏။ သူတို့သည် ကွမ်းခြံကုန်းဘူတာကြီးမှ ဘုရားခြေရင်းသို့အရောက် ခြေလျင်လျှောက်ခဲ့ကြလေ၏။. |
| 461 |
ဟူ၍ လေးချိုးကြီးကို ဆွဲဆိုလိုက်လေ၏။ ဘောလုံးကွင်းကြီးမှာ သူ့အသံဖြင့် ပဲ့တင်သွားလေ၏။ ကျော်သိန်းက ဘငွေ၏ ပခုံးတွင် ခေါင်းကို မော့်တင်ကာ လက်တစ်ဖက်ဖြင့် ဘငွေ၏ ခါးကိုဖက်၊ တစ်ဖက်ဖြင့် သူပခုံးပေါ် တင်ထားသော ဘငွေ၏ လက်ကို ဆွဲကိုင်ထားလေ၏။ "ညိုမြ မဆိုစမ်းပါနဲ့ကွာ၊ ငါ ဆွေးလွန်းလို့ပါဟ"။. |
| 462 |
ကမ္ဘာဦးသူ ကမ္ဘာဦးသားတွေဟာ ဗြဟ္မာကြီးများက ဆင်းသက်တယ်ဆိုတာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတဲ့နတ်ထက် တန်ခိုးကြီးတယ်ဆိုတဲ့ ဗြဟ္မာကြီးတွေက ဆင်းသက်တယ်လို့ ကိုယ်မယုံဘူး။ ဗြဟ္မစိုရ်တရားလေးပါးကို စောင့်ထိန်းသက်ဝင်ကြတဲ့ ကမ္ဘာဦး လူသူတော်ကောင်းကြီးများက ဆင်းသက်တယ်လို့ အဓိပ္ပာယ်ယူရလိမ့်မယ်။. |
| 463 |
သူတို့သည် ကန်တော်ကြီးထောင့်စွန်း အင်္ဂလိပ်သချိုင်းအနီး ရောက်လာခဲ့ကြလေ၏။ လမ်းမီးများကြောင့် ပျော့နေသော အမှောင်တွင် ဂူကလေး တဖွေးဖွေးများကို တရေးရေးမြင်နိုင်ပေသည်။ ကျော်သိန်းတို့သည် ထောင့်အနီးမှ စောင့်နေကြလေ၏။ "ဟေ့ မအေပေး ညိုထွန်း၊ မင်းက ဘာလူပါးဝတာလဲ"။ ဟု ကျော်သိန်းက ဆဲလိုက်လေ၏။. |
| 464 |
ညိုထွန်းသည် တင်မောင်၊ ညိုမြတို့အား ခေါ်လိုက်ပြီး ထိုအကြံကို ဆွေးနွေးလေ၏။ သူတို့ကား ဆာလည်းလာ၊ မောလည်း မောလာသဖြင့် ဓာတ်ရထားဆိပ် ခေါက်ဆွဲဆိုင်တွင် ထိုင်ကြလေ၏။ "ညိုမြကလဲ ကောင်းကောင်း ကူရမယ်၊ ညိုထွန်းပဲ အယ်ဒီတာလုပ်ပါ။ မန်းနေဂျင်းအယ်ဒီတာ ပေါ့။ ဗျို့ မန္တလေးခေါက်ဆွဲဆိုတာ ငါးခွက်ပေးပါဗျို့"။. |
| 465 |
မည်သူမျှ ကျောင်းဝင်းအတွင်းသို့ မဝင်ကြသေး။ ၇ နာရီခွဲ အချိန်၌ ဦးရွှေဖုံးနှင့် ရာဇဝတ်ဝန် ဦးဘိုးကျင်တို့သည် သပိတ်မှောက်ကျောင်းသား ၄ ယောက်တို့နှင့် ကျောင်းဝင်တံခါးမကြီးတွင် လှဲအိပ်နေသောနေရာသို့ ရောက်လာကြပြီးလျှင် တရားသူကြီး ဦးရွှေဖုံးက ကျောင်းသားများအား ဆရာ၊ ဆရာမများသွားရန် လမ်းဖြစ်နေတယ်။. |
| 466 |
သူ့တို့သည် နယ်သပိတ်များ အကြောင်းစုံကို သတင်းစာတွင် ဖတ်ကြ၊ ဆွေးနွေးကြ၏။ နယ်မှ ကျောင်းသားကလေးများ သတ္တိကောင်းမှုကို ချီးကျူးကြ၏။ သူတို့အကြောင်း ကြားပြီး အားတက်နေကြလေ၏။ ဘွိုက်ကောက်တားကောင်စီ ရုံးခန်းမှာ ယခုအခါ မော်လမြိုင်ဇရပ်သို့ ရောက်နေပြီဖြစ်၍ သူတို့သည် မော်လမြိုင်ဇရပ်ပေါ်တွင် နေကြလေ၏။. |
| 467 |
အစည်းအဝေးတို့၌ အတိုက်အခံပြောကြရသောအခါ ညိုထွန်းတစ်ယောက်သာ မစ္စတာဘနားဂျီ၏ အမှားနှင့် ဖျော့တော့တော့ဝါဒများကို ဖမ်းနိုင်၊ အတိုက်အခံပြောနိုင်၍ ကျန်သူ့လူများမှာ မဖမ်းနိုင်၊ မချေပနိုင် ဖြစ်နေလေ၏။ ဖေခင်သည် သတင်းစာဖတ်ပြီးလျှင် မီးဖိုတွင်းသို့ ဝင်သွားလေ၏။ "ကဲ ကဲ မကျက်ကြသေးဘူးလား"။. |
| 468 |
ညိုထွန်းက တားပြန်လေ၏။ ဘချစ်ကား တွေနေလေ၏။ ညိုထွန်းကို အားနာသဖြင့် မပြန်တော့ပါဘူးဟု ဆုံးဖြတ်မိလေ၏။ "ဟေ့ ရပ်ကြအုံး၊ ထမင်းစားမယ်"။ ဟု အောင်မြင့်က လှမ်းပြောလိုက်မှ စကားပြောရပ်ကြပြီး ညိုထွန်းတို့သည် ထမင်းစားပွဲများ ခင်းကြလေ၏။ အချို့က သောက်ရေအိုး ရေထည့်ကြ၏။ အချို့က ထမင်းပန်းကန်ကို သယ်ယူကာ ချကြလေ၏။. |
| 469 |
ဟု သီဆိုပြီး ထမင်းစားပွဲတွင် အရင်ဆုံး ထိုင်လေ၏။ "သရေခေတ် ပြည်ဌာနီမှာ၊ ဗေဒါရီတခန်း၊ ဝေသာလီကြငှန်းမတော့၊ နန်းခြောက်ဆက်သာမာ၊ ကြက်တောင်ပြန် စကုပြတ်လိုပ၊ တစ်ခုလပ် ကောင်းလေသည့်တာ၊ တခုလပ်မာယာဆောင်လျှင်၊ ကညာတောင်သာဘူးကွယ်လေး"။ ကျော်သိန်းသည် ဆိုပြီးလျှင်ပြီးချင်း ဘဲဥများကိုခပ်ကာ သူ့ပန်းကန်တွင် ထည့်လေ၏။. |
| 470 |
ဟု ညိုထွန်းက ပြောလိုက်ရာ ဖေခင်၏ အကြောင်းကို တွေးမိပြီး အားလုံးက ဝိုင်းရယ်လေ၏။ သူတို့ စားပြီးခါနီးတွင် တင်မောင်နှင့် လှဖေတို့ ပြန်ရောက်လာကြလေ၏။ အားလုံးသည် သူတို့ကို တွေ့မြင်ရသောအခါ ပျော်ရွှင်သွားကြလေ၏။ ဟိုဟိုသည်သည် မေမြန်းကြလေ၏။ နောက် သူတို့နှစ်ယောက်အတွက် ထမင်းစားပွဲများ ပြင်ဆင်ပေးလေ၏။. |
| 471 |
ဆရာကြီးအိမ်သို့ သွားပြီးလျှင် တစ်ဖန်ပြန်၍ စက်ဘီးပေါ်တွင် ထားခဲ့သော ဖိုင်တွဲကို ပြန်ယူသဖြင့် အထွက်အဝင် နှစ်ခါနင်းရပြန်၏။ ပြီးလျှင် အထွက် တစ်ခါနင်း၊ ပေါင်း လေးခါနင်းသဖြင့် လှထွန်း၊ ကျော်သန်း၊ မောင်မောင်ကြည်၊ အေးငွေ စသော ကျောင်းသားတို့မှာ လက်၊ ရင်ဘတ်၊ ပေါင် စသည်တို့တွင် နာခြင်း၊ ထိခိုက်ခြင်း ခံရလေသည်။. |
| 472 |
ဒါကြောင့် ဘာမှမယူကြနဲ့ဟေ့ဟု ရဲရင့်စွာ ပြောကြားလေသည်။ သို့သော် စောင့်ရှောက်ရေးအဖွဲ့မှ လူကြီးများကို ညှာသည်က တစ်ကြောင်း၊ ကျောင်းသားငယ်များ၏ ကျန်းမာရေးကို ထိခိုက်မည် စိုးသည်က တစ်ကြောင်း၊ အကြောင်းကြောင်းတို့ကြောင့် ခေါင်းဆောင်လုပ်သူများက အာမခံယူခြင်းကို သဘောတူလိုက်ကြလေသည်။. |
| 473 |
စာရေးလိုက်ရသည်မှာလည်း လက်ပြင်များ အောင့်နေ၍ လက်ပြင်တွင် အနာပင် ပေါက်တော့မည်ကဲ့သို့ ဖြစ်လာလေ၏။ သတင်းစာတိုက်များ၊ စာပုံနှိပ်တိုက်များသို့လည်း နေ့စဉ် အခေါက်ပေါင်း မရေမတွက်နိုင်အောင် သွားနေရလေသည်။ စာတမ်းကို တစ်ပတ် နှစ်ကြိမ် စိုးထွန်း၊ ညိုမြတို့၏ အကူအညီဖြင့် သပိတ်မှောက်စဉ် နိုင်နင်းစွာ ထုတ်ဝေနိုင်လေ၏။. |
| 474 |
သူက ခေါင်းကြီးများ၊ ဆောင်းပါးများကို ရေး၍ စိုးထွန်းက သတင်းပေါင်းချုပ်ကို ထည့်လေသည်။ ညိုမြက လိပ်စာများကို ကိုယ်တိုင်ရေး၍ နယ်များသို့ စာတမ်းများကို ပို့ရလေသည်။ ပရုများကို တစ်လှည့်စီဖတ်ကြလေသည်။ ယနေ့တွင် ညိုထွန်းသည် အထူးသဖြင့် မော၏။ ညိုထွန်းမှာ ကြမ်းပြင်တွင် အလျားမှောက်လျက် စာရေးနေလေသည်။. |
| 475 |
ညိုမြလည်း အလျားမှောက်လျက် အိပ်ပြီး ခြေနှစ်ချောင်းကို ထောင်ထားလေသည်။ ညိုမြ၏ ဘယ်ဘက်လက်တွင် ဆေးပေါ့လိပ်တိုကို ကိုင်ထားလျက် တစ်ဖက်တွင်ကား ဖောင်တိန်ကိုင်၍ ပရုခြစ်နေလေသည်။ သူကား တိုးတိုးဖတ်ကာ ပြင်သည်မဟုတ်။ အော်ဖတ်ကာ ပြင်လျက်ရှိ၏။ စိုးထွန်းကား သက္ကလပ်စောင်ကို ခေါင်းမြီးခြုံကာ အိပ်လျက်ရှိလေ၏။. |
| 476 |
ကိုပုဆိုသူ မန္တလေးကျောင်းသားတစ်ဦးမှာ ပထမတစ်ချက် အရိုက်ခံရသည်တွင် နာကျင်လှသဖြင့် ထွက်ပေါက်ရှာရင်း ပြေးရာ တုတ်ကိုင်ထားသူ ဘော်ဒါကျောင်းသားတစ်ဦးဆီသို့ ပြေးမိလျက်သားဖြစ်နေ၍ ထိုသူက ဆီးရိုက်ပြန်ရာ ပြန်လှည့်အပြေးတွင် အခြား ၂ ဦး ၃ ဦးက ဝိုင်းဝန်းရိုက်နှက်ပြန်သဖြင့် ပုံလျက်သား ကျသွားလေသည်။. |
| 477 |
ဒို့သင်ရတဲ့ ပညာရေးဟာ အလုပ်လက်မဲ့ဖြစ်စေရင် သူတို့လဲ အလုပ်လက်မဲ့ ဖြစ်စေတာပေါ့။ ကပ်လို့ယပ်လို့ သစ္စာတော်စောင့်သိလို့ အလုပ်ရရင် နည်းနည်းပေါ့။ ခဏပေါ့။ ဒို့ အထက်တန်းပညာ သင်ကြားရေးဟာ စရိတ်ကြီးလို့ ဆင်ရဲသားတွေ မသင်နိုင်ရင် သူတို့ထဲက ဆင်းရဲသားတွေဟာ ဘယ်လောက်ပဲ အလိုတော်ရိနေနေ အထက်တန်းပညာ မသင်နိုင်ဘူးပေါ့။. |
| 478 |
မျက်စိလည်း စပ်လှလေပြီ။ တစ်လောကလုံး တိတ်ဆိတ်နေလေ၏။ ညိုထွန်းနား၌ ခပ်ဝေးဝေး မီးရထားခုတ်သကဲ့သို့ အသံကြီးကို ကြားနေလေ၏။ တခါတရံ ပရစ်မြည်သံတို့သည် တဇီဇီအော်လာလေ၏။ သူခြစ်နေသော ကလောင်တံမှ တဂျစ်ဂျစ် ကြားနေလေ၏။ ကလောင်ကိုင်ထားသော လက်မှာမူ သံပတ်နှင့် သွားနေသော ကစားစရာ မော်တော်ကားကလေးလို သွားနေလေ၏။. |
| 479 |
ရေအငုတ်လွန်သွားသူကဲ့သို့ မူးနောက်နောက် ဖြစ်လာလေ၏။ သို့သော် ဆောင်းပါးက မပြီးသေး။ နောက် လက်ရေးကလေးများမှာ အထိုးအပင့် အဆွဲအကောက် မမှန်တော့ဘဲ ပဲပင်ပေါက်လို ဖြစ်လာလေ၏။ နောက် အူး ဟူ ဟူ ဆိုသော အသံကြီးသည် သူ့နားတွင်း၌ ရပ်သွားပြီး၊ သူ့ကလောင်သည် စာရွက်ပေါ်တွင် ဂျီးခနဲ လျှောသွားလေ၏။. |
| 480 |
လေကလေးမှာ မြူးနေသဖြင့် နောက်ဖေးအိမ်သာအမိုးကို သင်္ဘောရွက်များ ပုတ်ခတ်နေကြလေ၏။ ကျော်သိန်းထံသို့ သူ့ဦးလေးထံမှ စာလာလေ၏။ သူ့ဦးလေးက သူ့အား သပိတ်မှောက်သည့်အတွက် အပြစ်များစွာဆိုပြီး "မင့်ကို ပိုက်ဆံ မပို့နိုင်ဘူး၊ ကျောင်းလဲ ထပ်မထားနိုင်ဘူး၊ ထားရင် အဆိပ်ပင် ရေလောင်းသလို ရှိမှာဘဲ"။. |
| 481 |
ဆရာက စာကို ကောင်းစွာ လေ့ကျက်ရန်၊ ရှေ့နှစ် သူပြန်လာက သူ့ကို ကျကျနန ကူညီပြသမည့်အကြောင်း၊ အိုင်စီအက် စာမေးပွဲအောင်အောင် သူက ပါရမီဖြည့်မည်ဖြစ်ကြောင်းများကို ရေးသားလေသည်။ "ငါ ကျောင်းမှာသာဆိုရင် သေချာပေါက် စာကြည့်ဖြစ်မှာဘဲ။ စာကြည့်လို့ ပထမတန်းဂုဏ်ထူးနဲ့အောင်ရင် အိုင်စီအက်တန်းနေတာဘဲ"။. |
| 482 |
ဟု သူသည် အားငယ်ပြန်လေသည်။ သူ့အဖေ၊ သူ့နှမများ ဆင်းရဲသည်ကို တွေးပြီး သနားပြန်လေသည်။ "ငါမှ သူတို့ကို မလုပ်ကျွေး မစောင်မရင် သူတို့ အခက်ဘဲ။ သူတို့ဟာ ငါ့ကို အားကိုးနေကြရှာတာ ငါ ဒီသပိတ်သာ မမှောက်ဖြစ်ရင် အစစအရာရာမှာ နေရာကျမှာ။ ခုတော့ ငါခက်ပြီ"။ ဟု သပိတ်မှောက်သည်ကို ပထမဆုံး စိတ်နာသလို ရှိမိလေ၏။. |
| 483 |
ဘချစ်၏ မိခင်ကြီးကား သားကို ထွေထွေရာရာ မဆူပူ။ "မင်းလဲ ငယ်တဲ့အရွယ် မဟုတ်တော့လို့ အမေတို့ ဘာမှမပြောတော့ဘူး။ မင်းဘာသာမင်း စဉ်စားပေတော့။ အမေတို့ ဘယ်လို ဘယ်လိုပန်းတယ်၊ မင့်နှမတွေ၊ မင့်ညီတွေ ဘယ်လိုထောက်ပံ့ဘို့ မင်းမှာ တာဝန်ရှိတယ်ဆိုတာ အသိသားပဲ"။ ဟုသာ စာရေးပြော၏။ တောင်းသောငွေလည်း ပို့၏။. |
| 484 |
ဟု ဘချစ်က အဖန်ဖန် ဆုတောင်းမိလေ၏။ ကိုမြကား မူလကလည်း သပိတ်မမှောက်လိုခဲ့။ ယခု မှောက်နေဆဲတွင်လည်း ကျောင်းသို့ ခြေတစ်လှမ်း ပြန်ဆုတ်လျက်ရှိ၏။ သူသည် အနစ်နာ လုံးလုံးမခံလို၊ ကျောင်းပြန်ရလျှင် သူ့ထံသို့ လာလတ္တံ့သော တောက်ပြောင်သည့် ဘဝသစ်ကိုသာ မြင်နေမိ၏။ စိုးထွန်းကား မျိုးချစ်စိတ်ရှိ၏။. |
| 485 |
သို့သော် ဘီအေဆိုသော ဘွဲ့ကလေးကို လိုချင်သေး၏။ တိုင်းရေးပြည်ရေးလိုက်ရာ၌ ဝမ်းရေးရှာဖို့ ရှေ့နေလုပ်ရန် ဘီအယ်ကိုလည်း အောင်ချင်သေး၏။ ထို့ကြောင့် သပိတ်လှန်ရန်ကိုပင် လိုလားနေလေ၏။ သို့ဖြင့် ဧပြီလလောက်တွင် ကျောင်းသားခေါင်းဆောင်များထဲမှ ကျောင်းပြန်ဝင်ချင်၍ အကြောင်းအမျိုးမျိုး ဆင်ခြေအမျိုးမျိုး ရှိလေ၏။. |
| 486 |
မစ္စတာဘနားဂျီကား ခပ်ပျော့ပျော့ဝါဒကို ကြိုက်၏။ မစွန့်စားရ၊ ဒုက္ခမခံရတည်းသော လမ်းကို လိုက်၏။ ဆိုင်ရာအရာရှိကြီးများနှင့် အရေးဆိုကာ ကျောင်းသားများ၏ တောင်းဆိုချက် အနည်းငယ်ရလျှင် လက်လျှော့ပေးကာ သပိတ်လှန်လိုသည်။ ထို့ပြင် မစ္စတာဘနားဂျီသည် အစိုးရအရာရှိကြီးများက သူ့အား မုန်းမည်၊ နှလုံးနာမည်ကို ကြောက်၏။. |
| 487 |
ကိုမြမှာ သူ၏လက်ရုံးတစ်ဆူ အားကိုးခြင်း ခံရသော မှန်လှပါဘိုင်ဟု ပြောသူတစ်ဦး ဖြစ်လေ၏။ သူ့သဘောမှာကား မျက်နှာမငယ်ဘဲနှင့် ပြန်ရလျှင် ပြီးရော။ အများကျောင်းသားစု ပါလျှင် ပြီးရော။ ဘယ်လိုပင် လှန်ရလှန်ရ သပိတ်လှန်တော့မည်ဟု ဆုံးဖြတ်ထားလေသည်။ ကိုနုကား ရဲဘော်တို့၏ စိတ်ဓာတ်ကို ကောင်းကောင်း အကဲမခပ်မိ။. |
| 488 |
သူက အဆမတန်ပေးထားသော အာဏာကို အလွဲသုံး၍ မစ္စတာဘနားဂျီသည် သပိတ်လှန်နိုင်ရန် လမ်းစရှာနေသည်၊ အရာရှိတို့နှင့် ပလူးနေသည်ကို စောင့်မကြည့်။ တရားတွင်တွင်ဟောကာ သပိတ်ကိစ္စအောင်ရန် ပုတီးနာနာစိတ်၊ ဂါထာကို အဖန်ဖန်ရွတ်နေလေ၏။ သပိတ်အတွက် များစွာသော ကျောင်းသားတို့ ဆင်းရဲသည် နစ်နာသည်များကို အမြဲသနားနေလေ၏။. |
| 489 |
သူသည် သပိတ်မှောက်စမှ ယခုတိုင် တစ်နေ့ သုံးနာရီမျှသာအိပ်၊ အစာမှန်မှန် စားချိန်မရ၊ သွားရလာရကိစ္စများ၊ ဉာဏ်အားကိုလည်း သိပ်သုံး၊ ကိုယ်အားနှုတ်အားကိုလည်း သိပ်သုံးခဲ့သောကြောင့် တဖြည်းဖြည်း ပိန်ချုံးအားနည်းလာပြီးလျှင် အဆုံး တစ်နေ့တွင် ဆောင်းပါးတစ်ခု ရေးနေစဉ် အားပြတ်ကာ လဲသွားလေသည်။. |
| 490 |
ထို့ကြောင့် ကျောင်းမှာသာ စက်မှုလက်မှုပညာကိုသာ သင်ရုံဖြင့် မပြီးသေးဘဲ ကျောင်းပြင်ဘက်တွင်လည်း စက်မှုလက်မှုလုပ်ငန်းများ တည်ထောင်ရပေလိမ့်မည်။ ဗမာပြည်သူပြည်သားများ အလုပ်အကိုင်နှင့် နေနိုင်ထိုင်နိုင်ကြလေအောင် ဗမာတစ်ပြည်လုံးတွင် စက်မှုလက်မှုလုပ်ငန်းများ ကြီးပွားတိုးတက်နေဖို့ လိုလေသည်။. |
| 491 |
အခြားသခင်တိုင်းပြည်များတွင် အစိုးရအကူအညီဖြင့် ၎င်းပြည်ရှိ သူဌေးကြီးများသည် ပြောင်းလဲခဲ့ကြ၏။ ကျွန်ုပ်တို့ပြည်တွင်ကား ပြောင်းနိုင်သော ပြောင်းရကောင်းမှန်းသိသော သူဌေးလည်းမရှိ။ ဆင်းရဲသားများကလည်း မပြောင်းနိုင်။ သို့ကြောင့် ဆင်းရဲသား၏ အခွန်ငွေဖြင့် တည်ရှိနေသော အစိုးရတွင် ပြောင်းရမည့် တာဝန်ရှိလေသည်။. |
| 492 |
ဗမာပြည်အစိုးရကား အင်္ဂလိပ်အစိုးရ၏ လက်အောက်ခံ ဖြစ်သည့်အပြင် အင်္ဂလိပ်ကုန်သည်ကြီးများ၏ အကျိုးကိုသာ ကြည့်ရန် ဥပဒေအမျိုးမျိုးဖြင့် ဖွဲ့စည်းထားအပ်သဖြင့် အင်္ဂလိပ်ကုန်သည်ကြီးများကို ထိခိုက်မည့် အလုပ်မျိုးကို လုပ်မည်မဟုတ်ပေ။ ထားမြင့်သည် ဆောင်းပါးကို သဘောကျပြီး ဆောင်းပါးတွင်သာ စိတ်ဝင်စားလာလေ၏။. |
| 493 |
ညိုထွန်းမှာ ရွှေတိဂုံကုန်းတော်ပေါ်၌ဆိုလျှင် ဗာဟီရကိစ္စတွေဖြင့် ကင်းနိုင်မည်မဟုတ်သည်ကိုသိသော ဆရာဝန်သည် အခြားသို့ ရွှေ့ပြောင်းရန် အကြံပေးသောကြောင့် ဘုရားကြီးအရှေ့ဘက် ဗဟန်းရပ်ရှိ ဖေခင်၏ မိတ်ဆွေတစ်ယောက်အိမ်တွင် ညိုထွန်းကို ထားကြလေ၏။ ညိုထွန်းမှာ တွဲမည့်သူမရှိက လမ်းမလျှောက်နိုင်။. |
| 494 |
အိပ်ရာထဲ၌ လှဲရင်းပင် မောနေသေးသည်။ နဂိုကမှ မဝသည်တွင် ယခုအသားအရည် ဆုတ်ယုတ်လေရာ အရိုးကြဲကြဲနှင့် ဖြစ်နေလေ၏။ နဖူးမှာ အရေရှုံ့လျက် နားထင်တွင် ခွက်နေလေသည်။ မျက်တွင်းလည်း ဟောက်နေလေ၏။ နေ့လယ်နေ တော်တော်ပူပြင်းလာပြီ ဖြစ်သဖြင့် ခါတိုင်းထက် မောနေလေ့ရှိ၏။ သူ့အဖို့ လူမောရုံဖြင့် မပြီသေး။. |
| 495 |
မစ္စတာဘနားဂျီနှင့် ကိုမြတို့သည် ပညာရေးအရာရှိတို့နှင့် ပလူးပလဲ အရေးဆိုနေသည်ကို သိရသောအခါ ငြိမ်ငြိမ်အိပ်နေရသည်ကို စက်ဆုပ်ပြီး ချက်ချင်းဆူချင်ပူချင်လေ၏။ တောင်းဆိုချက်များ လုံးဝမရဘဲနှင့် သပိတ်မလှန်ရန် အမျိုးမျိုးကြံစည်၏။ သို့ကလို့ စိတ်အေးအေးလူလူ မထားနိုင်သဖြင့်လည်း ရောဂါမှာ နာလံမထူနိုင်ရှိလေ၏။. |
| 496 |
သူသည် သတင်းစာ မဖတ်ရ မနေနိုင်။ တစ်ခါတစ်ရံ ကိုယ်တိုင်ထ၍ ဆောင်းပါးများ ရေးလိုသေး၏။ သူ့ကို အမေးအမြန်းလာရောက်ကြသူထဲတွင် ကျောင်းသားများအပြင် ကမာရွတ် စွပ်ကျယ်စက် အလုပ်သမားများလည်း ပါသေး၏။ အချို့မှာ ဘတ်စကားစီးရန် ပိုက်ဆံမလုံလောက်သဖြင့် ကမာရွတ် သမိုင်းဆီမှ ခြေလျင်လျှောက်၍ လာကြသေး၏။. |
| 497 |
မရှိန်သည် သူ့လက်ဝဲဘက် ခပ်လှမ်းလှမ်းရှိ လက်ကိုင်ကိုမှီ၍ အင်္ကျီပန်းထိုးလျက်နေလေ၏။ သူ့အင်္ကျီကို ပန်းထိုးသည် မဟုတ်ဘဲ ကမာရွတ်ရှိ ကုလားဝတ်လုံမယား၏ အင်္ကျီကို အခယူ၍ ထိုးပေးခြင်း ဖြစ်လေသည်။ အိမ်ပေါ်တက်လာသော ခြေသံကို ကြားလျှင် မရှိန်သည် ပန်းထိုးနေသော အင်္ကျီကို လက်ကကိုင်လျက် ထွက်ကြည့်၏။. |
| 498 |
ဟု ပြောပြီးနောက် မရှိန်သည် ညိုထွန်းအနီးသို့ လာလေ၏။ တင်မောင်နှင့် ဖေခင်သည် သူ့နောက်က ပါလာ၏။ မရှိန်က သင်ဖြူးခင်းပေးလေသည်။ ညိုထွန်းသည် သတင်းစာကို ပစ်ချပြီး သူငယ်ချင်းများကို ပြုံးကြည့်နေလေ၏။ တင်မောင်က စာလှမ်းပေးလိုက်ရာ လက်ရေးကို မြင်လျှင်မြင်ချင်း ထားမြင့်ဆီကစာဖြစ်ကြောင်း သိလေ၏။. |
| 499 |
သူသည် ပြုံး၍ စာကိုဖတ်လေ၏။ ကျွန်မ ရန်ကုန်တုန်းက စိုးရိမ်လို့ သတိပေးမလို့ဟာပဲ။ သို့ပေမဲ့ စိတ်ထက်သန်သန်နဲ့ လုပ်နေတာကို အားလျော့အောင် လုပ်တာနဲ့များ တူသွားမလားမို့ သတိမပေးပဲ ဖြစ်နေတယ်။ ခု အဖျားက မြန်မြန်ပျောက်အောင်၊ အားမြန်မြန်ပြည့်လာအောင် ဆရာဝန်ပေးတဲ့ အကြံအတိုင်း လုံးလုံးအနားယူမှ ဖြစ်မယ်ထင်တယ်။. |
| 500 |
သပိတ်ကိစ္စတွေ စိတ်မစွဲဘဲ ထားပါအုံးလား။ ဉာဏ်လဲ သိပ်မသုံးနဲ့အုံး။ ကျွန်မ အကြံပေးချင်တာကတော့ ဉာဏ်အားလူအား ပြန်ပြည့်အောင်ဟာ နွားနို့ များများသောက်ပါ။ ဗာဒံစိကို တစ်ညလုံး ရေစိမ်ထားပြီး မနက်တိုင်းစားပါ။ ဒီအစားအသောက်က မကျန်းမာတုန်းမပြောနဲ့ ကျန်းမာတုန်းတောင် ရှင့်လို ဘရိန်းဝပ် အားကြီးတဲ့လူတွေနဲ့ တော်တယ်။. |
| 501 |
မရှိန်သည် ပဲကြော်၊ မြေပဲကြော်၊ ငခြောက်ဖုတ်တို့ဖြင့် စီစဉ်ထားသော လက်ဖက်ရည်ပွဲကို ယူလာလေ၏။ သူသည် တင်မောင်တို့ အနီး၌ ကြုံ့ကြုံ့ကလေး ဒူးတုတ်ထိုင်ကာ လက်ဖက်ရည် ငှဲ့ပေးနေလေ၏။ "ပြီးတော့ ဘနားဂျီကလဲ ပညာမင်းကြီးကို သပိတ်လှန်ပါ့မယ်လို့ ကတိပေးသတဲ့"။ ဟု ဖေခင်က သူကြားသမျှကို ပြောပြလေ၏။. |
| 502 |
နောက်ကွယ်ကနေပြီး သပိတ်လှန်မယ် မဆိုလိုပါဘူး။ သင့်လျော်ရာ စေ့စပ်အောင်မြင်ရင် သပိတ်လှန်မယ်၊ ကျောင်းသားတွေကို ဒုက္ခမပေးချင်ဘူးလို့ ပြောပေမယ့် ရှေ့ပိုင်းက လှန်ချင်လှပါပြီ၊ လှန်တော့မယ်ဆိုတာ အထင်အရှားပြနေတာဘဲ။ အစိုးရလို ပရိယာယ်နားလည်သူမပြောနဲ့ စာမတတ်တဲ့ကူလီလို ပြောပြအုံးတော့ နားလည်မှာပဲ။. |
| 503 |
ညိုထွန်းအသံသည် တုန်လာလေ၏။ မျက်နှာသည် ဖြူဖပ်ဖြူယော်နေရာမှ မဲပုတ်လာလေ၏။ စကားပြောပြီး မောလာလေ၏။ "အစိုးရဆိုတာ ချော့လို့ရတာမျိုး မဟုတ်ဘူး။ ကိုယ်တို့အားကိုပြမှ သူတို့က အလိုလိုက်တာ။ ဒီစာမျိုးနဲ့ချော့တော့ သူတို့က ဒို့ကို ဖြဲဖြဲပြီး ခြောက်တာ"။ မရှိန်သည် ဟောလစ်ကို ဖျော်၍ ယူလာလေ၏။. |
| 504 |
ကိုယ်တို့တောင်းဆိုချက်တွေတော့ ဘာမှ မပြောကြတော့ဘူး၊ စာမေးပွဲရွေ့ဖို့ကိုပဲ အရေးတကြီးလုပ်ပြီး တောင်းဆိုနေကြတယ်။ ဒိပြင် မူလတောင်းဆိုချက်တွေ ဇာတ်မြုပ်ကုန်ပြီး မှောက်စက တောင်းသမျှ ဒင်ပြည့်ရမှ၊ ကျပ်ပြားလုံးရမှ၊ အပွန်းပါ မယူဘူးဆိုကြခဲ့ပြီး ခုတော့ သင့်လျော်စွာ စေ့စပ်အောင်မြင်ရင်ဆိုတဲ့ဘဝ ရောက်လာကြပေါ့။. |
| 505 |
ကိစ္စတစ်ခုခု၌ ဇဝေဇဝါနေသူများကို သူ့ဘက်သို့ အလိုပါအောင် ဆွဲငင်နိုင်၍ တစ်ဖက်ကလူများကိုပင် သူ့အယူ မှန်သလိုလို ထင်လာအောင် ဖြားယောင်းနိုင်လေသည်။ သူသည် ယခုအခါ သပိတ်လှန်ရန် အလိုရှိ၏။ ကျောင်းသားများ စုသောအခါ သူ့ဆန္ဒကိုပြောပြီး သွေးဆောင်က သူရှုံးမည်ကိုသိ၏။ အများရှေ့၌ သပိတ်ဆက်မှောက်ချင်သူ များလိမ့်မည်။. |
| 506 |
သူတို့၏ မစွန့်လိုစိတ်ကို မဖွင့်လိုကြ။ ထိုသဘောကို ကောင်းစွာသိသဖြင့် ဘနားဂျီသည် ခေါင်းဆောင်ထဲမှ တစ်ယောက်ချင်း တစ်ယောက်ချင်းကို နားသွင်းလေသည်။ "ဟလို ကျော်သိန်း၊ သိပ်စာတွေဖတ်နေပါကလား"။ ဟု မော်လမြိုင်ဇရပ် အပေါ်ထပ်တွင် စာဖတ်နေသော ကျော်သိန်းအနီးသို့ ဘနားဂျီသည် ကပ်သွားလေ၏။ သူ့နောက်က ကိုမြပါလာလေ၏။. |
| 507 |
ဟု ကိုမြက ကြားစွက်၏။ "ခုတော့ ညီမှ မညီပဲ"။ ကျော်သိန်းကား သပိတ်လှန်ခေါင်းဆောင် ဖြစ်သွားလေ၏။ ကျောင်းပြန်ဝင်ရန် ခြေတစ်ဖက်ကြွနေသော စိုးထွန်း၊ ဘချစ်၊ အောင်မြင့်၊ ဘမော်၊ ဘဖေ၊ သိန်းမောင်၊ မောင်ကြီး စသော ဘွိုက်ကောက်တားကောင်စီ လူကြီးများကို တစ်ယောက်စီ တစ်ယောက်စီ ချွတ်လေရာ မစ္စတာဘနားဂျီဘက်သို့ ယိမ်းကြလေ၏။. |
| 508 |
ဟု ထောက်ခံလိုက်သဖြင့် အိမ်ပြန်ချင်နေဆဲ ကိုနုသည် မှီရာသင်္ဘောစီး၍ လိုက်ပါသွားလေ၏။ ညိုထွန်း ဖျား၍ အိပ်ရာက မထနိုင်သဖြင့် ကိုမြတို့မှာ များစွာဝမ်းသာကြ၏။ သူတို့ကို အရေးရောက်အောင် ကန့်ကွက်နိုင်သူ မရှိတော့ပြီဟု အားရကြလေ၏။ ကျော်သိန်း၊ ဘမော်၊ ဘဖေ၊ စိုးထွန်းတို့ကား ဘနားဂျီကို ကြာလေကြာလေ သဘောကျနေလေ၏။. |
| 509 |
သပိတ်လှန်ဝါဒကိုကား ထိုးကွင်းမင်ကြောင်ရှိသူသည် သတ္တိရှိကြောင်း ပြသောကြောင့် ကောင်းသည်ဟု သူ့ကိုယ်သူ မှန်ကြောင်း ပြောသကဲ့သို့ သူတို့တစ်တွေသည်လည်း ဘနားဂျီ၏ အကြောင်းများကို ပြလျက် မှန်ကြောင်း သက်သေပေးနေလေသည်။ ဘငွေ၊ ဘဖေ၊ ဖေခင်တို့ကား အကြောင်းစုံသိသော်လည်း ညိုထွန်းကို မပြောသေး။. |
| 510 |
ကိုမြတို့ သပိတ်လှန်ရန် ကြိုးစားနေကြောင်း၊ သူတို့နောက်သို့ ကျော်သိန်းတို့ပင် ပါနေကြောင်းများကို ကြားရလေလေ ညိုထွန်းကား စိတ်မချမ်းသာလေလေ။ စိတ်မချမ်းသာတိုင်း အိပ်ရာထဲ၌ တဆတ်ဆတ်တုန်ပြီး ဆူလေပူလေ၊ အံကြိတ်လေ၊ တက်ခေါက်လေ၊ သူ့ရောဂါမှာ တိုးလေ ဖြစ်နေလေ၏။ အားသစ်မှာ ပိုးကိုက်သည့် ဗူးညွန့်လို မလူပဲရှိနေလေ၏။. |
| 511 |
ယနေ့နံနက် နွားနို့ထမင်း စားနေဆဲတွင် လှေကားမှ လူအများ တက်လာသံကို ကြားသောကြောင့် ထမင်းခပ်ထားသော ကြွေဇွန်းကို ပါးစပ်သို့ မကပ်သေးပဲ လှေကားဆီသို့ ကြည့်နေလေ၏။ ပထမဆုံး ဘငွေ၊ နောက်မှ လှဖေ၊ နောက် တစ်ပတ်ရစ်ဆံထုံးကလေးနှင့် မျက်နှာကို မြင်ရလေ၏။ ဟုတ်မှ ဟုတ်ကဲ့လား။ အသားကလေးကတော့ သူ့အသားပဲ။. |
| 512 |
အစစ်ပဲ။ ဟုတ်ပါတယ်။ ထားမြင့်ပေါ့။ သူ ဘယ်တုန်းက ရောက်နေပါလိမ့်။ ညိုထွန်းသည် မျက်တောင်မခပ်ပဲ ကြည့်နေလေ၏။ ပွဲကြည့်နေတုန်း မိုးရွာလာပြီးနောက် တိမ်တိုက်ကြားမှ တစ်ခြမ်းမျှပေါ်လာသော လမင်းကို မြင်သူကဲ့သို့ ညိုထွန်းသည် ဝမ်းသာသွားလေသည်။ ထားမြင့်နောက်က ဒေါ်ရိုသီသိန်းဖေနှင့် ညွန့်ညွန့်လည်း ပါလာလေ၏။. |
| 513 |
မြင်ရသမျှမှာ စိတ်ညစ်ဖွယ်ကောင်း၏။ စောင်တွေက ပြန့်ကြဲ၊ အဝတ်တွေက အပုံလိုက် အပုံလိုက်၊ ဆေးခွက်နှင့် အစားအသောက်ပန်းကန်များကား ပိုးလိုးပက်လက်၊ ညိုထွန်း တစ်ကိုယ်လုံးကား အရုပ်ကြိုးပြတ်သကဲ့သို့ ရှိလေ၏။ ဖြူယော်သော မျက်နှာကို ထားမြင့်ကြည့်မိလျှင် တစ္ဆေချောက်ခံရသကဲ့သို့ ထိတ်သွားလေ၏။. |
| 514 |
ဟု ညွန့်ညွန့်က တောင်းပန်ရှာလေ၏။ "အေးကွယ်၊ ကိုညိုထွန်းဟာ ကိုယ်တို့လို ဖဲရိုက်တတ်ရင်လဲ အကောင်းသား အိပ်ရာထဲ ဖဲဝိုင်းထောင်ပေးထားရင် ဖဲထဲ စိတ်ဝင်တာနဲ့ သပိတ်တို့ ဘာတို့ မေ့ကုန်မှာ။ သူ့ရောဂါလဲ ပျောက်လွယ်မယ်ထင်တယ်"။ ဟု ဖေခင်က ခပ်ရွှင်ရွှင် ပြောလိုက်ရာ အားလုံးသည် ခဏမျှ ပြုံးလိုက်ကြ၏။. |
| 515 |
တကယ် လူကောင်းသူကောင်းတွေတဲ့ တကယ်တိုင်းပြည်အကျိုးရှိအောင် လုပ်မယ့်လူတွေတဲ့။ ခု သူတို့ဟာ သပိတ်မလှန်ပဲ ဆက်ပြီး အနစ်နာခံနေကြရင် သူတို့ စာသင်ပျက်မယ်တဲ့။ သူတို့သင်နေတဲ့ပညာ တစ်ဝက်တပျက်ဖြစ်ပြီး နောင် မျှော်လင့်ချက်နည်းကြတော့မယ်တဲ့၊ လုပ်ရေးကိုင်ရေး ပျက်ကြတော့မယ်တဲ့။ အဲဒါ ကျွန်တော်တို့တော့ မကြိုက်ဘူး။. |
| 516 |
ညိုထွန်းသည် ပြောရင်း မောလာလေ၏။ ခေါင်းအုံးများတွင် ကျောကို မှီထားလိုက်ရပြန်လေ၏။ သူ့မျက်လုံးများကား ဝါးနေလေ၏။ "တိုင်းပြည်ကို ကောင်းစားအောင်ဟာ အလုပ်နဲ့အကိုင်နဲ့ကျတော့ ဒီလူတွေ လုပ်နိုင်ကြမယ်တဲ့။ ဗျာတဲ့။ ပြောပုံက ကိုမြတို့ ဘနားဂျီတို့ လေတွေလေ"။ ဖေခင်ကပါ ကြားဝင်၍ တိုင်ပြန်လေ၏။. |
| 517 |
ဒီလူတွေဟာ ဒီပညာဆက်သင်ပြီး အစိုးရအလုပ် လုပ်ကြရမယ်လို့ သူတို့ ဆိုလိုတာပဲ။ အစိုးရအလုပ်၊ လခစားအလုပ်ကနေပြီး ဘယ်လောက်များ တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်မှာမို့လို့လဲ။ သွားမေးကြစမ်းပါဗျာ သွားမေးကြစမ်းပါ၊ ခု အနစ်နာခံလိုက်ကြရင် ပညာရေးစနစ် ကောင်းသွားမယ်။ ပညာတတ်တွေ လုပ်လမ်းကိုင်လမ်း အများကြီးပွင့်မယ်။. |
| 518 |
ဟု ပြောရင်း မျက်လုံးကို ပြူးထားလိုက်လေ၏။ ထားမြင့်သည် ညိုထွန်းကို ကြည့်ပြီး စိမ့်၍စိမ့်၍ ကျောချမ်းလာလေ၏။ ညွန့်ညွန့်နှင့် ဒေါ်ရိုသီမှာ ခေါင်းငုံ့ကာ နားထောင်နေကြလေ၏။ "ဒီကောင်တွေက လူတိုင်းကို လိုက်ပြီး နားချနေကြတာ။ များသောအားဖြင့်ဆိုရင် သူတို့ကို ထောက်ခံနေကြပြီ"။ ဟု ဖေခင်က ပြောလိုက်လေ၏။. |
| 519 |
ကျွန်မတို့တစ်တွေ ဒီပညာကို တစ်နှစ် နှစ်နှစ်မသင်ဘဲ စွန့်ထားလိုက်ရလို့လဲ ဘာမှ အရေးမကြီးပါဘူး။ လူညွန့်တုံးမသွားပါဘူး။ ပြီးတော့ တိုင်းပြည်ကို ကျွန်တွင်းက မတက်စေပဲ ကြာလေ နစ်လေ၊ နှစ်တဲ့ ပညာရေးပါလို့ သေသေချာချာ ဆိုပြီးမှပဲ၊ ဒီပညာနဲ့ တိုင်းပြည်ကို တကယ့် အကျိုးဆောင်နိုင်မယ်ဆိုတဲ့ သတ္တိပေးအုံးမတဲ့လား။. |
| 520 |
ဥပဒေတွေကို တိုင်းပြည်အလိုကျအောင် ပြင်သတဲ့လား၊ သပိတ်ကိစ္စ ကောင်စီမှာ ဆွေးနွေးရအောင်၊ အရေးယူရအောင် ဘတ်ဂျက်တွေများ ပယ်ချရသတဲ့လား။ ခု သူလုပ်တာ ဘာရှိသလဲ၊ ခုလုပ်သမျှဖြင့် သူနဲ့ဆိုင်နေလို့ ဝင်ပြီး စာမေးပွဲရွှေ့ဖို့လေး ဘာလေးလုပ်တာပဲ။ ဒီအလုပ်ကလေးတွေက သူ ပညာရေးဝန်ကြီးအဖြစ်နဲ့ ဆောင်ရွက်ရမယ့်ကိစ္စ။. |
| 521 |
ဒါတွေလုပ်ဖို့ ငါးထောင်ပေးပြီး ရာထူးပေးထားတာ။ သူလုပ်ရမှာကတော့ သပိတ်လှန်ဘို့ဘဲ။ ဒါက သူ ငါးထောင်စားဘဝနဲ့ တာဝန်၊ ဒီတာဝန်အတိုင်း သူလုပ်နေတာကို မလုပ်လို့ ကိုယ်တို့က ဝမ်းနဲစရာလား။ သူကကော သပိတ်မလှန်ရင် ဒီတာဝန်ကို မထမ်းဘဲနေသလား၊ ရီစရာကောင်းလှတယ်နော်။ ဒီကောင်တွေ ဒီလောက်ပဲ န အ နေကြပြီလား။. |
| 522 |
အပင်းဝင်နေကြပြီလား။ ဒီကောင်တွေမှာ ပင်ကိုဉာဏ် မြုပ်နေကြပြီ။ သစ္စာဖောက်တယ်ဆိုတဲ့ဟာက သူတို့ဉာဏ်ကို လွှမ်းနေပြီ။ ဒီကောင်တွေ သစ္စာဖောက်တွေ။ ဒီကောင်တွေ လူယုတ်တွေ။ မခံကြနဲ့။ သူတို့စကား မယုံကြနဲ့။ သူတို့ကို ခံတိုက်ကြ။ ကိုယ်လဲ တိုက်မယ်။ မနေဘူး။ အားမရှိလို့ လဲသေပစေ။ ကိုယ်တိုက်မယ်။. |
| 523 |
ညိုထွန်းသည် ချောင်းလှိုင်လှိုင် ဆိုးလာလေ၏။ ဆိုးလိုက်သည်မှာ ခါးကုန်းကုန်းသွားလေ၏။ ဘငွေသည် ညိုထွန်းကို ဖက်ထားလေ၏၊ မရှိန်သည် ရေတစ်ခွက် ပြေးခပ်၏။ ညွန့်ညွန့်သည် ရင်ဖိုလာပြီး ရှိုက်လိုက်လေ၏။ ဒေါ်ရိုသီလည်း မျက်ရည်များ ကျလာလေ၏။ ထားမြင့်ကား နှုတ်ခမ်းကို ကိုက်ထားပြီး ကြည့်နေလေ၏။. |
| 524 |
မျက်စိရှေ့တွင် နှင်းဝေသလို ဖြစ်လာလေ၏။ ချောင်းဆိုးသံ၏ အကြားတွင် သူ့နှလုံးခုန်သံကို ကြားနေမိလေ၏။ မော်လမြိုင်ဇရပ်ကို အလုံပိတ်ထားလေ၏။ အပြင်မှ ကောလိပ်ကျောင်းသား တစ်ရာကျော်နှင့် အထက်တန်းကျောင်းသားများသည် ခပ်လှမ်းလှမ်း ခုံများပေါ်တွင် ထိုင်ကာ မော်လမြိုင်ဇရပ်ဆီသို့ စောင့်ကြည့်နေကြလေ၏။. |
| 525 |
နောက် အားလုံးငြိမ်နေ၏။ ကျော်သိန်းက ဆက်ပြောပြန်၏။ "ကျွန်တော့်အတွက်တော့ အရေးမကြီးပါဘူး စွန့်နိုင်ပါတယ်။ ဘယ်လို ဆက်ကရီဖိုက် လုပ်ရလုပ်ရပါ။ ခုပြောတာက သူများတွေအတွက် ပြောတာ"။ ကိုတင်မောင်က အစက လှန်သည်ကို ကြိုက်တိုက်တိုက် ဖြစ်နေသော်လည်း ကျော်သိန်းက ဤသို့ပြောနေသောအခါ မကျေမနပ် ဖြစ်လာလေ၏။. |
| 526 |
သူ့မှာ လှန်ထိုက်မလှန်လိုက် ကောင်းကောင်း မဝေခွဲနိုင်။ ဟိုတွေးသည်တွေးနှင့် မီးခိုးအူနေသောထင်းပုံ ဖြစ်နေစဉ် ကျော်သိန်းက ကျန်လူများအား မစွန့်ရဲဟု ဆိုဟန်ဖြင့် စောင်းလိုက်သံကို ကြားရသောအခါ မီးဟုန်းဟုန်း ထတောက်လေ၏။ သူတို့အား ကျော်သိန်းက စောင်း၍ပြောသည်ထင်ပြီး ကိုယ်တစ်ဆတ်ဆတ်တုန်ကာ ဒေါပွလာလေ၏။. |
| 527 |
သူသည် အံကြိတ်၏။ "တောက် မင်းတစ်ယောက်ထဲ စွန့်နိုင်တယ် ထင်သလား။ မင်းတစ်ယောက်ပဲ ကိုယ်ကျိုးကင်းတယ် ထင်သလား။ ဟင်းဟင်း တောက် မင်းပဲ စွန့်ရဲတယ်၊ ဟုတ်လား၊ ဟုတ်တယ်လား"။ တင်မောင်သည် စကားပြော ရပ်သွားလေ၏။ သွားမှာ ကြိတ်လျက်ရှိပြီး လက်သီးဆုပ်ထားရင်း မူးလဲသွားလေ၏။ ဘငွေသည် တင်မောင်ကို ပွေ့ထားလေ၏။. |
| 528 |
အစည်းအဝေးကို ခဏသိမ်းပြီး ထမင်းစားကြလေ၏။ အစည်းအဝေးရွှေ့၍ ထွက်လာကြရာ ဖေခင်၊ လှဖေတို့ကား ဆီး၍မေး၏။ ဘငွေက အကြောင်းစုံ ပြောသဖြင့် သူတို့သည် ထောင့်တစ်ထောင့်သို့သွားကာ ဆွေးနွေးကြလေ၏။ အခြား ဘွိုက်ကောက်တားကောင်စီဝင်များကို ကျောင်းသားများသည် "ဘာဆုံးဖြတ်ခဲ့ကြသလဲ"။ ဟု ဝိုင်းမေးကြလေ၏။. |
| 529 |
ဘငွေသည် ငိုမဲ့မဲ့မျက်နှာဖြင့် အရှေ့ဘက်သို့ ကြည့်နေလေ၏။ သူတို့သည် ညိုထွန်းကိုခေါ်၍ စစ်ကူတောင်းလိုကြ၏။ သို့သော် ညိုထွန်းကား အားနည်းပြီး မကျန်းမာနေသဖြင့် မခေါ်ရက်ကြချေ။ "ကျော်သိန်းက လှန်တဲ့ဘက်နေပြီး အကြီးအကျယ် ပြောတာပေါ့။ ငါလဲ သူ့ကို ချဉ်လာပြီး ဘာမှမပြောဘူး။ ထသာထိုးလိုက်ချင်တော့တာပဲ"။. |
| 530 |
ညိုထွန်းသည် ယနေ့နံနက် ၁၁ နာရီ အစည်းအဝေးရှိသည်ကို သိသဖြင့် အကျိုးအကြောင်း သိချင်ဇောနှင့် စောင့်နေလေ၏။ တစ်စုံတစ်ယောက် သူ့ထံ လာပြောမည်ဟု ကြိုနေလေ၏။ နာရီပြန်တစ်ချက်ထိုးကတည်းက ငြိမ်ငြိမ် အိပ်မနေနိုင်။ တံခါးဝဆီသို့ ငေး၍ငေး၍ နေမိလေ၏။ လှေကားပေါ်မှ ခြေသံကို ကြားရတိုင်း "ဖေခင်လား၊ လှဖေလား"။. |
| 531 |
မရှိန်ကား ဘယ်မျှမသွားဘဲ ထိုင်၍သာ မှိုင်နေလေ၏။ ညခုနစ်နာရီထိုးသောအခါ အစည်းအဝေး စပြန်လေ၏။ ဇရပ်တွင်းမှ မီးရောင်များသည် လုံခြုံစွာ ပိတ်ထားသော တံခါးကြားကလေးများထဲမှ တိုးထွက်နေလေ၏။ ဘမော်ကား သပိတ်လှန်ရန် ပြောပြနေလေ၏။ လှဖေသည် တဆတ်ဆတ်တုန်အောင် ဒေါပွနေလေ၏။ လှန်ရန် ပြောသမျှလူတွေကို ထ၍ ရိုက်ချင်နေလေ၏။. |
| 532 |
မေ့၍ မသွားသော်လည်း သူ့ကိုယ်သူ ထိန်းမရသည်ကို သူ့ဘာသာသူ သိသဖြင့် စကားမပြောပဲသာ နေလေ၏။ ဘငွေလည်း တုန်လှုပ်ချောက်ချားနေလေ၏။ ဒေါသစိတ်၊ သပိတ်မှောက်မြဲမှောက်လိုသော ပြင်းပျသည့် အာသီသ၊ အော်ကြ ငေါက်ကြ မူးလဲကြသဖြင့် ချောက်ချားနေသောစိတ် အားလုံးတို့သည် ပူးပေါင်းကာ သူ့ကိုယ်တွင်း၌ လေပွေတိုက်နေလေ၏။. |
| 533 |
အကိုများဖြစ်သူက ဒေါပွကာ ဆူပူကြသည်ကိုမြင်၍ ကြောက်ကြ၏။ အချို့မောင်ကြီးများက သပိတ်လှန်ဘို့ဘက်က ပြောနေကြသဖြင့် ဒေါပွနေကြ၏။ မူးမေ့ကာ လဲသူများအား သနားလည်း သနားနေကြလေ၏။ ထိုသို့သော အဖြစ်အမျိုးမျိုး ပူးပေါင်းနေသည့် သူတို့စိတ်သည် ရှုပ်ထွေးနေလေ၏။ ဘာစကားမျှလည်း ဝင်ပြောချင်စိတ် မရှိကြတော့ပေ။. |
| 534 |
ကိုနုကား ခေါင်းငုံ့ကာသာ နေလေ၏။ သူသည် စိတ်ကြည်လင်စွာ မနေနိုင်။ မူးမေ့တဲ့သူ၊ ဒေါသဖြင့် တုန်ကာ လဲသူများကိုသာ မျက်စိတွင် မြင်၍ ဦးနှောက်ရှုပ်နေလေ၏။ သူသည် သပိတ်လှန်ဘို့ကို မစဉ်းစားနိုင်တော့ပြီ။ သပိတ်လှန်က ကောင်းမည် မကောင်းမည်ကို မကြံဆနိုင်တော့ပြီ။ လေကြီးတိုက်ပြီးခါစ လောကဓာတ်လို မှုန်ရီရီ ဖြစ်နေလေ၏။. |
| 535 |
ဟု ကန့်ကွက်လေ၏။ "လမ်းလျှောက်တာလောက်တော့ အပျော့ပေါ့။ ကြီးကြီး ဟောကြည့်"။ ဟု ပြောပြောဆိုဆို ညိုထွန်းသည် အိပ်ရာမှ ထ၏။ ဆောင့်ကြောင့်ထိုင်လျက် တောင်ဘက်က တိုင်ကလေးဆီသို့ ဒရွတ်ရွှေ့သွား၏။ တိုင်ကို လက်ဖြင့် တွယ်ကာ မတ်တပ်ရပ်ပြီး လမ်းလျှောက်လေ၏။ လေးလှမ်းမျှ လှမ်းမိသောအခါ ခဏရပ်၍ ကျယ်လောင်စွာ ရယ်လေ၏။. |
| 536 |
ဟု ညိုထွန်းက ပြောလေရာ ဖေခင်သည် ညိုထွန်းကို တွဲခေါ်၏။ ညိုထွန်းကား ညာလက်ကို ဖေခင်၏ ပခုံးပေါ်တွင် တင်ထား၏။ ဖေခင်သည် ဘယ်လက်ဖြင့် ညိုထွန်း၏ခါးကို ဖက်ကာ တစ်ကိုယ်လုံးပူးကာ ဖေးကာ ခေါ်ခဲ့လေ၏။ သူတို့သည် နှေးနှေးကလေး လျှောက်၍သာ သွားနိုင်ကြလေ၏။ ဘနားဂျီ ထလေ၏။ အားလုံးငြိမ်ပြီး နားထောင်ကြလေ၏။. |
| 537 |
ကြယ်တို့ဖြင့် အပြောက်ခတ်ထားသော ကောင်းကင်ပြာကို ကျောခံလျက် ဘေးက ထိုးထားသောမီးတွင် ပြောင်ထိန်နေသော ရွှေတိဂုံစေတီကြီးသည် မားမားကြီး ရပ်တည်နေလေ၏။ ညိုထွန်းတို့၏ အောက်လမ်းဘေးတွင် မော်တော်ကားကလေးတစီးသည် ကြွက်ကလေးပြေးသလို ပြေးသွားလေ၏။ "ကဲ ငြင်းနေကြလို့ မပြီးဘူး။ လူတိုင်းရဲ့ သဘောထား မေးရမယ်"။. |
| 538 |
ဟု ကိုဘငွေက ငိုသံပါနှင့် စပြောနေစဉ် တံခါးခေါက်သံကို ကြားရလေ၏။ တံခါးဖွင့်လိုက်သောအခါ အားလုံး အံ့အားသင့်သွားကြလေ၏။ ဘငွေသည် "ဟော"။ ကနဲ အံ့အားသင့်သွားပြီး ထိုင်ရာမှထ၏။ ကိုမြသည် မျက်နှာညှိုးပြီး ဘမော်က ညိုထွန်းအား မျက်စောင်းထိုးကြည့်လေ၏။ ညိုထွန်းမျက်နှာကား သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူယော်ဖြစ်နေလေ၏။. |
| 539 |
ပါးချောင်ကျနေသဖြင့် ပါးရိုးကြီးနှစ်ခု ငွားငွားကြီးပေါ်နေလေ၏။ သူ့မျက်လုံးများမှာ ဝင်းနေလေ၏။ စိတ်အားထက်သန်ခြင်းမီးဖြင့် ဝင်းပြောင်နေခြင်းပင် ဖြစ်လေသည်။ ညိုထွန်းသည် ဖေခင်ကို မကိုင်တော့ဘဲ တံခါးဘောင်ကိုကိုင်ကာ ဇရပ်တွင်းသို့ ဝင်လေ၏။ ချည့်လှပြီဖြစ်သဖြင့် တံခါးဘောင်ကို လက်မလွှတ်နိုင်။. |
| 540 |
ဟု ခွင့်တောင်း၏။ "ပြီးတော့ မင်း ဘာလို့ သပိတ်လှန်ဖို့ကို သဘောကျသွားတာလဲ ငါသိပါတယ်။ မင်းမှာ လွတ်လွတ်ကျွတ်ကျွတ်ကြီး စွန့်စားနိုင်တဲ့ အရည်အခြင်း မရှိသေးဘူး။ မင်းအကြောင်းကြောင်းကြောင့် အနစ်နာမခံနိုင်သေးဘူး"။ ဟု ညိုထွန်းက ပြောနေဆဲ ကျော်သိန်းသည် မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလေ၏။. |
| 541 |
ဟု အော်လိုက်လေ၏။ ကိုမြသည် ငြိမ်သွားပြီး စွန်ဝဲသောအခါ ကြက်ကလေးက ကြက်မကြီးကို ကြည့်သလို မစ္စတာဘနားဂျီကို ကြည့်နေလေ၏။ "သပိတ်လှန်ရင် ကန့်ကွက်တယ်။ ရာဇဝင်မှာ သပိတ်ကို အကန့်အကွက် မရှိဆိုတာမျိုး မရေးနိုင်အောင် ညိုထွန်းတစ်ယောက်က ကန့်ကွက်တယ်။ ကန့်ကွက်တယ်"။ ညိုထွန်းသည် မောသဖြင့် ရပ်ကာ အသက်ရှုနေပြန်လေ၏။. |
| 542 |
ခေါင်းဆောင်မကောင်းဘူး။ ခင်ဗျားတို့ ကုလားပြည်နဲ့ ဗြောင်းပြန်။ ကုလားနဲ့ ဗမာ ကွာချင်တိုင်းကွာတယ်။ ခု လူတစ်ရာ့ငါးဆယ်ထဲက လူငါးဆယ်ပဲ တကယ့်သပိတ်စိတ်ရှိသူတွေလို့ထား၊ ဒီလူတွေကို ခေါင်းဆောင်လုပ်။ လူနည်းနည်းနဲ့ သပိတ်မှောက်သူ များသထက်များအောင် ဒီလူငါးဆယ်လောက်နဲ့ ကြိုးစားရင် ကျုပ်တို့အလုပ် အောင်ရမယ်။. |
| 543 |
ဟစ်တလာဟာ လူ ၆ ယောက်နဲ့ စပြီး တည်ထောင်လာတာ ခု သူ့ပါတီ ကြီးစိုးနေရပြီ မဟုတ်လား၊ ဒါကြောင့် လူနည်းတာ များတာ ဂရုမထားဘဲ ကြိုးစားကြရအောင်။ ကိုယ်တို့ လူတစ်စု ရှေ့တက်ကြရအောင်။ ဒီလို ရှေ့တက်ရအောင် မကြံပဲနဲ့ နောက်ဆုတ်ဖို့ လှုံဆော်နေကြတာဟာ၊ သပိတ်လှန်ဖို့ ကြိုးစားနေကြတာဟာ တိုင်းပြည်ကို အကြီးဆုံး သစ္စာဖောက်တာပဲ။. |
| 544 |
သူသည် အသက်ရှူလွဲသွားပြီး နားထင်ကြောများမှာ ပျဉ်ထောင်အိမ် ချတက်သလို ထင်းကနဲ ပေါ်လာလေ၏။ ခေါင်းငိုက်စိုက် ကျသွားလေ၏။ ညာဘက်ဒူးမှာ ကွေးသွားပြီး ဘယ်ဘက်ဒူးကား တောင့်နေရင်း ဘယ်ခြေသည် ကြမ်းပြင်ပေါ်တွင် ထောင်ထားသော ထမ်းပလပ်ခြောက် လဲသွားသကဲ့သို့ လျှောဆင်းသွား၏။ ဖေခင်ကား ညိုထွန်းကို ပွေ့ဖက်ထားလေ၏။. |
| 545 |
အားလုံးဆူသွားလေ၏။ အချို့က ဇရပ်တံခါးကို ဖွင့်လိုက်ကြ၏။ လူအများပင် ညိုထွန်းအနီးသို့ ပြေးကာ ကြည့်နေကြလေ၏။ မျက်နှာမဲ့ရှာသော လဆုတ်ခြောက်ရက် လကလေးသည် စိမ်းညို့ညို့ ဗဟန်းမှ ဘွားကနဲ ထွက်လာလေ၏။ ပြုံးစိစိနှင့် ထွန်းနေသော သူ့အရောင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ငွေမှုန်ကြဲပေးလိုက်လေ၏။. |
| 546 |
အမှောင်မိုက်တွင် သူတို့အလှကိုပြကာ မကြွားခဲ့ရသော အနောက်ဘက်ရှိ ပန်းခြံမှ နှင်းဆီနှင့် ဇလပ်တို့သည် ညအခါ လရောင်တွင် ပျော်ရွှင်စွာ လှဂုဏ်ကျူးနေကြလေ၏။ ဘေးမှ ထိုးထားသော မီးရောင်ကြောင့် တထိန်ထိန်ပြောင်နေသော ရွှေတိဂုံဘုရားကြီးမှာကား လရောင်ကို အားမကိုး၊ ပဓာနမထားဘဲ အစကကဲ့သို့ပင် တင့်တယ်စွာ စံပယ်နေလေ၏။. |
Комментарии